အတ္တလန္တာ - အေစီမီလန်(တနင်္လာ၊ နံနက် ၁း၁၅)
ဖီအိုရင်တီးနားဟာ မေလထဲမှာ သရေကျအောင် 'ထိန်း'ကစားတဲ့ ပုံစံကို အများဆုံး တွေ့ရ တယ်။ ဒါပေမဲ့ တိုက်စစ်တော့ ထက်မြက်ပြီး အောက်ဘက်အသင်းတွေထဲမှာ ဂိုးသွင်းနှုန်း အမြင့်ဆုံးဖြစ်နေတယ်။ အေစီမီလန်ကလည်း အိမ်ကွင်းနိုင်ပွဲတွေ များလာပေမယ့် အဝေးကွင်း မှာ သရေကျအောင်တောင် မထိန်းနိုင်ပဲ ရှုံးပွဲများနေတယ်။ အတ္တလန္တာတို့ အနည်းဆုံး သရေ လောက်တော့ ကစားနိုင်မယ်လို့ ယူဆမိတယ်။
ကက်ဂလီယာရီ - ယူဒီးနိစ် (တနင်္လာ၊ နံနက် ၁း၁၅)
တန်းဆင်းသွားပေမယ့် လက်ကျန်ပွဲတွေကို အားထည့်ကစားလာလို့ ကက်ဂလီယာရီတို့ ခြေစွမ်းရော၊ ရလဒ်ပါ တိုးတက်လာတယ်။ ယူဒီးနိစ်ကတော့ အာရုံစိုက်မှု လျော့ကျသွားပြီး သုံးပွဲဆက်တိုက်ရှုံးခဲ့ရာမှာ ခုနစ်ဂိုး သွင်းခံထားရတယ်။ ယူဒီးနိစ်တိုက်စစ်ကလည်း လတ်တလောခြေပျက်နေတယ်။ ဒါကြောင့် ကက်ဂလီယာရီကို ပိုကြိုက်တယ်။
ဖီအိုရင်တီးနား - ချီယေဗို (တနင်္လာ၊ နံနက် ၁း၁၅)
ဆက်တိုက် ခြေစွာလာတဲ့ ဖီအိုရင်တီးနားဟာ လေးပွဲဆက်တိုက်နိုင်ခဲ့ရာမှာ တစ်ပွဲကို သုံးဂိုးသွင်းယူထားတယ်။ ချီယေဗိုကတော့ ပန်းဝင်ချိန်မှာ ကစားအားလျော့ကျသွားပြီး လေးပွဲ ဆက်တိုက် နိုင်ပွဲပျောက်သွားတယ်။ အထူးသဖြင့် ခံစစ်လုံခြံုမှု ကျဆင်းသွားတယ်။ 'ရစ်သမ်' မှန်နေတဲ့ ဖီအိုရင်တီးနား နိုင်ပွဲဆက်ဦးမှာပါ။
ရိုးမား - ပါလာမို (တနင်္လာ၊ နံနက် ၁း၁၅)
ပန်းဝင်ချိန်မှာ တိုက်စစ်ပိုင်းကို အပြောင်းအလဲ ပြုလုပ်ပြီး ပွဲတိုင်းကို အာရုံစူးစိုက်မှု အပြည့်ထည့် ကစားလာလို့ ရိုးမားတို့ အချိတ်အဆက်မိပြီး ရလဒ်တွေ ကောင်းမွန်လာတယ်။ ပါလာမိုခြေစွမ်းကတော့ အကျဖက်ရောက်နေတယ်။ ပူပူနွေးနွေး ဖီအိုရင်တီးနားကို ၃-၂ နဲ့ အရေးနိမ့်ခဲ့ရာမှာ ခြေစွမ်းအားဖြင့် ထိပ်တန်းအသင်းကြီးတွေကို ခံကစားနိုင်စွမ်းမရှိတာ ပေါ်လွင်နေတယ်။ ရိုးမားအတွက် နိုင်ပွဲသေချာပါတယ်။
ဆမ်ဒိုးရီးယား - ပါးမား (တနင်္လာ၊ နံနက် ၁း၁၅)
ဥရောပပြိုင်ပွဲတွေနဲ့ လွဲချော်သွားပြီးနောက် ဆမ်ဒိုးရီးယားဟာ လက်ကျန်ပွဲတွေကို အားမစိုက်တော့ဘဲ လူငယ်လူသစ်တွေ ထည့်သွင်းစမ်းသပ်မှုဘက်ကို အာရုံစိုက်လာတယ်။ ပါးမားကတော့ စီးရီးအေမှာ ပေးဂိုးအများဆုံးဖြစ်ပြီး တိုက်စစ်အားရှိတဲ့ အသင်းတွေနဲ့ ရင်ဆိုင်တိုင်း ပါးမားနောက်တန်း ပျာယာခတ်သွားတယ်။ ဆမ်ဒိုးရီးယားသာ အားထည့် ကစားရင် နိုင်ဖို့မခက်ခဲပါဘူး။
နာပိုလီ - လာဇီယို (တနင်္လာ၊ နံနက် ၁း၁၅)
မေလထဲမှာ နာပိုလီတိုက်စစ်အား ကျဆင်းသွားပြီး ဂိုးသွင်းနှုန်း လျော့ကျသွားတယ်။ နည်းပြ ဘင်နီတက်ဇ်နဲ့ အဓိကတိုက်စစ်မှူး ဟီဂူအင်တို့ကြားမှာလည်း အဖုအထစ်လေးတွေ ရှိနေတယ်။ လာဇီယိုကတော့ ဒဏ်ရာရသူများပြီး ဂိုးသွင်းနှုန်း လျော့သွားပေမယ့် ကွင်းလယ်ကစားကွက်ကို ထိန်းထားနိုင်တယ်။ လာဇီယိုတို့ သရေလောက် 'ထိန်း'ကစားသွားမယ်လို့ ယူဆမိတယ်။
အင်တာမီလန် - အမ်ပိုလီ (တနင်္လာ၊ နံနက် ၁း၁၅)
ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက်မှာ ဂျူဗင်တပ်နဲ့ ဂျီနိုအာကို အရေးနိမ့်ခဲ့တဲ့ အင်တာမီလန်အနေနဲ့ နောက်ဆုံး ပွဲစဉ်ကို အနိုင်ရအောင် 'ညှစ်'ပြီး ဂုဏ်သိက္ခာ ပြန်ဆယ်မယ်လို့ ယူဆမိတယ်။ အင်တာမီလန်ရှေ့တန်းက အိုင်ကာဒီဪပလာစီယို တိုက်စစ်တွဲက အလုပ်ဖြစ်ပြီး ဂိုးသွင်း ခြေစွမ်းရှိတယ်။ အမ်ပိုလီကတော့ ပန်းဝင်ချိန်မှာ ခြေကျပြီး ပေးဂိုးများလာတယ်။ အင်တာမီလန် ကို ပိုကြိုက်တယ်။
တိုရီနို - ဆီစီနာ (တနင်္လာ၊ နံနက် ၁း၁၅)
လတ်တလော အေစီမီလန်ကို သုံးဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် တိုရီနိုဟာ ကစားအား ကောင်းပြီး သမ္ဘာရှိသူတွေနဲ့ ပါ၀င်ဖွဲ့စည်းထားတယ်။ တန်းဆင်းသွားပြီဖြစ်တဲ့ ဆီစီနာ ကတော့ လေးပွဲဆက်တိုက် ရှုံးခဲ့ရာမှာ ၁၀ ဂိုးသွင်းခံထားရတယ်။ ဒါကြောင့် သိက္ခာဆယ်တဲ့ အနေနဲ့ တိုရီနိုတို့ နောက်ဆုံးပွဲစဉ်ကိုတော့ အနိုင်ရအောင် 'ညှစ်' မယ်လို့ ယူဆမိတယ်။
ဆက်စူလို - ဂျီနိုအာ (တနင်္လာ၊ နံနက် ၁း၁၅)
အီတလီဘောလုံးသမား အများစုကို အခြေခံပြီး စုဖွဲ့ထားလို့ စိတ်ဓာတ်ကောင်းပြီး အချိတ်အဆက်မိတဲ့ ဆက်စူလိုဟာ ခြေတက်လာတယ်။ ပြီးခဲ့တဲ့ သုံးပွဲဆက်တိုက်နိုင်ခဲ့ရာမှာ ခုနစ်ဂိုး သွင်းနိုင်ခဲ့တယ်။ ဂျီနိုအာကလည်း တောက်လျှောက်ခြေတက်လာပြီး ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေလို့ နောက်ဆုံးပွဲကို 'ညှစ်'မယ်လို့ ယူဆမိတယ်။ ဂျီနီုအာတိုက်စစ်ဟာ ကြောက်ခမန်းလိလိ ထက်မြက်နေပြီး နောက်ဆုံးသုံးပွဲအတွင်း ၁၂ ဂိုး သွင်းယူထား တယ်။ ဂျီနိုအာကို ရွေးချယ်သင့်တယ်။ာနိုင်သည်။















