ကမ္ဘောဇ၊ ဇွဲကပင်အသင်းတို့နှင့် မြန်မာ့ လက်ရွေးစင်အသင်း ခြေစမ်းပွဲကစားဦးမည်

ကမ္ဘောဇ၊ ဇွဲကပင်အသင်းတို့နှင့် မြန်မာ့ လက်ရွေးစင်အသင်း ခြေစမ်းပွဲကစားဦးမည်

ကမ္ဘာ့ဖလားခြေစစ်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းသည် ထိုင်းနိုင်ငံသို့ မထွက်ခွာမီ
မေလ၂၇ တွင် ကမ္ဘောဇအသင်း၊ မေလ ၃၀ တွင် ဇွဲကပင်အသင်းများ နှင့် ထပ်မံခြေစမ်း သွားဦးမည်ဖြစ်သည်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် လေ့ကျင့် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အသင်း သည် ယနေ့ညနေပိုင်းက
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းကြီးတစ်သင်း ဖြစ်သည့် ဇေယျာရွှေမြေအသင်းနှင့် ခြေစမ်းကစားခဲ့ရာ
မြန်မာ့လက်ရွေးစင်အသင်းကတိုက်စစ်မှူး ကျော်ကိုကို ခြေစွမ်းပြဂိုးသွင်းမှုနှင့်အတူ ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

ပထမအကြိမ် ခြေစမ်းကစားစဉ်ကသရေရလဒ်သာကစားနိုင်ခဲ့သည့် ဇေယျာရွှေမြေကို မြန်မာ့လက်ရွေးစင်အသင်း
အနေဖြင့် ယခု ပွဲတွင် ခြေစွမ်းအသာစီးဖြင့် ကစားနိုင်ခဲဲ့ပြီး ဂိုးသွင်းခွင့်များလည်း ဖန်တီးနိုင်ခဲ့သည်။ ဇေယျာရွှေမြေဘက်တွင်
အသင်းနှင့် တစ်ကျော့ ပြန် ပြန်လည် ပူးပေါင်းလာသည့် အီတလီ တိုက်စစ်မှူး ဗစ်တာကော့တို အပါအဝင် နိုင်ငံခြားသား
ငါးဦးအထိ ပါ၀င်ကစားခဲ့ပြီး မြန်မာ့လက်ရွေးစင် အသင်းဘက်မှ ဗန်လား ဟရွယ် (ဂိုး)၊ အောင်ဇော်၊ ဇော်မင်းထွန်း၊
၀င်းမင်းထွဋ်၊ ခင်မောင်လွင်၊ ရန်အောင်ကျော်၊ ဟိန်းဇာအောင်၊ ကျော်ဇေယျာဝင်း၊ ဆောင် လမန်၊ ကြည်လင်း၊
ကျော်ကိုကိုတို့ ပွဲထွက် ကစားခဲ့ကြသည်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ပွဲအစ ပိုင်းတွင် အချိတ်အဆက်မမိခဲ့ဘဲ နောက်ပိုင်း တွင်မှ ကစားပုံကောင်းမွန်လာကာ
ဇေယျာ ရွှေမြေအပေါ် ဖိအားပေးလာနိုင်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းအတွက် အဖွင့်ဂိုး ကို ကျော်ကိုကိုက ပွဲချိန်
၂၀ မိနစ်တွင် သွင်းယူ ပေးခဲ့ပြီး ၄၃ မိနစ်နှင့် ၆၀ မိနစ်များတွင်လည်း ဂိုးများ ထပ်မံသွင်းယူနိုင်ခဲ့သည်။ အခြား ဂိုးတစ်ဂိုးကိုမူ
ပွဲချိန် ၄၈ မိနစ်တွင် နောက်ခံလူ ၀င်းမင်းထွဋ်က ကန်သွင်းပေးခဲ့ခြင်း ဖြစ်သည်။ ဇေယျာရွှေမြေအသင်းအတွက် ချေပဂိုးကို
ပွဲချိန် ၃၄ မိနစ်တွင် ဇေယျာရွှေမြေ အသင်းမှ ကွင်းလယ်လူ အဘူဘေကာက အပြင်းကန် သွင်းရယူခဲ့ခြင်း ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး