ရီးယဲလ်မက်ဒရစ်အတွက်တော့ ဒီရာသီဟာ ကျဆုံးခဲ့ရတဲ့ ရာသီတစ်ခုဖြစ်သွားတယ်။
ဖလားအားလုံးနဲ့လွဲခဲ့ပြီး ဖလားလက်မဲ့ရာသီ တစ်ခုကို ကြံုတွေ့လိုက်ရပြီးတဲ့နောက်...။
ရီးယဲလ်ရဲ့ ဒီလိုကျရှုံးမှုတွေမှာ နောက်ဆုံး တော့ သားကောင်ဖြစ်ခဲ့ရတာ အသင်းနည်းပြအဖြစ်
တာဝန်ယူထားတဲ့ အန်ဆယ်လော့တီပဲပေါ့။ အန်ဆယ်လော့တီမတိုင်မီ မော်ရင်ညို လည်း
ဒီလိုအဖြစ်မျိုး ကြံုခဲ့ဖူးတယ်။ အန်ဆယ် လော့တီမရောက်မီ မော်ရင်ညိုဟာ ရီးယဲလ်ကို ဖလား
လက်မဲ့ဖြစ်စေခဲ့လို့ ရာထူးက ဖယ်ရှား ခံခဲ့ရတယ်။ အခုလည်း အန်ဆယ်လော့တီက
မော်ရင်ညိုလျှောက်ခဲ့ရတဲ့လမ်းကိုပဲ ဆက် လျှောက်ခဲ့ရတယ်။
မော်ရင်ညိုရော အန်ဆယ်လော့တီပါ ရီးယဲလ်ကိုအောင်မြင်မှုတွေရအောင် လုပ်ပေး နိုင်ခဲ့သူတွေပါ။
မော်ရင်ညိုဆိုလည်း ရောက် ရောက်ချင်းနှစ်မှာပဲ ကိုပါဒယ်ရေးဖလားကို ရယူပေးနိုင်ခဲ့သလို
နောက်တစ်နှစ်မှာ ရီးယဲလ်ကို လာလီဂါချန်ပီယံဖြစ်စေခဲ့သူပါ။ အန်ဆယ်လော့တီကို ကြည့်လိုက်ပြန်တော့
လည်း စရောက်ရောက်ချင်းနှစ်မှာပဲ ရီးယဲလ် အသင်း အလိုချင်ဆုံး ချန်ပီယံလိဂ်ဖလားနဲ့
စပိန်ကိုပါဒယ်ရေးဖလားကို တစ်ရာသီအတွင်း အရယူပြနိုင်ခဲ့ပေမယ့် နောက်တစ်ရာသီမှာ
မော်ရင်ညိုလိုပဲ ဖလားလက်မဲ့ရာသီကို ကြံုလိုက်ရပြီးတဲ့နောက်မှာ....။
တကယ်တော့ ရီးယဲလ်နဲ့ သူတို့ရဲ့ဥက္ကဋ္ဌ ဖြစ်တဲ့ပီရက်ဇ်အတွက် အခုလိုနည်းပြတွေကို လွယ်လွယ်နဲ
့ စတေးတတ်တာဟာ သိပ်ပြီး မထူးဆန်းတော့ပါဘူး။ ပီရက်ဇ်ဟာ သုံးနှစ် အတွင်း ရီးယဲလ်အတွက်
အမြင့်ဆုံး ဆုဖလားဖြစ်တဲ့ ချန်ပီယံလိဂ်ကို နှစ်ကြိမ်ရအောင် ယူပေးနိုင်ခဲ့တဲ့ ဒယ်ဘော့စကေးလို
နည်းပြမျိုး ကိုတောင် ရီးယဲလ်ချန်ပီယံလိဂ်ချန်ပီယံဆုကို ရပြီးပြီးချင်းမှာပဲ ရာထူးက ဖယ်ရှားတာမျိုး
လုပ်ခဲ့တာကိုကြည့်ရင် မော်ရင်ညိုနဲ့ အန်ဆယ်လော့တီတို့ အထုတ်ခံရတာဟာ နည်းတောင်
နည်းသေးတယ်လို့ထင်စရာပါပဲ။
မော်ရင်ညိုရော၊ အန်ဆယ်လော့တီပါ နည်းပြကောင်းတွေပါ။ အောင်မြင်မှုတွေကိုယ်စီနဲ့
အတွေ့အကြံုရှိတဲ့ နည်းပြတွေလည်း ဖြစ်တယ်။ ဒါပေမဲ့ သူတို့ဟာ နောက်ဆုံးမှာတော့ ပီရက်ဇ်ရဲ့
စစ်တုရင်ခုံပေါ်က နယ်ရုပ် ကလေးတွေလိုပဲ အချိန်တန်တော့ ထိုးကျွေး တာခံခဲ့ရတဲ့သူတွေပဲ
ဖြစ်ကုန်ကြတယ်။ ပီရက်ဇ်ရဲ့ ဆန္ဒတွေဟာ ဘယ်တော့များမှ အားလုံးပြည့်စုံမှာပါလိမ့်....။
အခု ပီရက်ဇ်ရဲ့ရွှေ့ကွက်အတွက် ရောက်လာတဲ့သူက ဘင်နီတက်ဇ်ပဲဖြစ်တယ်။ စပိန်မှာ
ဗလင်စီယာနဲ့အတူ အောင်မြင်မှုတွေ ရယူ ပြီးတဲ့နောက် စပိန်မြေကိုစွန့်ခွာခဲ့တာ ဆယ်စုနှစ်တစ်စုနီးပါး
ကြာခဲ့ပြီးတဲ့နောက် စပိန်မြေ ကို ဘင်နီတက်ဇ် ပြန်နင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ သူရောက်လာတဲ့အသင်းက
နည်းပြတွေ အတွက် သတ်ကွင်းတစ်ခုလိုဖြစ်နေတဲ့ ရီးယဲလ် မက်ဒရစ်ဆိုတော့ ပီရက်ဇ်ရဲ့ အလိုဆန္ဒတွေ
အတွက် ဘင်နီတက်ဇ်ရဲ့ ဖြည့်ဆည်းနိုင်စွမ်း အားကို စောင့်ကြည့်ရဖို့ဖြစ်လာခဲ့တယ်။
ဘင်နီတက်ဇ်ကို ခန့်ခဲ့တာဟာ ဘုတ်အဖွဲ့ ရဲ့ အလိုရှိမှုကြောင့်လို့ ဘုတ်အဖွဲ့ဝင်တွေကိုယ်တိုင်က
၀န်ခံထားကြပေမယ့်လည်း ဒါဟာပီရက်ဇ်ရဲ့ အဓိကကြိုးကိုင်မှုဆိုတာ အားလုံးအသိပါပဲ။ နောက်ပြီး
ဘင်နီတက်ဇ် နဲ့ ရီးယဲလ်ကြားမှာ အစောကြီးကတည်းက ချိတ်ဆက်မှုတွေ ရှိနေတယ်ဆိုတာလည်း
ဘောလုံးဝေဖန်ရေး ဆရာအဖြစ်တာဝန်ယူထားတဲ့ ဘင်နီတက်ဇ်ရဲ့ တပည့်ဟောင်း လီဗာပူး
ကစားသမား ဟောင်း ကာရေဂါရဲ့ စကားတွေအရ လည်း သိခဲ့ရတယ်။
ကာရေဂါကပြောတယ်။ ဘင်နီ တက်ဇ်ဟာ သူနဲ့တွေ့ တိုင်း ရီးယဲလ်က သူ့ကိုခေါ်ဖို့ရှိနေတယ်
ဆိုတဲ့အကြောင်း အမြဲပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒီအတိုင်းသာ အမှန်ဆိုရင် ပီရက်ဇ်နဲ့
ဘင်နီတက်ဇ်ကြားမှာ အရင်ကတည်းက ချိတ်ဆက်မှုတွေရှိထားပြီး ဒီရာသီမှာ ရီးယဲလ်အသင်း
ဆုဖလားတွေရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည် ဖြစ်စေ
အန်ဆယ်လော့တီဟာ ရီးယဲလ်နည်းပြ အဖြစ်က ထုတ်ပယ်ခံရတော့မယ်ဆိုတာ သေချာသလောက်
ဖြစ်နေခဲ့တယ်။ ရီးယဲလ်ရဲ့ လက်ထောက်နည်းပြ ဇီဒန်းရဲ့ပြောစကားတွေ အရလည်း
အန်ဆယ်လော့တီဟာ ရီးယဲလ် ဘာအလိုရှိနေသလဲဆိုတာ အစောကြီး ကတည်းက
သိထားပြီးသားဖြစ်နေပါတယ်လို့ ထုတ်ပြောခဲ့တာကိုကြည့်ရင် ရီးယဲလ်နဲ့ အန်ဆယ်လော့တီ
အကွဲအပြဲဟာ ရာသီမကုန်မီ ကတည်းကိုက သေချာနေခဲ့တာလို့ ပြောနိုင်တယ်။
အခုတော့ ပီရက်ဇ်ရဲ့အလို ကျအတိုင်း အသုံးတော်ခံမယ့် နယ်ရုပ် ကလေးတစ်ရုပ်အဖြစ်
ဘင်နီတက်ဇ်ကို တွေ့ရ ပါတော့မယ်။ ဘင်နီတက်ဇ် လက်ထဲမှာ ရီးယဲလ်ဟာ ဘယ်လောက်အထိ
ပြောင်းလဲ သွားနိုင်မှာလဲ စောင့်ကြည့်ရဖို့တော့ရှိနေပါပြီ။
ဘင်နီတက်ဇ်ဟာ သူ့နည်းပြဘဝမှာ အောင်မြင်မှုတွေရှိတယ်။ အတွေ့အကြံု လည်းရှိတယ်။
နောက်ပြီး နည်းပြဘဝအစဟာ ရီးယဲလ် လူငယ်အသင်းတွေနဲ့စခဲ့ပြီး ၁၉၉၅ ခုနှစ်မှ ရီးယဲလ်မှ
ထွက်ခွာခဲ့တာဖြစ်လို့ နှစ်ပေါင်း ၂၀ အကြာမှ ရီးယဲလ်ကို ပြန်ရောက် လာတာပဲဖြစ်တယ်။ ဒီတော့
စပိန်သားလည်း ဖြစ်၊ ရီးယဲလ်နဲ့လည်း ရင်းနှီးပြီးသားဖြစ်တဲ့ ဘင်နီတက်ဇ်ရဲ့ ရီးယဲလ်အတွက်
လုပ်နိုင်စွမ်း တွေဟာ ဘယ်လောက်အထိများ ရှိလာမလဲ ဆိုတာ စိတ်ဝင်စားစရာတော့
ကောင်းနေပါတယ်။
သူ့အရင်နည်းပြတွေဖြစ်တဲ့ မော်ရင်ညိုရော၊ အန်ဆယ်လော့တီပါ ရီးယဲလ်မှာ ရှိစဉ် အချိန်တွေမှာ
သူတို့အစွမ်းတွေကို ထုတ်ပြပြီး ရီးယဲလ်အတွက် ဆုဖလားတွေကို ရယူ ပေးနိုင်ကြတဲ့သူတွေချည်းပဲ
ဖြစ်တယ်။ ဒီနည်းပြနှစ်ယောက်လက်ထက်မှာ ကိုပါဒယ်ရေးဖလားကို နှစ်ကြိမ်၊ လာလီဂါနဲ့ ချန်ပီယံလိဂ်
ဖလားစတဲ့ အဓိကဖလားတွေကို နှစ်ယောက်စလုံး ရအောင်လုပ် ပေးနိုင်ခဲ့ ကြတယ်။ ဒီတော့
ဘင်နီတက်ဇ်အတွက် သူတို့ ထက်ထူးခြားအောင် လုပ်ပြနိုင်ဖို့အတွက် နောက်ထပ်ယူပြရမယ့်
အဓိကဆုဖလားမျိုး လည်းမရှိတော့ပါဘူး။ သူ့အရင်နည်းပြ နှစ်ယောက်ထက် သာလွန်အောင်
လုပ်ပြနိုင်ဖို့ ဆိုရင် ဘာစီလိုနာလို တစ်ရာသီ အဓိက ဆုဖလားသုံးလုံးစလုံး ယူပြနိုင်ဖို့က အဓိက
ဖြစ်နေတယ်။ ဒီအချက်ကပဲ ရီးယဲလ်နဲ့ ပီရက်ဇ်အတွက် အလိုချင်ဆုံးဆန္ဒလည်း ဖြစ်နေနိုင်တယ်။
အထူးသဖြင့် ပီရက်ဇ်ဟာ လာလီဂါမှာ မဟာ ပြိုင်ဘက်ဘာစီလိုနာရဲ့ ကြီးစိုးမှုအောက်ကို
ရောက်နေခဲ့ရတာကို ကျေနပ်နေမယ့်ပုံမပေါ် ပါဘူး။ ဒီနေရာမှာ ဘာစီလိုနာရဲ့လုပ်ပုံ လုပ်နည်းတွေ
ကို ကြည့်ရင် စပိန်သားနည်းပြ တွေနဲ့ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တာ ချည်းဖြစ်တယ်။
ဂွာဒီယိုလာလက်ထက်မှာ အဓိကဆုဖလားသုံးလုံးကို တစ်ကြိမ်၊ အင်းနရစ် လက်ထက်မှာ
အဓိကဆုဖလားသုံးလုံးကို နောက်ထပ်တစ်ကြိမ် ယူပြလိုက်တဲ့အခါ ရီးယဲလ်နဲ့ ပီရက်ဇ်အတွက်တော့
အတော်လေး ကိုခံရခက်မယ့် ထိုးနှက်မှုတစ်ခုလို ဖြစ်နေနိုင် တယ်။ ဒီတော့ ဘာစီလိုနာရဲ့
လွှမ်းမိုးနိုင်မှုကို ပြန် လည်တွန်းလှန်ချေဖျက်ပြသနိုင်ဖို့အတွက် ဘာစီလိုနာလျှောက်နေတဲ့
လမ်းကြောင်း အတိုင်း လျှောက်ကြည့်တော့မယ့်ပုံမျိုး ပေါ် လာတယ်။ ဘာစီလိုနာက စပိန်သားနဲ့ ဘာစီလိုနာကစားသမားဟောင်းတွေရဲ့အားနဲ့ အောင်မြင် မှုကိုယူပြနိုင်သလို လိုက်လုပ်နိုင်ဖို့အတွက်
စပိန်သားနည်းပြဘင်နီတက်ဇ်ကို ရွေးချယ် လိုက်တဲ့ပုံပေါ်နေတယ်။
ဘင်နီတက်ဇ်ကိုယ်တိုင်ကလည်း ရီးယဲလ်နဲ့ ရင်းနှီးပြီးသားသူတစ်ယောက်ဖြစ်လို့ အသင်းကို
ဂွာဒီယိုလာ၊ အင်းနရစ်တို့ နှစ်ယောက်လိုပဲ ရီးယဲလ်ကို လုပ်ပြနိုင်လိမ့်မယ်လို့ ယုံကြည်ချက်
ထားတာကြတဲ့ပုံပါပဲ။ ဒါကြောင့် ပီရက်ဇ်ဟာ ရာသီမကုန်မီကတည်းက ဘင်နီတက်ဇ်နဲ့
တိတ်တဆိတ် ဆက်သွယ်မှုတွေ လုပ်ထားခဲ့တယ်နဲ့ တူပါတယ်။ အသင်းနဲ့လည်း ရင်းနှီးပြီးသား
စပိန်သား နည်းပြတစ်ယောက်လက်ထဲကိုတော့ ရီးယဲလ် အသင်းရောက်သွားပါပြီ။
ဘာစီလိုနာရဲ့ ခြေလှမ်းအတိုင်း လှမ်းကြည့်ခဲ့တဲ့ ရီးယဲလ်ရဲ့ ခြေလှမ်းတွေကို ဘင်နီတက်ဇ်က
ဘယ်လောက် အထိသွက်လက်စွာနဲ့ ပီရက်ဇ်လိုချင်တဲ့ပန်းတိုင် ကို အရောက်လှမ်းပြနိုင်မှာလဲ။
မော်ရင်ညို၊ အန်ဆယ်လော့တီတို့လို ပေါ်တူဂီနဲ့ အီတလီ လက်ထဲကနေ စပိန်သားတစ်ယောက်
လက်ထဲ ကို ရောက်လာတဲ့ရီးယဲလ်ဟာ...။















