ဒီမက်တီယို အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရ

ဒီမက်တီယို အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရ

ရှော်လ်ကေးအသင်းနည်းပြဖြစ်သူ ဒီမက်တီယိုသည် ဘွန်ဒက်စ်လီဂါ နောက်ဆုံးပွဲစဉ်အပြီးတွင်
အသင်းနည်းပြရာထူးမှာ ထုတ်ပယ်ခံ လိုက်ရသည်။

ဒီမက်တီယိုသည် ၂၀၁၄ အောက်တိုဘာတွင်မှ ရှော်လ်ကေးအသင်းကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး
ယခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲတွင် အသင်းကို ၁၆ သင်းအဆင့် ရှုံးထွက်ရောက်အောင်
လုပ်ဆောင်ပေးနိုင်ခဲ့သည်။

သို့သော် ဘွန်ဒက်စ်လီဂါ နောက်ဆုံး ပွဲစဉ်တွင် ရှော်လ်ကေးအသင်းသည် ဟမ်းဘတ်အသင်းကို
၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုနှစ်ရာသီအမှတ်ပေးဇယားတွင် အဆင့်(၆) နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။
ထို့ကြောင့် အသင်းတာဝန်ရှိသူ များက ဒီမက်တီယိုကို အသင်းနည်းပြရာထူးမှ ထုတ်ပယ်ရန် ဆုံးဖြတ်
ခဲ့ခြင်းဖြစ်သည်။

ရှော်လ်ကေးအသင်းသည်း ဒုတိယရာသီဝက် ပွဲစဉ်(၁၇) ပွဲတွင် ငါးပွဲသာ အနိုင်ရရှိခဲ့ပြီး ၎င်းတို့
နောက်ဆုံးအနိုင်ရရှိ ခဲ့သော ပွဲမှာ ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သည့် တန်းဆင်းဇုန်ထဲက ပက်ဒါဘွန်းအသင်းနှင့် ပွဲဖြစ်သည်။



ဖတ်ရှုမှုအများဆုံး