ပယ်ရယ်လီ တာယာကုမ္ပဏီက အနာဂတ်ရည်မှန်းချက်ကိုဖော်ပြ

ပယ်ရယ်လီ တာယာကုမ္ပဏီက အနာဂတ်ရည်မှန်းချက်ကိုဖော်ပြ

အီတလီ မော်တော်ကားတာယာကုမ္ပဏီ ပယ်ရယ်လီသည် ဖော်မြူလာဝမ်းကားပြိုင်ပွဲ အတွက်
ကားတာယာတင်သွင်းသည့် တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ၂၀၁၇ ခုနှစ်တွင်လည်း
ဆက်လက်တည်ရှိနိုင်စေရန်အတွက် မေလ ၂၃ ရက်နေ့တွင် ယင်း၏ ရပ်တည်ချက် အနေအထားကို
ဖော်ပြခဲ့သည်။ 

ပယ်ရယ်လီသည် မော်တော်ကားပြိုင်ပွဲက ရွေးချယ်လျှင် အနာဂတ်အတွက် ယင်း၏ အသေးစိတ်
စီမံချက်ချမှတ်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ဖော်မြူလာဝမ်း၏ ကား တာယာအတွက် တစ်ဦးတည်း
ကိုယ်စားလှယ်အဖြစ်၊ သို့မဟုတ် ကားတာယာ ယှဉ်ပြိုင်မှု တွင် ပါ၀င်ရန် အဆင်သင့်ရှိကြောင်း
ပယ်ရယ်လီ၏ ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိ မာကိုထရွန် ချက်တီ ပရိုဗီရာက ပြောကြားခဲ့သည်။
"တကယ်လို့ စည်းမျဉ်းသတ်မှတ်ချက်တွေက ကျွန်တော်တို့ လက်ခံနိုင်တာမျိုး ဆိုရင်၊ ကုန်ကျစရိတ်တွေက
ကျွန်တော်တို့ တတ်နိုင်တဲ့ အနေအထားမှာရှိတယ်ဆိုရင်၊ ကျွန်တော်တို့လိုချင်တဲ့ အာမခံချက်တွေ
စာချုပ်မှာပါတယ်ဆိုရင် ဖော်မြူလာဝမ်းရဲ့ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ဆက်ပြီး ရပ်တည်ဖို
့ ရည်ရွယ်ထားပါတယ်" ဟု ၎င်းက ပြောသည်။

ပယ်ရယ်လီကုမ္ပဏီသည် အရည်အသွေး ပိုကောင်းသည့် တာယာများထုတ်လုပ်နိုင်ရန် အတွက်
စမ်းသပ်မောင်းနှင်မှုများ အမြောက်အမြားရရှိလိုကြောင်း၊ ဘာရိန်းနှင့် အဘူဒါဘီ ကဲ့သို
့ ပူနွေးသည့်ဒေသတို့တွင် စမ်းသပ် မောင်းနှင်မှုများ ပြုလုပ်လိုကြောင်းလည်း ၎င်းက
ပြောကြားခဲ့သည်။

"စမ်းသပ်မှုအတွက် ဖေဖော်ဝါရီလအထိ ဆက်ပြီးစောင့်နေမယ်ဆိုရင် ကျွန်တော်တို့ အတွက် အရမ်းကို
နောက်ကျသွားမှာပါ။ အဲဒီအချိန်ကျရင် အပူချိန်က ကျွန်တော်တို့ အတွက် အဆင်မပြေတော့ပါဘူး။
ဖော်မြူလာဝမ်းနဲ့ တခြားအသင်းတွေအားလုံးအတွက် စမ်းသပ်မှုတွေ လုပ်ရဦးမှာပါ"ဟု ၎င်းက
ရှင်းပြခဲ့သည်။

ယင်း၏ပြိုင်ဘက်ပြင်သစ်တာယာကုမ္ပဏီ Michelin ကလည်း ဖော်မြူလာဝမ်းနှင့် စာချုပ်ချုပ်ဆိုရန် စိတ်ဝင်စားမှုရှိကြောင်း ဖော်ပြခဲ့သည်။ မော်တော်ကားပြိုင်ပွဲကို လာရောက် ကြည့်ရှုအားပေးသူနှင့်
ရုပ်သံမှစောင့်ကြည့်အားပေးသူအရေအတွက် ကျဆင်းနေသည့်အတွက် မော်တော်ကားပြိုင်ပွဲပရိသတ်
ဦးရေ ပြန်လည်မြင့်တက်လာစေရန် ဖြစ်နိုင်ခြေရှိ သည့် နည်းလမ်းများအဖြစ် မော်တော်ကား
ပြိုင်ပွဲစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ Strategy Group က မော်တော်ကားတာယာ ယှဉ်ပြိုင်မှု နှင့်
ပြိုင်ပွဲအတွင်း ကားကိုလောင်စာဆီ ဖြည့်သွင်းခြင်းတို့နှင့်ပတ်သက်ပြီး အဆိုပြု တင်ပြထားသည်။
ဖော်မြူလာဝမ်းကားပြိုင်ပွဲများ၏ အကြီး အကဲတစ်ဦးဖြစ်သည့် ဘာနီအက်ကလဲစတုန်း က
ထောက်ခံထားသည့် ကုန်ကျစရိတ်များကို ထိန်းချုပ်ရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့်
'စိတ်ကြိုက်ပြင်ဆင်ပေးထားသည့် ကားများ ကို မှာယူ' အသုံးပြုရန်အဆိုပြုချက်ကို အခြား
ကားပြိုင်ပွဲဝင်အသင်း သုံးသင်းက မေလ ၂၃ ရက်နေ့တွင် ကန့်ကွက်ထားကြသည်။ အဆိုပါ
အဆိုပြုချက်သည် ကားပြိုင်ပွဲစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြီးခဲ့သည့်အပတ်တွင် ကျင်းပခဲ့သည့်
စည်းဝေးပွဲတွင် တင်ပြခဲ့ခြင်းဖြစ်သည်။ Force India၊ နှင့် Lotus တို့က ၎င်းတို့သည် ၎င်းတို့ကိုယ်ပိုင်
ကားအောက်ခံ ကိုယ်ထည်ကို သီးခြားတည်ဆောက်သူများ အဖြစ် ဆက်လက် ပါ၀င်လိုကြကြောင်း
ပြောကြားခဲ့ပြီး ယင်းအဆိုကို ကန့်ကွက်ခဲ့ကြသည်။

"ကျွန်တော်တို့လုပ်ထားတဲ့ အရာအားလုံး ကြောင့် စီးပွားဖြစ်စေတဲ့ပုံစံမျိုးတော့ ကျွန်တော် တို့အတွက်
ဖြစ်မလာနိုင်ပါဘူး။ ကားအောက်ခံ ကိုယ်ထည်အသစ်မပြောနဲ့ မာစီးဒီးတို့၊ ရက်ဒ်ဘူးလ်တို့ဆီက
တစ်နှစ်သက်တမ်းရှိပြီဖြစ်တဲ့ ကားအောက်ခံကိုယ်ထည်တောင် မဖြစ်နိုင်ပါဘူး"ဟု Lotus အသင်း
အမှုဆောင်အရာရှိ မက်သယူးကာတာက ပြောသည်။ သို့သော် ပိုကြီးသည့် ကားတာယာများ ရှိရန်၊
ကားပိုပြေးနိုင်စေရန် ဖိအားပိုများများ ရရှိစေရန်နှင့် ကားအရှိန်ပိုမြန်လာစေရန် အတွက် အဆိုပြုချက်များကိုမူ
၎င်းက ထောက်ခံခဲ့သည်။ အဆိုပါအဆိုပြုချက်များနှင့် ပတ်သက်ပြီး ယုံကြည်မှုမရှိကြောင်းနှင့်
Strategy Group စသည် "လိုအပ်ချက်အတွက် အံကိုက်မဖြစ် ကြောင်း" ကားပြိုင်ပွဲ ဦးဆောင်အသင်းတချို့ ၏
အမှုဆောင်အရာရှိများက ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြသည်။

(အေအက်ဖ်ပီ)



ဖတ်ရှုမှုအများဆုံး