ဂွာဒီယိုလာခေတ်လွန် အင်းနရစ်လက်ထဲက ဘာစီလိုနာ

ဂွာဒီယိုလာခေတ်လွန် အင်းနရစ်လက်ထဲက ဘာစီလိုနာ

ဘာစီလိုနာအတွက် နောက်ထပ်ဖလားတစ်လုံး ပဲ လိုတော့တယ်။ တကယ်လို့ ချန်ပီယံလိဂ်ဖလား
ကိုသာ အရယူနိုင်ခဲ့ပြီဆိုရင်တော့ ဒါဟာ နည်းပြအင်းနရစ်အတွက် ဂုဏ်ယူစရာ ဖြစ်လာတော့မယ်။ 

ဂွာဒီယိုလာ ဘာစီလိုနာကို စရောက်လာတဲ့နှစ်မှာပဲ ဘာစီလိုနာနဲ့အတူ အဓိက ဖလားကြီးသုံးလုံးကို
ရယူနိုင်ခဲ့တဲ့ ခြေရာကိုလည်း အင်းနရစ်တစ်ယောက်နင်းနိုင် တော့မယ်။ ဒါဆိုရင် အင်းနရစ်ဟာလည်း
ဘာစီလိုနာအတွက် လာခြင်းကောင်းသူ တစ်ယောက် ဖြစ်လာတော့မှာလား။ ဂွာဒီ ယိုလာလို
ဘာစီလိုနာခေတ်တစ်ခေတ် ပြန်ဖြစ် လာအောင် အင်းနရစ်တစ်ယောက် စွမ်းဆောင် ပြနိုင်ဦးမှာလား။
ဒါဟာ စိတ်ဝင်စားစရာ ကောင်းလာပါတယ်။ ဘာစီလိုနာနဲ့ပတ်သက်ပြီး လူအများစု တွေးထင်ထားကြတာ
တစ်ခုရှိပါတယ်။

အဲဒါ ကတော့ လူကောင်းတွေ တစ်ပြိုင်တည်း လာစုနေတဲ့ ဘာစီလိုနာကို ဘယ်လိုနည်းပြ မျိုးပဲကိုင်ကိုင်
အောင်မြင်မှုရဖို့ မခက်ခဲဘူးဆိုတဲ့ အမြင်တွေပါ။ ဒါဟာ တကယ့်အမှန် တရားတစ်ခုလား။
သေသေချာချာ ပြန် ဆန်းစစ်ဖို့တော့ လိုလာပြီနဲ့တူပါတယ်။ အမှန်တော့ အသင်းတစ်သင်းဟာ
ဦးဆောင်သူကောင်းတစ်ယောက်ကတော့ လိုလိမ့်မယ် ထင်ပါတယ်။ ကစားသမားတွေကောင်းနေရုံ
နဲ့မရဘဲ ဒီကစားသမားကောင်း တွေဆီကနေ အကောင်းဆုံးဆိုတာတွေ ပိုပြီး ထုတ်ပြလာနိုင်အောင်
ဦးဆောင်မှုကောင်း ကောင်းလုပ်ပေးနိုင်မယ့်သူ ရှိမှသာလျှင် အသင်းကလည်း ကောင်းသထက်ပိုကောင်း
လာမယ်ထင်ပါတယ်။ ဒါကြောင့်လည်း ဘာစီလိုနာရဲ့ လတ်တလောဖြတ်သန်းလာရတဲ့
ခေတ်တစ်ခေတ်ကို ပြန်လည်ကြည့်မိပါတယ်။

ဘာစီလိုနာဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မှာ လာလီဂါချန်ပီယံဖြစ်ဖို့ အတော်လေးကို
ရုန်းကန်ခဲ့ရတယ်။ အသင်းဟာ အဲဒီအချိန်မှာ အပြောင်းအလဲတွေနဲ့ အထိုင်မကျဘဲ ဖြစ်နေပြီး
အဓိကပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်နေခဲ့ရတဲ့အချိန် တွေပဲဖြစ်တယ်။
ဘာစီလိုနာရဲ့ အပြောင်း အလဲဟာ ၂၀၀၂ဪဝ၃ ရာသီလောက်က စခဲ့ရ တာပါ။ အဲဒီအချိန်မှာ
ဘာစီလိုနာရဲ့ ဥက္ကဋ္ဌသစ် ဖြစ်လာတဲ့ လာပေါ်တာဟာ အသင်းကိုအပြောင်းအလဲ လုပ်ဖို့
စတင်ကြိုးစားခဲ့ပြီး ၂၀၀၃ ခုနှစ် နှစ်ဆန်း မှာ ဖရန့်ရီကက်ကို နည်းပြအဖြစ် ခေါ်ယူခဲ့ တာက
ဘာစီလိုနာရဲ့ အပြောင်းအလဲများရဲ့ အစဖြစ်ခဲ့တယ်။

ရီကက်လက်ထက်မှာ ဘာစီ လိုနာ ခေတ်တစ်ခေတ် အစပျိုးနိုင်ခဲ့ပြီး ရီကက်စုစည်းတည်ဆောက်ပေးခဲ့တဲ့
အခြေခံ အုတ်မြစ်အပေါ် ဂွာဒီယိုလာဟာ ၂၀၀၈ ခုနှစ် မှာ ၀င်ရောက်ပြီး ခိုင်မာတဲ့တည်ဆောက်မှု
တစ်ခုကို စတင်နိုင်ခဲ့တာပဲဖြစ်တယ်။ အဲဒီအချိန်ကစပြီး ဂွာဒီယိုလာဟာ ကမ္ဘာ ပေါ်မှာ
ဘာစီလိုနာခေတ်ရယ်လို့ဖြစ်လာတဲ့ အထိ အသင်းကို အကောင်းဆုံးမွမ်းမံပြနိုင်ခဲ့ တယ်။
ဘာစီလိုနာရဲ့ အောင်မြင်မှုအရှိန်ကနေ စပိန်လက်ရွေးစင်အသင်းကြီးအထိပါ ကူးစက်
သွားခဲ့ပြီး စပိန်အသင်းမှာ ကမ္ဘာကို လွှမ်းမိုး နိုင်တဲ့အထိ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တယ်။
ဒီမှာတင် လူတွေရဲ့အမြင်မှာ ဘာစီလိုနာနဲ့ စပိန်ရဲ့အောင်မြင်မှုမှာ အဓိကကျခဲ့တာက
ကစားသမားတွေဖြစ်နေလို့ ဒီလို ကစားသမားမျိုးတွေကို ဘယ်လိုနည်းပြမျိုးကိုင်ကိုင်အောင်မြင်မှုတွေ
ရဖို့မခက်ဘူးလို့ ထင်လာမြင်လာ ကြတာပါ။ ဒါပေမဲ့ တကယ်တမ်းပြန်ကြည့်ရင်တော့ ဒီအမြင်တွေဟာ
အပြည့်အဝ မမှန်ပါဘူး။ ဘာစီလိုနာကိုပဲ ဂွာဒီယိုလာခေတ်လွန်နှစ်တွေကို ပြန်ကြည့်ကြရအောင်။
ဂွာဒီယိုလာ ဘာစီလိုနာက ထွက်သွားပြီးတဲ့အချိန်မှာ ဘာစီ လိုနာအသင်းဟာ အကျဘက်ကို
ပြန်ရောက်သွားခဲ့တယ်။

ဂွာဒီယိုလာပြီးနောက် နည်းပြတွေဖြစ်လာတဲ့ ဗီလာနိုဗာရော၊ မာတီနိုတို့ပါ ကစားသမားကောင်းတွေ
ရှိနေပါတယ်ဆိုတဲ့ ဘာစီလိုနာအသင်းကို ဂွာဒီယိုလာလို အောင် မြင်မှုတွေရအောင်
ထပ်ပြီးမလုပ်နိုင်ခဲ့ကြပါဘူး။ ဒီလိုပဲ စပိန်လက်ရွေးစင် အသင်း ကြီးကိုကြည့်ရင်လည်း
ဘာစီလိုနာကစား သမား အများစု ပါ၀င်နေဆဲဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာတော့
ရုပ်ပျက်ဆင်းပျက် နဲ့ ပြိုင်ပွဲက ထွက်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့ တာကိုကြည့်ရင်
ကစားသမားကောင်းတွေရှိ နေတိုင်းလည်း အသင်းတစ်သင်းအတွက် အောင်မြင်မှုတွေရဖို့
မလွယ်ကူဘူးဆိုတာ ပိုပြီးထင်ရှားလာခဲ့တယ်။ အဆိုးဆုံးကတော့ ပြီးခဲ့တဲ့ ၂၀၁၃-၁၄
ဘောလုံးရာသီပါပဲ။

အဲဒီရာသီမှာ ဘာစီလိုနာ အသင်းဟာ အသင်းနဲ့စိမ်းနေတဲ့ နည်းပြ တစ်ယောက်ဖြစ်တဲ့
မာတီနိုလက်ထဲကို ဘာစီ လိုနာကို ထိုးထည့်ပေးပြီး အပြောင်းအလဲ တစ်ခုလုပ်ဖို့
စတင်ကြံစည်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဘာစီလိုနာအသင်းဟာ အဲဒီရာသီမှာ
ဖလားလက်မဲ့နဲ့ အဆုံးသတ် ခဲ့ရသလို ဘာစီလိုနာကစားသမား အများစု ပါ၀င်နေတဲ့
စပိန်အသင်းကိုပါ ဘာစီလိုနာရဲ့ ဒီကျဆင်းမှုကြီးက ဆက်ပြီးတွဲပါသွားခဲ့တာ ကိုပါ တွေ့ခဲ့ရမှာပါ။
ကစားသမားကောင်းတွေ အသင်းမှာ ရှိနေ သေးပေမယ့် ဒီလိုအောင်မြင်မှုတွေနဲ့ ဝေးသွားတဲ့အခါမှာတော့
ဒီကစားသမားတွေ ရဲ့ အသက်အရွယ်အရ ကျဆင်းလာမှုတွေ ကြောင့် အသင်းဟာလည်း
လိုက်ပြီးကျဆင်းသွားခဲ့တာလို့ မှတ်ယူပြီး ဘာစီလိုနာနဲ့ ကစား သမားကောင်း အစုအဖွဲ့အပေါ်
လူတွေရဲ့ အမြင်ကလည်း သိပ်ပြောင်းလဲမသွားခဲ့ပါဘူး။

ဒါကြောင့် အင်းနရစ်ရောက်လာပြီး ဘာစီလိုနာ ပြန်လည်ဦးမော့လာတဲ့အခါမှာလည်း အင်းနရစ်ရဲ့ စွမ်းဆောင်နိုင်စွမ်းအပိုင်းကို နောက်မှာပဲထားပြီး မြင်ခဲ့ကြတယ်။ ကစား သမားကောင်းတွေ စုဝေးနေလို့ပဲ
ဘာစီလိုနာ ဆက်ပြီးအောင် မြင်နေတာလို့ ယူဆမှုတွေ လျော့မသွားခဲ့ပါဘူး။ ဒါပေမဲ့ အသင်းတစ်သင်း
မှာဦးဆောင်သူကောင်းတစ်ယောက် မရှိဘူး ဆိုရင် ဒီအသင်းအတွက် အောင်မြင်မှုတွေ မရဘူးဆိုတာ
အင်းနရစ်က သက်သေပြနိုင်ခဲ့ တယ်။ ဒီရာသီမှာ ဘာစီလိုနာအသင်း အခု လောက်ထိ
ဖြစ်လာခဲ့တဲ့နေရာမှာ အင်းနရစ်ရဲ့ ဦးဆောင်နိုင်စွမ်းကို လုံးဝနောက်မှာ ဖယ်ထား လို့မရပါဘူး။
ဒီနေရာမှာ အင်းနရစ်ရဲ့ စွမ်းဆောင်ရည်နဲ့ ဂွာဒီယိုလာရဲ့စွမ်းဆောင် နိုင်စွမ်းကို ပြန်လည်ချိန်ထိုးကြည့်
လိုက်မယ်ဆိုရင် အဖြေတစ်ခု ရလာနိုင်ပါတယ်။ ဂွာဒီယိုလာဟာ ဘာစီလိုနာ နဲ့ ခေတ်သစ်တစ်ခု
ကိုတည်ဆောက်နိုင်ချိန် ကို ကြည့်လိုက်ရင် သူဟာ ၂၀၀၃ ခုနှစ်လောက် ကတည်းက
ရီကက်တည်ဆောက်ထား ခဲ့တဲ့ အသင်းတစ်သင်းကို အလိုက်သင့် ကိုင်တွယ်ပြီး အပေါ်ကို
ဆွဲတင်နိုင်ခဲ့ တာ ဖြစ်တယ်။ နောက်ပြီး အဲဒီအချိန် မှာ ဘာစီလိုနာရဲ့ကစားသမားကောင်း
အများစုရဲ့ အကောင်းဆုံး အသက် အရွယ်နဲ့ အချိန်ကိုရောက်နေတာက လည်း ဂွာဒီယိုလာအတွက်
ဘာစီ လိုနာကို ထိန်းကျောင်း ရတာ သိပ်ပြီး အခက် အခဲမရှိခဲ့ပါဘူး။ အင်းနရစ်ကို ပြန်ကြည့်ရင်တော့
ဂွာဒီယိုလာ လို အနေအထားမျိုး မရခဲ့ဘူး။

ဂွာဒီယိုလာ ချန်ထားရစ်ခဲ့တဲ့ ဘာစီလို နာဟာ ကျရိပ် ပြနေတဲ့ အသင်းတစ်သင်း ဖြစ်တဲ့အပြင်
အသင်းရဲ့ အဓိက ကစားသမား အများစု ကလည်း အသက် အရွယ်အရ ကျဆင်း ချိန်ကို ရောက်နေတဲ့
အချိန်မျိုးနဲ့ပါ ကြံုခဲ့ရ တယ်။ ဒါပေမဲ့ ဒီအခက်အခဲတွေ အားလုံးကို အင်းနရစ် အကောင်းဆုံးကျော်ဖြတ်ပြနိုင်
ပြီဆိုတာ လက်ရှိ ဖလားနှစ်လုံးရယူပြီး သူ့ရဲ့အရည်အသွေးကို မှတ်ကျောက်တင်ခံထားခဲ့ပါပြီ။
လက်ကျန်ချန်ပီယံလိဂ် ဖလားတစ်လုံးသာ ထပ်ရခဲ့ပြီဆိုရင်တော့ ဒါဟာ သေချာတယ်။
ဘာစီလိုနာရဲ့အောင် မြင်မှုဟာ ကစားသမားကောင်းတွေကြောင့် ချည်းပဲလို့ ပြောလို့မရတော့ဘူးဆိုတာ
သေချာ ပါတယ်။ ဘာစီလိုနာနဲ့ ဂွာဒီယိုလာ ခေတ်တစ်ခေတ် အပြီး ဘာစီလိုနာနဲ့ အင်းနရစ်ခေတ်
တစ်ခေတ် ကို မြင်တွေ့ခွင့်ရဖို့ နီးစပ်နေပြီလား၊ မြင်တွေ့ရဖို့ အချိန်သိပ်မလိုတော့ ဘူးထင်ပါတယ်။



ဖတ်ရှုမှုအများဆုံး