ဖီဖာဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သူ ဂျက်ဝါနာ သည် ယင်းနှင့် ဖီဖာအဖွဲ့က အခြားတာဝန်ရှိ သူများကို
စွပ်စွဲထားသည့် စွဲချက်များသည် ကမ္ဘာ့ဖလားဘောလုံးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်
အမေရိကန်များ၏ ဆန္ဒကို ပိုမိုလှုံ့ဆော်ပေးနေသည်ဟု ပြောကြားရင်း အမေရိကန်နိုင်ငံကို
ပြစ်တင်ဝေဖန်လိုက်သည်။
"ဒါတွေအားလုံးဟာ ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် မရခဲ့တဲ့
ဖြစ်ရပ်ကနေ စတင်ပါတယ်"ဟု ဆွစ်ဇာလန်နှင့် အမေရိကန် အာဏာပိုင်များ က အကျင့်ပျက်ခြစားမှုဖြင့်
စွဲချက်တင်ထား သည့် ဖီဖာတာဝန်ရှိသူ ကိုးဦးထဲက တစ်ဦးဖြစ် သည့် ၀ါနာကပြောသည်။
"နိုင်ငံငယ်ဖြစ်တဲ့ ကာတာနိုင်ငံနဲ့အပြိုင် ကမ္ဘာ့ဖလားဘောလုံးပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ကြိုးပမ်းရာမှာ
သူတို့ ရှုံးနိမ့် ခဲ့ပါတယ်။ ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပဖို့ ဘယ်နိုင်ငံမှာမှ ဘုရားမတဲ့ အခွင့်အရေးမျိုး
မရှိပါဘူး"ဟု ၎င်းက ပြောသည်။ ၀ါနာ၏ အမေရိကန်နိုင်ငံအပေါ် ဝေဖန်ထိုးနှက်မှုကို ဖေ့စ်ဘွတ်ခ်ရှိ
ရှစ်မိနစ်စာ ဗီဒီယိုတစ်ခုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၀ါနာကသရော်စာဝက်ဘ်ဆိုက် The Onion က
ဆောင်းပါးတစ်ပုဒ်ကို ကိုးကားပြီး ယင်းဗီဒီယို တွင် ပြောကြားထားသည်။
"အမေရိကန်ပြည်ထောင်စုတွင် ၂၀၁၅ နွေရာသီ ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပရန် ဖီဖာက ထိတ်ထိတ်ပျာပျာ ကြေညာထား"ဟု ခေါင်းစီးရေးထိုးထားသော The Onion က ပြီးခဲ့သည့်တစ်ပတ်
ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ သည့် သရော်စာဆောင်းပါးတစ်ပုဒ်ကို ဗီဒီယို ထဲတွင် ၀ါနာက ကိုင်ပြထားသည်။
ပြီးခဲ့သည့်တစ်ပတ် ဗုဒ္ဓဟူးနေ့ ထရီနီဒက် နှင့် တိုဘားဂိုးရှိ ရဲထံတွင် အဖမ်းခံခဲ့သော် လည်း အာမခံကြေးဒေါ်လာ
၄၀၀,၀၀၀ ပေးပြီး နောက် အာမခံဖြင့် လွှတ်ပေးထားသည့် အသက် ရ၂ နှစ်ရှိပြီဖြစ်သည့် ၀ါနာသည်
ယင်းတွင်အပြစ်မရှိကြောင်း တစ်ပတ်လုံး အခိုင်အမာပြောကြားထားသည်။
၀ါနာသည် ဖီဖာအဖွဲ့ ဒုတိယဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်ပြီး အမေရိကမြောက်ပိုင်းနှင့်အလယ်ပိုင်းရှိဒေသများနှင့်
ကာရစ်ဘီယံ ဒေသရှိ ဘောလုံးပွဲ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ (ဃဥဃြဗဃင်္ဗ) အသင်း ဥက္ကဋ္ဌနှင့်
ကာရစ် ဘီယံ ဘောလုံးအသင်းဥက္ကဋ္ဌလည်း ဖြစ်သည်။ ဆတ်ဘလတ္တာ ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်
ခံရသည့် ဖီဖာရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အလိုတွင် အဆိုပါဆောင်းပါးထွက်ပေါ် လာခြင်းနှင့်
ပတ်သက်ပြီး ယင်းက မေးခွန်း ထုတ်ထားသည်။ "တကယ်လို့ ကျွန်တော်က အရမ်းဆိုး နေပြီး
ဖီဖာလည်း အရမ်းဆိုးနေတယ်ဆိုရင် ဘာကြောင့် ဖီဖာဥက္ကဋ္ဌကို စွဲချက်မတင်တာ လဲ"ဟု
ငါးကြိမ်မြောက် ဖီဖာဥက္ကဋ္ဌသက်တမ်း အတွက် သောကြာနေ့တွင် ဘလတ္တာ၏ ၀င်ရောက်ယှဉ်ပြိုင်မှုကို
ရည်ညွှန်းပြီး ၀ါနာက မေးခွန်းထုတ်ထားသည်။ ဘလတ္တာမှာမူ အကျင့်ပျက်ခြစားမှုဖြင့်စွပ်စွဲခံရများထဲတွင်
မပါ၀င်ပေ။
(အေအက်ဖ်ပီ)














