ချန်ပီယံလိဂ်ကြောင့် ဂျူဗီကို ရှောင်သင့်တယ်

ချန်ပီယံလိဂ်ကြောင့် ဂျူဗီကို ရှောင်သင့်တယ်

  ဗီရိုနာ- ဂျူဗင်တပ်
တနင်္လာ၊ နံနက် ၁း၁၅

စီးရီးအေ အမှတ်ပေးချန်ပီယံဆုကို ပြိုင်ပွဲမပြီးဆုံးမီကတည်းက ဆွတ်ခူးနိုင်ခဲ့ သော်လည်း ဂျူဗင်တပ်သည်
လက်ကျန်ပွဲ တိုင်းကို အာရုံစူးစိုက်မှုအပြည့်ဖြင့် ကစား လျက်ရှိသည်။ အမှတ်ပေးပွဲ နှစ်ပွဲဆက်တိုက်
နိုင်ထားသကဲ့သို့ ကိုပါအီတာလျံဖလား နောက်ဆုံးဗိုလ်လုပွဲတွင်လည်း လာဇီယိုကို ၂-၁ ဖြင့်နိုင်ပြီး
ဆုဖလားနှစ်လုံး ဆွတ်ခူးရရှိထားပြီ ဖြစ်သည်။

မေလ ၁၄ ရက်၊ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ်၊ ဒုတိယကျော့ပွဲစဉ်အဖြစ် ရီးယဲလ် မက်ဒရစ်ကို
၁-၁ သရေကျကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားသော ဂျူဗင်တပ်သည် ယခုရာသီတွင်
ထူးထူးခြားခြား ဖလား သုံးလုံး ဆွတ်ခူးနိုင်ဖို့ အခွင့်ကောင်းများ ပိုင်ဆိုင်ထားသည်။

ရီးယဲလ်မက်ဒရစ်ကို ၁-၁ သရေကျပြီးနောက် ပြည်တွင်းပွဲစဉ် သုံးခုစလုံးတွင် ထိပ်တန်းအသင်းကြီးများနှင့်
ရင်ဆိုင်ခဲ့ရ သော်လည်း ဂျူဗင်တပ်သည် ပွဲတိုင်းကိုအနိုင် ရအောင် အားထည့်ကစားသွားသည်။
မေလ ၁၆ ရက်တွင် အင်တာမီလန်ကို ၂-၁ ဖြင့် နိုင်ပြီး မေလ ၂၁ ရက်တွင် ကိုပါ အီတာလျံ
နောက်ဆုံးဗိုလ်လုပွဲအဖြစ် လာဇီယိုကို အချိန်ပို၌ ၂-၁ ဖြင့် အနိုင်ရ သည်။ မေလ ၂၃ ရက်တွင်
နာပိုလီကို ၃-၁ ဖြင့် ထပ်မံအနိုင်ရရှိခဲ့သည်။ ထိပ်သီးများနှင့် ဆက်တိုက်ရင် ဆိုင်ရသော်လည်း ခုနစ်ဂိုး
သွင်းယူနိုင်ခြင်းကြောင့် ဂျူဗီတိုက်စစ်အား ကျဆင်းသွားခြင်းမရှိတာကို တွေ့ရ သည်။ အင်တာမီလန်နှင့်
နာပိုလီတို့ကို နိုင်ခဲ့ သော စီးရီးအေ ပွဲစဉ်များတွင် ဂျူဗင်တပ် သည် အဓိကတိုက်စစ်မှူးများဖြစ်သော
တေဗက်ဇ်-လော်ရန်တေးအတွဲကို အနား ပေးထားပြီး မိုရာတာ၊ မာထရီ၊ ကိုမန်းတို့ကို ထည့်သွင်းကစားခဲ့သည်။
အလားတူ ကွင်းလယ်တွင်လည်း ပင်တိုင် ကစားသမားများထဲမှ မာချီစီယိုတစ်ယောက် ကိုသာ နှစ်ပွဲစလုံး
ထည့်သွင်းပြီး ပေါ့ဂ်ဘာ ကို နာပိုလီနှင့်ပွဲတွင်သာ အချိန်ပြည့် ထည့် သုံးသည်။ မာချီစီယိုနှင့်အတူ
အာဂျင်တီးနား လူငယ်ကစားသမား အဲလ်ဘာတို ပရဲယားတို့ကို အဓိက 'တည်'ပြီး ဂျူဗင်တပ် ကွင်းလယ်ကို တည်ဆောက်ရာတွင် အောင်မြင်မှုရှိပြီး ဘောလုံးပိုင်ဆိုင်မှုရော၊ ကစား ကွက်ပါ ကောင်းမွန်မြင့်မားသည်။
နာပိုလီ နှင့်ပွဲတွင် ပေါ့ဂ် ဘာ (၂၂ နှစ်)၊ ပရဲယား (၂၄ နှစ်)၊ အဆာမို (၂၆ နှစ်)၊ စတူယာရို (၂၂ နှစ်) တို့ကို
ထည့်သွင်းလိုက်ခြင်းကြောင့် ကွင်းလယ်ကစားကွက် 'မြိုင်'ပြီး ပါ၀ါ၊ ပြေးအားများ ကောင်းမွန်လာသည်။
ခံစစ်ကြောင်း၌ ချီလီနီ မပါ၀င်ဘဲ ဗဟို ခံစစ်တွင် ဘာဇာဂလီ (၃၄ နှစ်)ကို 'တည်' ပြီး အော့ဘွန်နာ၊
လစ်ချ်စတိန်နာ၊ ပါဒိုအင်၊ ဘိုနုချီတို့ကို ထည့်သွင်းခဲ့သည်။ ဆိုရပါလျှင် ဂျူဗင်တပ်သည် စီးရီးအေပွဲစဉ်များ
အဖြစ် အင်တာမီလန်နှင့် နာပိုလီတို့ကို နိုင်ခဲ့ရာ တွင် ပင်တိုင်ကစားသမား အတော်များများ ကို အနားပေး
ခဲ့သည်။ သို့ရာတွင် ကိုပါ အီတာလျံဖလားဗိုလ်လုပွဲ၌ လာဇီယိုနှင့် ယှဉ်ပြိုင်သောအခါ ပင်တိုင်ကစားသမား
အစုံအလင်ဖြင့်အာရုံစူးစိုက်မှု အပြည့်ထည့် သွင်းကစားသွားသည်။ လက်ရှိအခြေအနေတွင် ဂျူဗင်တပ်သည်
စိတ်အား တက်ကြွခြင်းနှင့်အတူ 'ဘက်စုံ'ကောင်းနေသည်။

အထူးသဖြင့် အောင်ပွဲ ဆာလောင်ပြီး ဖျစ်ညှစ်ကစားသော စိတ် ဓာတ်သည် ဂျူဗင်တပ်နှင့် အခြား စီးရီးအေ
ထိပ်တန်းအသင်းကြီးများကို ခွဲခြားပေးလိုက် သလို ရှိသည်။ တစ်ဖက်တွင် ဗီရိုနာသည် အလယ် အလတ်
အသင်းများအနက် လတ်တလော ခြေစွမ်းတည်ငြိမ်သောအသင်း ဖြစ်သည်။ ဗီရိုနာသည် ဧပြီလ ၁၂ ရက်တွင်
အင်တာ မီလန်ကို သုံးဂိုးပြတ် အရေးနိမ့်ပြီးနောက် စီးရီးအေတွင် ခြေစွမ်းရော၊ ရလဒ်ပါ ပြန်လည် ကောင်းမွန်
လာသည်ကို တွေ့ရသည်။ အင်တာမီလန်ကို အရေးနိမ့်ပြီးနောက် ခုနစ်ပွဲဆက်တိုက်တွင် ဗီရိုနာသည်
တစ်ပွဲသာရှုံးပြီး သုံးပွဲနိုင်ကာ သုံးပွဲသရေကျသည်။

ယင်းခုနစ်ပွဲအတွင်း ယူဒီးနိစ်ကို ၁-၀ ဖြင့် ရှုံးသောပွဲမှလွဲပြီး ကျန်ခြောက်ပွဲတွင် ပွဲတိုင်း ဂိုးသွင်းနိုင်ပြီး
စုစုပေါင်း ၁၁ ဂိုး သွင်းယူနိုင် ခြင်းကြောင့် တစ်ပွဲပျမ်းမျှသွင်းဂိုး ၁ ဒသမ ၈၃ ဂိုးနှုန်း ရှိသည်။ အထူးသဖြင့်
ဗီရိုနာရှေ့တန်းမှာ ၀ါရင့်ကစားသမားများဖြစ်ကြသော လူကာတိုနီ (၃၇ နှစ်)၊ ဂျူအန်တာ ဘက်ဘ် (၃၀ နှစ်)
တိုက်စစ်တွဲသည် အချိတ်အဆက်မိပြီး ဂိုးမြူးနေသည်။ သုံးယောက်တိုက်စစ်ပုံစံကို အသုံးပြုသော
ဗီရိုနာသည် အိမ်ကွင်းပွဲစဉ်များတွင် ခြေစွာပြီး ဂိုးမြူးသည်။ ခြံုကြည့်လျှင် ဂျူဗင်တပ်သည် စွယ်စုံကောင်းပြီး
အရန်အင်အားတောင့်တင်း သော်လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစား ရန် ရှိသောကြောင့် ယခုပွဲကို
အနာမခံဘဲ ခြေစွမ်း 'ချို'ကစားမည်ဟု ယူဆရသည်။ တစ်ဖက် တွင် ဗီရိုနာသည် အိမ်ကွင်းတွင် ခြေစွာပြီး
ဂိုးမြူးသည်။ သို့ကလိုကြောင့် ဗီရိုနာကို ရွေးချယ်သင့်ပြီး ဂိုးများသောပွဲ ဖြစ်လ



ဖတ်ရှုမှုအများဆုံး