အဖွင့်ပွဲတွေမှာအသင်းကြီးတွေပဲအားကိုးသင့်တယ်

အဖွင့်ပွဲတွေမှာအသင်းကြီးတွေပဲအားကိုးသင့်တယ်

ချီလီ - အီကွေဒေါ
ချီလီက အိမ်ရှင်ဖြစ်နေသလို အသင်းမှာ ကလည်း ဆန်းချက်၊ ဗီဒယ်၊ ဗာဂက်စ်၊ ဘရာဗို၊ မီဒယ်တို့လို
ထိပ်တန်းကစားသမား တွေ ပါ၀င်နေတာကြောင့် အီကွေဒေါ ခက်ခက်ခဲခဲ ကစားရမယ့်ပွဲဖြစ်ပါတယ်။ အီကွေဒေါက ပြိုင်ပွဲအတွေ့အကြံုရှိတယ် ဆိုပေမယ့် ကစားသမားအများစုက အသက် ကြီးသူတွေများနေပါတယ်။ အိမ်ကွင်းဆိုရင် အကောင်းဆုံးကစားနိုင်သလောက် အဝေး ကွင်းရောက်ရင် ပြဿနာရှိတဲ့အသင်းဖြစ်ပါတယ်။ နည်းစနစ်ပိုင်းမှာချီလီက ပိုပြီး ဦးစားပေးကစားတတ်ကာ အီကွေဒေါက ကြံ့ခိုင်မှုနဲ့ အမြန်နှုန်းတင်ကစားခြင်းကို ဦးစားပေးတဲ့ အသင်းဖြစ်နေပါတယ်။ အဖွင့်ပွဲစဉ်ဖြစ်လို့ အိမ်ရှင်ပရိသတ် အားသာချက်လည်း ချီလီမှာရှိနေတာကြောင့် ချီလီနိုင်ပွဲရမှာသေချာပါတယ်။

မက္ကဆီကို -ဘိုလစ်ဗီးယား
မက္ကဆီကိုက ဘိုလစ်ဗီးယားထက်ပိုမြင့် လို့ မက္ကဆီကိုသာမယ်လို့ ထင်ကြမှာပါ။ ဒါပေမဲ့ အခုပြိုင်ပွဲကို မက္ကဆီကိုဟာ (ဘီ)သင်း လွှတ်ပြီး ယှဉ်ပြိုင်တာဖြစ်လို့ သတိတော့ ထားရပါမယ်။ ဒေါ့ဆန်းတို့စ်၊ ဟာနန်ဒက်ဇ်၊ ကားလို့စ်ဗီလာတို့ အုပ်စုမပါကြလို့ မက္ကဆီ ကိုဟာ ထင်သလောက်မတောင့်တင်းတာ ကိုတွေ့ရပါတယ်။ ဘိုလစ်ဗီးယားကလည်း လက်တင်အမေရိက ၁၀ သင်းမှာ အား အနည်းဆုံးအသင်းဖြစ်လို့ မှန်းရခက်တဲ့ပွဲ ဖြစ်ပါတယ်။ ပထဝီအနေအထားအရ ဘိုလစ်ဗီးယားက မက္ကဆီကိုထက်သာလို့ ရွေးမယ်ဆိုရင် ဘိုလစ်ဗီးယာကို ရွေးရမှာပဲ ဖြစ်ပါတယ်။

ဥရုဂွေး - ဂျမေကာ
ဥရုဂွေးမှာ တိုက်စစ်မှူးဆွာရက်ဇ်မပါတဲ့ အတွက် တိုက်စစ်မှာ ကာဗာနီနဲ့ စတူယာနီတို့ကို ပွဲထုတ်လာဖွယ်ရှိပါတယ်။ ဥရုဂွေး ခံစစ်ကတော့ အလက်တီကို နောက်တန်း အတွင်းသမားနှစ်ဦးဖြစ်တဲ့ ဂိုဒင်နဲ့ ဂျီမန် နက်ဇ်တို့ပါ၀င်လို့ တောင့်တင်းနေပါတယ်။ ဂျမေကာက နည်းစနစ်ပိုင်းဦးစားပေးကစား တဲ့ အသင်းမဟုတ်ဘဲ တွန်းတွန်းတိုက်တိုက် သာ ကစားတဲ့အသင်းဖြစ်ပါတယ်။ ဒီပွဲမှာ ဥရုဂွေးက နှစ်ဂိုးပြတ်နိုင်မလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ ဥရုဂွေး အနိုင်ရ နိုင်ပေမယ့် ဂိုးပြတ်နိုင်မယ်တော့ မထင်ပါဘူး။

အာဂျင်တီးနား - ပါရာဂွေး
အာဂျင်တီးနားမှာ မက်ဆီ၊ တေဗက်ဇ်၊ မာရှေရာနိုတို့ ပွဲပန်းနေနိုင်ပေမယ့် လက်ရှိ အာဂျင်တီးနားကွင်းလ ယ်ဟာ ၂၀၁၄ ကမ္ဘာ့ ဖလားပြိုင်ပွဲဝင် အာဂျင်တီးနားထက် ပိုကောင်းနေပါတယ်။ တိုက်စစ်မှာ အဂွေရို ကို ဦးစားပေးထားမှာ သေချာပါတယ်။ ပါရာဂွေးက ခံစစ်ကစားတဲ့ အသင်းသာ ဖြစ်ပါတယ်။ တိုက်စစ်က မထက်မြက်ပါဘူး။ လူဟောင်းတွေသာ ကစားနေတဲ့ အသင်းဖြစ်လို့ ပါရာဂွေး မလွယ်ပါဘူး။ အာဂျင်တီးနား အနည်းဆုံး နှစ်ဂိုးတော့ ပြတ်ပါလိမ့်မယ်။

ကိုလံဘီယာ - ဗင်နီဇွဲလား
ကိုလံဘီယာက တိုက်စစ်နဲ့ ကွင်းလယ် ပိုင်းမှာ ကစားသမားကောင်းတွေ ပြည့်နေတဲ့ အသင်းဖြစ်ပါတယ်။ ခံစစ်ပိုင်းကတော့ အနည်းငယ်အားနည်းပါတယ်။ ဗင်နီဇွဲလား က တိုးတက်လာမယ်ထင်ရပေမယ့် အခု နောက်ပိုင်းမှာ ပြန်ကျသွားတဲ့အသင်း ဖြစ်ပါတယ်။ အသင်းအနေအထားချင်းက အနည်းငယ်ကွာနေပါတယ်။ တိုက်စစ်အား မှာ ကိုလံဘီယာက သာနေတဲ့အတွက် ဗင်နီ ဇွဲလား ခံစစ်မှာပဲ အများဆုံးရှိနေမယ့်ပွဲဖြစ် ပါတယ်။ ကိုလံဘီယာကို ကြိုက်ပါတယ်။

ဘရာဇီးလ် - ပီရူး
ပီရူးက ပီဇာရို၊ ဖာဖန်၊ ဂွာယာရိုတို့ပဲ ကစားနေရတဲ့ အသင်းအိုတစ်သင်းဖြစ်ပါတယ်။ ထူးခြားတဲ့ကစားသမားတွေ ပီရူးမှာ ထွက်မလာသေးပါဘူး။ ဘရာဇီးလ်ကတော့ ဒွန်ဂါကိုင်ချိန်ကစပြီး ပြောင်းလဲသွားတဲ့အသင်းဖြစ်ပါတယ်။ ဒွန်ဂါလက်ထက်ကစား တဲ့ ကိုးပွဲလုံးကို အနိုင်ကစားထားပါတယ်။ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းတွေ တော်တော် ပြောင်းလဲသွားလို့ ဘရာဇီးလ်ဟာ ထူးထူး ခြားခြားဖြစ်လာနိုင်ပါတယ်။ ဘရာဇီးလ် အနည်းဆုံးနှစ်ဂိုးတော့ပြတ်မယ့်ပွဲ ဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး