မြန်မာ ယူ-၂၀ အသင်း ခြေစမ်းပွဲထပ်မံကစားတော့မည် မဟုတ်

မြန်မာ ယူ-၂၀ အသင်း ခြေစမ်းပွဲထပ်မံကစားတော့မည် မဟုတ်

နယူးဇီလန်နိုင်ငံတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန်
အတွက် ရောက်ရှိနေသော မြန်မာ့လက်ရွေးစင် ယူ -၂၀ အသင်း
သည် ခြေစမ်းပွဲများ ထပ်မံကစားတော့မည် မဟုတ်ကြောင်း
နည်းပြချုပ်ဂတ်ဆီဇီက
ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းသည် ပြီးခဲ့သည့်မေလ ၂၁ ရက်နေ့က ကာတာအသင်းနှင့်
ယှဉ်ပြိုင်ကစားခဲ့သော ခြေစမ်းပွဲ အပြီးတွင် နောက်ထပ်ခြေစမ်းပွဲများ ဆက်လက်မကစားတော့ဘဲ
ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက်သာ လေ့ကျင့်မှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။
"နောက်ထပ်ခြေစမ်းပွဲတွေကစားဖို့ အစီ အစဉ်မရှိတော့ပါဘူး။ ကျွန်တော်တို့က ခြေစမ်းပွဲတွေ
လုံလုံလောက်လောက်ကစား ခဲ့ပြီးပြီလို့ ထင်ပါတယ်။ ပြိုင်ပွဲမတိုင်ခင်မှာ ကစားသမားတွေ
လန်းလန်းဆန်းဆန်းရှိနေ ဖို့နဲ့ ကြံ့ခိုင်မှုပြည့်ဝနေဖို့ကိုပဲ အာရုံစိုက်ပြီး လေ့ကျင့်သွားတော့မှာပါ"ဟု
ယူ-၂၀ အသင်း ၏ နည်းပြချုပ် ဂတ်ဆီဇီက ပြောသည်။ မြန်မာ ယူ-၂၀အသင်းသည် ဩစတြေးလျနိုင်ငံတွင်
ခြေစမ်းပွဲ နှစ်ပွဲကစားခဲ့ပြီး မဲလ်ဘုန်းစီးတီး လူငယ်အသင်းကို ရ-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲတွင်
ကာတာ ယူ-၂၀ အသင်းကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာ ယူ-၂၀ အသင်းသည် မေလ ၂၄ ရက်နေ့က
ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမည့် နယူးဇီလန်နိုင်ငံကို စတင် ထွက်ခွာခဲ့ခြင်း ဖြစ်ပြီး နယူးဇီလန်နိုင်ငံတွင်
လေ့ကျင့်မှုများ ကို ပြုလုပ်လျက်ရှိသည်။ မြန်မာအသင်း၏ အားထားရသော ကစား သမားများဖြစ်သည့်
သန်းပိုင်နှင့် ငြိမ်းချမ်း အောင်တို့ ဒဏ်ရာက ပြန်လည်သက်သာလာပြီး အသင်းနှင့် ပုံမှန်လေ့ကျင့်ခန်းများကို
ပြန်လည်ပြုလုပ်လျက်ရှိသည်။ ငြိမ်းချမ်းအောင်က "ကျွန်တော့် ကြံ့ခိုင်မှု အနေအထားက ၁၀၀ ရာခိုင်နှုန်း
မရသေး ပါဘူး။ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ပါ၀င် ယှဉ်ပြိုင်နိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားလေ့ကျင့်သွားပါမယ်"ဟု
ပြောသည်။

ငြိမ်းချမ်းအောင်သည် ဥရောပလေ့ကျင့် ရေးခရီးစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဩစတြေးလျနိုင်ငံ
လေ့ကျင့်ရေး နောက်ဆုံး နေ့တွင် အသင်းနှင့်အတူ လေ့ကျင့်ခန်း ပြန်လည် ပြုလုပ်နိုင်ခဲ့သည်။ သို့သော်
နည်းပြဂတ်ဆီဇီက ငြိမ်းချမ်း အောင်သည် ဒဏ်ရာက ပြန်လည်သက်သာ လာသော်လည်း သူ့၏
ကြံ့ခိုင်မှုအနေအထား မှာ အကောင်းဆုံးအနေအထား မဟုတ်သေး ကြောင်း၊ အမေရိကန်နှင့်
အဖွင့်ပွဲစဉ်တွင် ပါ၀င်နိုင်ရန် မသေချာသေးကြောင်း ပြောသည်။ "ငြိမ်းချမ်းအောင်က အသင်းရဲ့ ကြံ့ခိုင်ရေး
နည်းပြတွေနဲ့ ဆက်လက်လေ့ကျင့်ဖို့ လိုပါသေးတယ်။ လက်ရှိ အနေအထားက အင်တိုက် အားတိုက်
ကစားဖို့ မဖြစ်နိုင်သေးပါဘူး။ အဖွင့်ပွဲမှာ ၀င်ရောက်ကစားဖို့အတွက် ကစား သမားကိုယ်တိုင်က
စိတ်အားထက်သန်စွာနဲ့ လေ့ကျင့်နေပါတယ်"ဟု ဂတ်ဆီဇီက ပြောသည်။

မြန်မာ ယူ-၂၀ အသင်းသည် ပြိုင်ပွဲ၏ အုပ်စု(က)တွင် အိမ်ရှင် နယူးဇီလန်၊ အမေ ရိကန်၊ ယူကရိန်း
အသင်းများနှင့် တစ်အုပ်စု တည်း ကျရောက်လျက်ရှိပြီး အုပ်စုအဖွင့်ပွဲစဉ် အဖြစ် မေလ ၃၀ ရက်နေ့တွင်
အမေရိကန်၊ ဇွန်လ ၂ ရက်နေ့တွင် ယူကရိန်း၊ ဇွန်လ ၅ ရက်နေ့တွင် နယူးဇီလန်အသင်းများနှင့်
ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ နည်းပြချုပ်ဂတ်ဆီဇီက အုပ်စုတွင်းပြိုင်ဘက်အသင်းများနှင့် ပတ်သတ်၍
"ပထမဆုံး တွေ့ရမယ့် အမေရိကန်အသင်းက ကျွန်တော် တို့အသင်းထက် အစစအရာရာ
ပိုပြီးကောင်း မွန်ပါတယ်။ ဒါပေမဲ့ သိပ်ကောင်းလွန်းတဲ့ အသင်းတစ်သင်းတော့ မဟုတ်ပါဘူး။ ဒီလို
အသင်းမျိုးကို ဘယ်လိုယှဉ်ပြိုင်ကစားရမယ် ဆိုတာ ကျွန်တော်တို့ ပြင်ဆင်လေ့ကျင့်ထား တာတွေ
ရှိပါတယ်။ ကစားသမားတွေက လည်း မှာကြားတဲ့အတိုင်း သေသေချာချာ ကြိုးကြိုးစားစားကစားမယ်ဆိုရင်
ကြောက်စရာ မလိုပါဘူး။ အမေရိကန် ကစားသမား တွေက မြန်မာကစားသမားတွေထက်
ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ အရပ်အမောင်း၊ ပါ၀ါ၊ ကြ့ံခိုင်မှု အစစအရာရာ သာလွန်ကောင်းမွန်ပါတယ်။
အမေရိကန်အသင်းက ကစားသမားလေးဦး လောက်က အန္တရာယ်ရှိတဲ့ ကစားသမားတွေပါ။
အမေရိကန်နဲ့ အဖွင့်ပွဲက အရမ်းအရေးကြီး သလို ခက်ခဲတဲ့ပွဲပါ"ဟု ပြောသည်။

"ယူကရိန်းအသင်းမှာလည်း ဥရောပလိဂ် တွေမှာ ကစားနေကြတဲ့ လူငယ်ကစားသမား တွေ
ပါ၀င်ပါတယ်။ နယူးဇီလန်ကတော့ အိမ်ရှင်ဆိုတော့ ပြောစရာတောင်မလိုပါဘူး။ အားလုံးက
ခက်ခဲတဲ့ ပြိုင်ဘက်တွေပါ။ တစ်ပွဲချင်းကို အာရုံစိုက်ပြီး အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်"ဟု
၎င်းက ဆက်လက် ပြောကြားသွားခဲ့သည်။



ဖတ်ရှုမှုအများဆုံး