ဆီဂိမ်းပြိုင်ပွဲ အမျိုးသားဘောလုံးပွဲစဉ် နောက်ဆုံးဗိုလ်လုပွဲတွင် မြန်မာ ယူ-၂၃ အသင်းသည်ထိုင်း
အသင်းကို သုံးဂိုးပြတ် ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ယင်းရလဒ်အပေါ် စင်ကာပူရောက် မြန်မာပရိသတ်
များက ကျေနပ်ကြောင်း ပြောသည်။
အဆိုပါပွဲစဉ်တွင် မြန်မာအသင်းသည် ထိုင်းအသင်းကို ပထမပိုင်းတွင် ဂိုးမရှိသရေကစားနိုင်ခဲ့သော်
လည်း ဒုတိယပိုင်းတွင် ဂိုးများ ပေးခဲ့ရပြီး ဒုတိယဆုဖြင့်သာ ကျေနပ် ခဲ့ရခြင်းဖြစ်သည်။
စင်ကာပူတွင် နေထိုင်သည်မှာ ခြောက် နှစ်ခန့် ကြာပြီဖြစ်သော ကိုမင်းခန့်က "ဒုတိယပဲ ရတယ်
ဆိုပေမယ့် ကျွန်တော် ကတော့ ကျေနပ်ပါတယ်။ ထိုင်းဆိုတာ တကယ်ကောင်းတဲ့အသင်းလေ။
ကျွန်တော် တို့ထက် အစစအရာရာ ကောင်းတဲ့အသင်းတစ်သင်းပါ။ မြန်မာဘောလုံးပွဲတွေ ဒီမှာ
ရှိတိုင်း အားပေးဖြစ်တယ်။ ဒါပေမဲ့ ဒီမြန်မာ ယူဪ၂၃ က တခြားအသင်းတွေနဲ့မတူပါဘူး။
ထူးခြားတယ်။ ကစားသမားတွေကလည်း စည်းကမ်းရှိတယ်လို့ထင်တယ်။ ဒီအသင်းကို
ဒီလောက်ထိ ဖြစ်လာမယ်လို့တောင် မထင်ခဲ့မိဘူး။ အခုထိ ကစားသမားနာမည်တွေ
အားလုံးမသိပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ ကြိုးစားမှုကိုတော့ အသိအမှတ်ပြုပါတယ်"ဟု ပြောသည်။
"မြန်မာ ယူ-၂၃ အသင်းကို အားရတယ်ဗျာ။ သူတို့အရမ်းကြိုးစားကြတယ်။ ကျွန်တော်
ကြားတာတော့ ဒီပြိုင်ပွဲမတိုင်ခင်အထိ သူတို့ကို ပရိသတ်ကရော ဘောလုံးအသိုင်း အဝိုင်းက
လူတော်တော်များများကပါ မမျှော်လင့်ခဲ့ကြဘူးကြားတယ်။ ဒါပေမဲ့ သူတို့ကြိုးစားခဲ့တယ်လေ။
သူတို့ရဲ့ ကြိုးစားမှု ကြောင့် ပရိသတ်ရဲ့အားပေးမူကို ရတာပေါ့"ဟု ကိုဝင်းမင်းစိုးက ပြောသည်။
"ဗိုလ်လုပွဲမှာတွေ့တာ ထိုင်းလေ။တကယ်ပြင်ဆင်မှုကောင်းတဲ့ အသင်းပေါ့။ ကျွန်တော်တို့ ယူ-၂၃ ကို
ပြန်ကြည့်မယ် ဆိုရင် အုပ်စုမှာကတည်းက နည်းနည်းချောင်တယ်လို့ ပြောလို့ရတယ်ဗျ။ အိမ်ရှင်
စင်ကာပူနိုင်ငံလောက်ပဲ ကြောက်ခဲ့ရတာ။ အင်ဒိုနီးရှားကတော့ ထားလိုက်ပါတော့။ သိပ်မကွာတဲ့
အသင်းဆိုတော့။ ဒါပေမဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှု တွေလည်းပါခဲ့ပါတယ်။ ဆီမီးမှာ
ဗီယက်နမ်နဲ့ တွေ့တယ်။ ကံတရားက ကိုယ့်ဘက်ရှိခဲ့ တယ်။ ထိုင်းနဲ့ပွဲမှာတော့ ကံထပ်မကောင်းခဲ့
ဘူးပေါ့ဗျာ။ ထိုင်းကစားသွားတာ အရမ်း ကောင်းတယ်။ ကစားသမားတွေက ကြိုးစားတယ်ဆိုပေမယ့်ဗျာ
ရှစ်တန်းကလေး တစ်ယောက်ကို ၁၀ တန်းစာ ကျက်ခိုင်းဖို့ တော့ မဖြစ်နိုင်ဘူးလေ။ ကျွန်တော်တို့
ကျေနပ်ရမှာပေါ့"ဟု ကိုသန်းဌေးဦးက ပြောသည်။
မြန်မာ ယူ-၂၃ အသင်းသည် ပြီးခဲ့သည့်၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပ
ခဲ့သော (၂၇)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။၂၀၀၇ ခုနှစ်က
ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၂၄)ကြိမ်မြောက် ဆီးဂိမ်းတွင်ငွေတံဆိပ်ရရှိပြီး ရှစ်နှစ်အကြာတွင်
ငွေတံဆိပ်ကို ပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။အဆိုပါ ဆီးဂိမ်းတွင်လည်း ဗိုလ်လုပွဲတွင် ထိုင်းကို
၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး ဒုတိယဖြင့်ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
မြန်မာ ယူ-၂၃ အသင်းသည် ပြိုင်ပွဲ၏ အုပ်စု(က)တွင်အိမ်ရှင်စင်ကာပူ၊ အင်ဒို နီးရှား၊ ကမ္ဘောဒီးယား၊
ဖိလစ်ပိုင်အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး လေးပွဲကစား သုံးပွဲနိုင်၊ တစ်ပွဲသရေဖြင့်
အုပ်စု ပထမရရှိကာ ဆီမီးဖိုင်နယ်သို့ တက် ရောက်နိုင်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်အသင်းကို
၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ဖိုင်နယ်တွင် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့ ရခြင်းဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်း
နည်းပြချုပ်ဦးကြည်လွင်က "ဒီအရှုံးရလဒ်အတွက် ကျွန်တော်တာဝန်ယူပါတယ်။ ကျွန်တော့်
ကစားသမားတွေက အတွေ့အကြံု နည်းပါ သေးတယ်"ဟု ပွဲအပြီးတွင် ပြောကြား ခဲ့သည်။















