စီးရီးအေအသင်းကြီး ရောင်းချရေးနှင့်ပတ်သက် ပြီး ဆွေးနွေးရန် အေစီမီလန်အသင်းပိုင်ရှင်
ဆီလ်ဗီယိုဘာလူစကိုနီသည် ထိုင်းစီးပွားရေး လုပ်ငန်းရှင် ဘီးတေချောင်ဘိုးနှင့် ရှစ်ပတ်ကြာ
သီးသန့်တွေ့ဆုံညှိနှိုင်းရန် သဘောတူညီမှုတစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်သည်။
"အေစီမီလန်အသင်းကို အီတလီရဲ့ အမြင့်ဆုံးအသင်းပြန်ဖြစ်လာဖို့နဲ့ နိုင်ငံတကာ ဘောလုံး
အသင်းပြန်ဖြစ်လာဖို့ ဒီကာလ အတွင်းမှာ အသင်းဥက္ကဋ္ဌအဖြစ် ဆက်လက် တည်ရှိနေမယ့်
ဆီလ်ဗီယိုဘာလူစကိုနီနဲ့ ဘီးတေချောင်ဘိုးတို့ဟာ စီးပွားရေးအရ လုပ်ငန်းကြီးတွေနဲ
့ ဘောလုံးအသင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို အတူပူးတွဲလုပ်ဆောင်ကြ မှာပါ" ဟု ၎င်းတို့နှစ်ဦးက
ပူးတွဲသတင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
အရောင်းစာချုပ်အရ ဘာလူစကိုနီသည် အသင်း၏ ရှယ်ယာ ၅၂ ရာခိုင်နှုန်းကို ပိုင်ဆိုင် မည်ဖြစ်ပြီး
အရှေ့တောင်အာရှ ပုဂ္ဂလိက စတော့ရှယ်ယာအုပ်စု၏ အမှုဆောင်ဒါရိုက် တာဖြစ်သူ
ဘီးတေချောင်ဘိုးက ၄၈ ရာခိုင်နှုန်း ကို ပိုင်ဆိုင်မည်ဖြစ်ကြောင်း သတင်း
ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါသဘောတူညီမှုအတွက် ယူရို သန်း ၄၈၀ ( ဒေါ်လာ ၅၃၃ သန်း) ကို ပိုထုတ်
သုံးပေးရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်က သဘောတူထားသည်ဟု အီတလီသတင်းများတွင်
ဖော်ပြထားသည်။ "ဒီသဘောတူညီမှုက အေစီမီလန်အသင်း အတွက် ကောင်းတဲ့လုပ်ရပ်
တစ်ခုပါပဲ"ဟု ဘာလူစကိုနီက လွှတ်တော်တွင် ဘေးပန်းအနေဖြင့် ပြောကြားခဲ့သည်။
"အာဆီယံဈေးကွက်အတွင်းမှာ အေစီ မီလန်အသင်းတိုးတက်မှုရလာအောင် ဘီးက
ဆောင်ရွက်ပေးနိုင်မှာပါ။ အေစီမီလန်အသင်းကို ထိပ်တန်းအသင်းအဖြစ် ပြန်ဖြစ်လာအောင်
( ဒီသဘောတူညီမှုနဲ့) ကျွန်တော်တို့ ရှေ့ဆက်သွားနိုင်မယ်လို့ မျှော်လင့်ထားကြရအောင်"ဟု
၎င်းက ပြောကြားခဲ့သည်။
သဘောတူညီမှု ပြုလုပ်ခဲ့သည့်နေ့ကို "သမိုင်းဝင်နေ့ရက်"တစ်ရက်ဟု ပြောကြား ခဲ့သည့်
Gazzetta dello Sport daily က ဘီးတေချောင်ဘိုးသည် ကြာသပတေးနေ့ ညပိုင်းတွင်
အီတလီသို့ သိုသိုသိပ်သိပ် ရောက်ရှိလာခဲ့ပြီး ညသန်းခေါင်မတိုင်မီ ဘာလူစကိုနီ၏ အပန်းဖြေအိမ်တွင်သွား ရောက်တွေ့ဆုံခဲ့သည်ဟု ဖော်ပြထားသည်။
အဆင်မပြေဖြစ်ပြီး ပြန်လာခဲ့ပြီးနောက် ဆွေးနွေးမှုကို သောကြာနေ့ညနေတွင် ပြန်လည်စတင်ခဲ့ရာ
တစ်နာရီခန့်ဆွေးနွေး ပြီးသည့်နောက်တွင် သဘောတူညီမှု ရရှိခဲ့သည်ဟု အဆိုပါသတင်းစာက
၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ဘီးတေချောင်ဘိုးသည် အထင်ကရ ပြိုင်ဘက်တစ်ဦးအဖြစ်
ပေါ်ထွက်လာသော် လည်း ခုနှစ်ထပ်ကွမ်း ဥရောပချန်ပီယံအသင်း ၏ အရောင်းနှင့်ပတ်သက်သည့်
ခန့်မှန်းချက် များမှာ လပေါင်းများစွာ ထွက်ပေါ်လျက် ရှိသည်။
နှစ်ဦးနှစ်ဖက် သဘောတူညီမှုတစ်ရပ်ရရှိပြီဖြစ်ကြောင်း မေလအစောပိုင်းတွင် အီတလီဝန်ကြီးချုပ်ဟောင်းက
ကြေညာခဲ့သော်လည်း ယင်းအခြေအနေကို အလျင်အမြန်ပြန်လည်ရုပ်သိမ်းခဲ့ပြီး တရုတ်ရင်းနှီး
မြှုပ်နှံသူများ၏ စိတ်ဝင်စားမှုရရှိရန် ဆက် လက်ကြိုးပမ်းခဲ့သည်။ ဘာလူစကိုနီသည် အေစီမီလန်
အသင်းကို ၁၉၈၆ ခုနှစ်တွင် ၀ယ်ယူခဲ့စဉ်ကတည်းက ဥရောပချန်ပီယံဆု ငါးကြိမ်ရရှိခဲ့သော်လည်း
၂၀၁၁ ခုနှစ်တွင် အီတလီ ချန်ပီယံအသင်း ဖြစ်လာခဲ့ပြီးနောက်ပိုင်း ငွေကြေးအကျပ်အတည်း
ကြံုတွေ့နေရပြီး အသင်းအရည်အသွေးမှာလည်း ကျဆင်းလျက်ရှိသည်။
(အေအက်ဖ်ပီ)














