တစ်ကျော့ပြန်ယူရို၂၀၁၆ ခြေစစ်ပွဲမှာအသင်းကြီးတွေ ဂိုးပြတ်နိုင်ကြပါ့မလား

တစ်ကျော့ပြန်ယူရို၂၀၁၆ ခြေစစ်ပွဲမှာအသင်းကြီးတွေ ဂိုးပြတ်နိုင်ကြပါ့မလား

အိုက်စလန် - ချက်
ဒီနှစ်သင်းက အုပ်စု(က)မှာ ဦးဆောင်နေတဲ့ အသင်းတွေဖြစ်ပါတယ်။ ပထမအကျော့ ချက်ကွင်းမှာ
တုန်းက ချက်က အနိုင်ရထားပါ တယ်။ အိုက်စလန်က အိမ်ကွင်းကစား အားကောင်းတဲ့
အသင်းဖြစ်ပါတယ်။ နယ်သာလန်၊ တူရကီတို့ကို အနိုင်ကစားထားနိုင်တဲ့အသင်းဖြစ်ပါတယ်။
အိုက်စလန်အသင်းမှာ အင်္ဂလန်အခြေစိုက်ကစားသမားတွေ ကစားနေတဲ့အသင်းဖြစ်ပါတယ်။
ဆစ်ဂါဆင်၊ ဂမ်နာ ဆင်တို့ဦးဆောင်နေတာပါ။ ချက်က အဝေးကွင်းမှာ ကစားအားမငြိမ်ပါဘူး။
အိုက်စလန်ကို လျှော့တွက်လို့မရပါဘူး။ အိုက်စလန် သရေနဲ့ အနိုင်ပါ။

လတ်ဗီးယား - နယ်သာလန်
နယ်သာလန်က တိုက်ရိုက်ခြေစစ်ပွဲ အောင်ဖို့ အိုက်စလန်၊ ချက်တို့ကို အမီလိုက်နိုင်ဖို့
အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။ လတ်ဗီးယားကို အနိုင်ရမှာပဲ ထင်ရပေမယ့်
အဝေးကွင်းဖြစ်တာကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ နယ်သာလန် ဂိုးပြတ်
သွင်းနိုင်ပါ့ မလား၊ နယ်သာလန်ကစားသမားတွေ ခြေပျက်နေပါတယ်။ ဗန်ပါစီ၊
ဟန်တယ်လာတို့ အကောင်းဆုံးအဆင့်မဟုတ်ကြလို့ လတ်ဗီး ယားကွင်းမှာ ဂိုးပြတ်
အနိုင်ကစားဖို့ အခက်အခဲရှိနိုင်ပါတယ်။ ရော်ဘင်လည်း ပါ၀င်နိုင် ခြင်းမရှိလို့ နယ်သာလန်ရဲ
့အနိုင်က မပြတ် သားနိုင်ပါဘူး။ ကာဇက်စတန် ဪ တူရကီ တူရကီခြေစစ်ပွဲအောင်နိုင်ဖို့
ရုန်းကန် နေရပါတယ်။ သူတို့ အုပ်စုတတိယနေရာ ရနိုင်ဖို့ ကြိုးစားနေတာပါ။ နောက်ဆုံး
ကစားခဲ့တဲ့ နယ်သာလန်နဲ့ပွဲမှာ သရေ ကစားထားနိုင်ပါတယ်။ ကာဇက်စတန် ကတော့
ဒီအုပ်စုမှာ အားအနည်းဆုံးအသင်း ဖြစ်ပါတယ်။ တူရကီဟာ အဝေးကွင်းဖြစ်ပေမယ့်
ကစားအားတင်လာနိုင်တဲ့ပွဲဖြစ်ပါ တယ်။ ဂါလာတာစာရေးနဲ့ ဖီနာဘာချီ ကစားသမားတွေ
အခုပွဲမှာ အကောင်းဆုံးကစားလာနိုင်လို့ တူရကီအနိုင်ကပြတ်သားနိုင်ပါတယ်။

ဘော့စနီးယား - အစ္စရေး
ပထမအကျော့တုန်းက အစ္စရေးက ဂိုးပြတ်နဲ့အနိုင်ရထားခဲ့ပါတယ်။ ဘော့စနီးယားက
နည်းပြအပြောင်းအလဲတွေ လုပ်ထားတဲ့အတွက် ဘော့စနီးယားအသင်း ပြောင်းလဲလာ
ဖို့ရှိနေပါတယ်။ ဘော့စနီးယားအနေနဲ့ အုပ်စု တတိယနေရာရနိုင်ဖို့ ဒီပွဲက အရေးကြီးတဲ့
ပွဲဖြစ်ပါတယ်။ ဒီပွဲသာ ဘော့စနီးယားရှုံးခဲ့ရင် မျှော်လင့်ချက်နည်းသွားမှာ ဖြစ်ပါတယ်။
အစ္စရေးက နောက်ဆုံးနှစ်ပွဲရှုံးထားပါတယ်။ အခုဘော့စနီးယားကွင်းမှာ အစ္စရေးအခက်
အခဲရှိပါလိမ့်မယ်။ ဘော့စနီးယားအနိုင်ရ မယ့်ပွဲဖြစ်ပါတယ်။

ဝေး - ဘယ်လ်ဂျီယံ
အုပ်စုပထမနဲ့ ဒုတိယရထားတဲ့ နှစ်သင်း ထိပ်တိုက်တွေ့နေတဲ့ပွဲဖြစ်ပါတယ်။ နှစ်သင်း
စလုံး ခြေစွမ်းကောင်းနေပါတယ်။ ပထမ အကျော့တုန်းက ဘယ်ဂျီယံဟာ အိမ်ကွင်းမှာ
ဝေးကို ဂိုးမရှိသရေသာကစားနိုင်ပါတယ်။ ဘယ်လ်ဂျီယံမှာ ထိပ်တန်းကစားသမားတွေ
ရှိသလို ဝေးမှာလည်း ဘေးလ်၊ ရမ်ဆေး၊ ၀ီလျံတို့လို ကစားသမားတွေရှိနေပါတယ်။
ထိပ်တန်းသမားတွေ ပိုပြီးများလို့သာမှာပဲလို့ ထင်ရပေမယ့် ဝေးကို လျှော့တွက်လို့မရ
ပါဘူး။ သရေကျနိုင်လို့ ဂိုးအနည်းကိုရွေးတာ အကောင်းဖြစ်ပါတယ်။

အင်ဒိုရာ - ဆိုက်ပရပ်စ်
အင်ဒိုရာက အသင်းလေးဖြစ်လို့ ဆိုက်ပရပ်စ် ကစားရလွယ်ကူမယ့်ပွဲ ဖြစ်ပါတယ်။
ဆိုက်ပရပ်စ် ဂိုးဘယ်လောက်သွင်း နိုင်မလဲဆိုတာပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘော့စနီးယားကို ဆိုက်ပရပ်စ်ဟာအဝေးကွင်းမှာ အနိုင်ကစားနိုင်ခဲ့လို့ ဆိုက်ပရပ်စ်ခြေတက်
နေပါတယ်။ ဆိုက်ပရပ်စ်အနည်းဆုံးနှစ်ဂိုးပြတ်တော့ နိုင်မှာသေချာပါ တယ်။

ခရိုအေးရှား - အီတလီ
အုပ်စုပထမနဲ့ ဒုတိယနှစ်သင်း ထိပ်တိုက် တွေ့တဲ့ပွဲဖြစ်ပါတယ်။ ပထမအကျော့မှာ သရေကျ
ထားခဲ့ပါတယ်။ ခရိုအေးရှားက အိမ်ကွင်းမာတဲ့ အသင်းဖြစ်ပါတယ်။ အသင်း ကြီးတွေကို
အိမ်ကွင်းရောက်ရင် အကောင်းဆုံး ကစားပြတတ်ပွဲ ဖြစ်ပါတယ်။ ခရိုအေးရှား လူစာရင်းက
အီတလီလူစာရင်းကို ယှဉ်နိုင် ပါတယ်။ အီတလီမှာ တိုက်စစ်မှူးကောင်းကောင်း မရှိတာကို
သတိပြုရမှာ ဖြစ်ပါတယ်။ အီတလီခံစစ် ဦးစားပေးလာနိုင်တဲ့ပွဲဖြစ်လို့ ခရိုအေးရှားနဲ့
ဂိုးအနည်းကိုရွေးတာ အကောင်း ဆုံးဖြစ်ပါတယ်။

ဆလိုဗေးနီးယား - အင်္ဂလန်
အင်္ဂလန်က အုပ်စုပထမ၊ ဆလိုဗေးနီးယား က အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
အင်္ဂလန်ဟာ ခြေစစ်ပွဲမှာပွဲတိုင်းနိုင် ထားပါတယ်။ ဆလိုဗေးနီးယားကို အိမ်ကွင်းမှာ
အနိုင်ကစားခဲ့ပါတယ်။ အခုပွဲမှာတော့ အင်္ဂလန် ခံစစ်ကိုအားပြုမယ်လို့ ထင်ပါတယ်။
ဆလိုဗေးနီးယားမှာ ဂျီနိုအာ၊ ဖီအိုရင် တီးနားတို့က ကစားသမားတွေကစားနေတဲ့
အသင်းဖြစ်လို့ လျှော့တွက်လို့ မရပါဘူး။ နည်းပြကလည်း အတွေ့အကြံုရင့်တဲ့ ကတန်နက်ဖြစ်လို
့ ဆလိုဗေးနီးယားကို ကြိုက်ပါ တယ်။ လစ်သူယေးနီးယား ဪ ဆွစ်ဇာလန် လစ်သူယေးနီးယားက
ခြောက်မှတ်၊ ဆွစ်ဇာလန်က ကိုးမှတ်ရထားကြလို့ ဒီပွဲက နှစ်သင်းစလုံးအတွက် အရေးကြီးနေပါတယ်။
ဒီပွဲအနိုင်ရတဲ့အသင်းက တိုက်ရိုက်ခြေစစ်ပွဲ အောင်ဖို့ မျှော်လင့်လို့ရမှာ ဖြစ်ပါတယ်။ ပထမ
အကျော့တုန်းက ဆွစ်ဇာလန်က ဂိုးပြတ်နိုင် ထားပါတယ်။ အခုပွဲက လစ်သူယေးနီးယားကွင်းဖြစ်လို
့ ဆွစ်ဇာလန် သတိထားကစားရ မှာဖြစ်ပါတယ်။ လစ်သူယေးနီးယား သရေလောက် ကစားနိုင်မယ်
ထင်ပါတယ်။ဂိုးအနည်း ကိုရွေးတာ စိတ်ချရဆုံးဖြစ်ပါလိမ့်မယ်။

ဘီလာရုစ် - စပိန်
ဘီလာရုစ်ကို လျှော့တွက်လို့ မရပါဘူး၊ အသင်းမှာ ဘာတီကလပ်ကစားသမားတွေအဓိက
ကစားနေတဲ့အသင်း ဖြစ်ပါတယ်။ ပထမအကျော့စပိန်မှာ ကစားတုန်းက စပိန်က ၃-၀ နဲ့
နိုင်ထားပါတယ်။ စပိန်မှာ လူငယ်ကစားသမားတွေနဲ့ အပြောင်းအလဲလုပ်ထားတာတွေ့ရပါတယ်။
မိုရာတာနဲ့အတူ ဆီဗီလာ ကစားသမားတွေ ပါ၀င်လာခဲ့ပါတယ်။ စပိန်ဟာ အုပ်စုမှာ ဒုတိယသာ
ရထားပါသေးတယ်။ ဘီလာရုစ်ကွင်းမှာ စပိန်နိုင်မှာလို့ တွက်ဆ နိုင်ပေမယ့် ဂိုးပြတ်ပါ့မလားဆိုတာ
စဉ်းစား စရာဖြစ်ပါတယ်။ ဂိုးအနည်းကို ရွေးသင့်တဲ့ပွဲ ဖြစ်ပါတယ်။ ပိုလန် ဪ ဂျော်ဂျီယာ
ပိုလန်အတွက် အရေးကြီးတဲ့ပွဲ ဖြစ်ပါ တယ်။ အသင်းမှာဘွန်ဒက်စ်လီဂါနဲ့ ပြင်သစ် လီဂူးအခြေစိုက်
ကစားသမားတွေကို ခေါ်ထား တာတွေ့ရပါတယ်။ ဂျော်ဂျီယာကတော့ မထင်မှတ်တဲ့ ရလဒ်တွေ
ထွက်အောင် ကစား နိုင်မယ့်အသင်း မဟုတ်ပါဘူး။ ပိုလန်ကွင်း လည်း ဖြစ်နေလို့ ပိုလန်ရဲ့အနိုင်က
ပြတ်သား ပါလိမ့်မယ်။

အိုင်ယာလန် - စကော့တလန် ပထမအကျော့တုန်းက စကော့တလန်က အနိုင်ရထားပါတယ်။
ခြေစစ်ပွဲအောင်ဖို့ အတွက် နှစ်သင်းစလုံးအရေးကြီးတဲ့ပွဲ ဖြစ်ပါ တယ်။ ကစားသမားတွေကလည်း
တစ်ယောက် အကြောင်းတစ်ယောက် သိနေကြပါတယ်။ နှစ်သင်းစလုံးက မာကျောတဲ့အတွက်
အကြိတ် အနယ်ကစားရမယ့်ပွဲဖြစ်ပါတယ်။ အိုင်ယာလန်က အိမ်ရှင်မို့ သာတယ်ထင်ရပေမယ့်
စကော့တလန်ကို လျှော့တွက်လို့မရပါဘူး၊ စကော့တလန်နဲ့ ဂိုးအနည်းကိုကြိုက်ပါတယ်။
မြောက်အိုင်ယာလန် ဪ ရိုမေးနီးယား ပထမအကျော့တုန်းက ရိုမေးနီးယားက ဂိုးပြတ်နဲ
့ နိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံးက အုပ်စုပထမနဲ့ ဒုတိယရတဲ့အသင်းတွေဖြစ်ကြ ပါတယ်။
မြောက်အိုင်ယာလန်က အိမ်ကွင်းကို အကောင်းဆုံး ကစားနိုင်တဲ့အသင်း ဖြစ်ပါ တယ်။
ရိုမေးနီးယားက ဒီပွဲကို ခံစစ်ကစားဖို့ ပြင်ဆင်လာမှာ သေချာပါတယ်။ မြောက်အိုင်ယာလန်
ခက်ခက်ခဲခဲကစားရနိုင်ပြီး သရေနဲ့ပြီး နိုင်လို့ ဂိုးအနည်းကိုရွေးရမှာဖြစ်ပါတယ်။

အာမေးနီးယား - ပေါ်တူဂီ
အာမေးနီးယားနဲ့ ပေါ်တူဂီရဲ့ အဆင့်အတန်းချင်းက အရမ်းကွာဟနေပါတယ်။ ပေါ်တူဂီက
နည်းပြပြောင်းလဲပြီးမှာ ကစားအား ပြန်ကောင်းလာပေမယ့် တိုက်စစ်ပိုင်းက တက်လာခြင်း
မရှိသေးတာ တွေ့ရပါတယ်၊ ရော်နယ်ဒိုကိုပဲ အားထားကစားနေတဲ့ ပေါ်တူဂီဟာ
အာမေးနီးယားကွင်းမှာ အကောင်းဆုံး ကစားနိုင်မယ် ထင်ရပါတယ်။ ပေါ်တူဂီ ဂိုးပြတ်နဲ ့
အနိုင်ရမယ့်ပွဲဖြစ်ပါတယ်။

ဒိန်းမတ် - ဆာဘီးယား
ဆာဘီးယားက ပရိသတ်တွေရဲ့ပြဿနာ တွေကြောင့် စိတ်ဓာတ်ပျက်နေတဲ့အသင်းဖြစ်ပါတယ်။
ကစားသမားကောင်းတွေရှိပေမယ့် အသင်းက စိတ်ဓာတ်ပိုင်း အားနည်းတဲ့ အသင်းဖြစ်လို့
ယုံရခက်တဲ့အသင်း ဖြစ်ပါ တယ်။ ဒိန်းမတ်က အသင်းလိုက်ညီညွတ်တဲ့ အသင်းဖြစ်ပါတယ်။
အိမ်ကွင်းကစားအားလည်းကောင်းတဲ့ အသင်းဖြစ်ပါတယ်။ အမှတ် ပေးဇယားမှာဒိန်းမတ်
ဒုတိယရထားလို့ ဒီပွဲမှာ သုံးမှတ်ရအောင် ကစားလာပါလိမ့်မယ်။ ဒိန်းမတ်ကိုကြိုက်ပါတယ်။

ရုရှား - ဩစတြီးယား
ရုရှားဟာ အုပ်စုတတိယနေရာမှာပဲရှိနေပြီး ဩစတြီးယားက အုပ်စုပထမနေရာမှာ ရှိနေပါတယ်။
ဩစတြီးယားကွင်းမှာတုန်းက ရုရှား ရှုံးနိမ့်ထားပါတယ်။ ရုရှားနည်းပြ ကာပယ်လိုဟာ
ဝေဖန်ခြင်းတွေခံနေရသလို အသင်းကလည်း သိပ်ပြီးပြောင်းလဲထားတဲ့အသင်းမဟုတ်ပါဘူး။
ဩစတြီးယားက ဒီပွဲကိုသရေရဖို့အတွက် ပြင်ဆင်လာမှာ သေချာလို့ ရုရှားကစားရခက်မယ့်
ပွဲဖြစ်ပါတယ်။ ဩစတြီးယားကို ရွေးရမှာဖြစ်ပါတယ်။

နော်ဝေ - အဇာဘိုင်ဂျန်
နော်ဝေက ခရိုအေးရှား၊ အီတလီတို့ နောက်မှာ ရပ်တည်နေတဲ့အသင်းပါ။ အဇာဘိုင်ဂျန်နဲ့ယှဉ်ရင်တော့ နော်ဝေသာတယ်လို့ ပြောလို့ရပေမယ့် နော်ဝေမှာတိုက်စစ်မှူး
ကောင်းကောင်းမရှိပါဘူး။ ခံစစ်ပိုင်းလည်းအားနည်းတဲ့အတွက် အဇာဘိုင်ဂျန်ဟာနော်ဝေကို
တစ်ဂိုးတော့ သွင်းသွားနိုင်ခြေရှိပါတယ်။ နော်ဝေကလည်း ဂိုးသွင်းနိုင်မယ် ဆိုရင် နှစ်ဂိုးထက်
မပိုနိုင်ပါဘူး။ ဒါကြောင့် ဒီပွဲမှာ နော်ဝေနိုင်မယ်ဆိုရင် ဂိုးမပြတ်နိုင်လို့ အဇာဘိုင်ဂျန်ကို ရွေးရမှာ
ဖြစ်ပါတယ်။

ဆွီဒင် - မွန်တီနီဂရိုး
မွန်တီနီဂရိုးက နောက်ဆုံးကစားတဲ့ပွဲမှာ ပရိသတ်နှောင့်ယှက်လို့ ရုရှားကို အနိုင်ပေး ခြင်းခံလိုက်
ရပါတယ်။ မွန်တီနီဂရိုးအတွက် စိတ်ပျက်စရာအခြေအနေပဲ ဖြစ်ပါတယ်။ အခုလည်း ဆွီဒင်ကွင်းမှာ
မွန်တီနီဂရိုး ကစားသမားတွေ အာရုံအပြည့်နဲ့ ကစားလာ မယ်မထင်ပါဘူး။ ဆွီဒင်က ဒီပွဲနိုင်ရင်
တော်တော်အခြေအနေကောင်းမှာ ဖြစ်လို့ ကစားအားတင်လာပါလိမ့်မယ်။ အိမ်ကွင်း
ကစားအားလည်း ကောင်းတာကြောင့် ဆွီဒင် ဂိုးပြတ်အနိုင်ရပါလိမ့်မယ်။



ဖတ်ရှုမှုအများဆုံး