မာလီ(သို့မဟုတ်) ပြင်သစ်အခြေစိုက် ကစားသမားတွေရှိတဲ့အသင်း

မာလီ(သို့မဟုတ်) ပြင်သစ်အခြေစိုက် ကစားသမားတွေရှိတဲ့အသင်း

နယူးဇီလန်မှာကစားနေတဲ့ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပွဲ ကွာတားဖိုင်နယ်မှာ အာဖရိကက မာလီ
အသင်းက ဂျာမနီအသင်းကို ပင်နယ်တီ နဲ့ အနိုင်ရလိုက်တော့ မီဒီယာတွေက shock ဆိုပြီး
ရေးသားနေခဲ့ကြပါတယ်။

ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရတာကို shock  တဲ့၊ သဘာဝမကျလိုက်တာ။ အသက်အကန်
့အသတ်နဲ့ ကစားရတဲ့ပွဲမှာ အသင်းကြီးငယ်မရွေးဘူးဆိုတာကိုတော့ မေ့လျော့နေခဲ့ကြပါတယ်။
အခုဆိုရင် အာဖရိကက မာလီနဲ့ ဆီနီဂေါ နှစ်သင်းတောင် ဆီမီးဖိုင်နယ်ကိုတက်သွားခဲ့ကြပြီ
ဖြစ်ပါတယ်။ မာလီ၊ ဆီနီဂေါနဲ့အတူ ဘရာဇီးလ်နဲ့ ဆားဘီးယားတို့ပါ ဆီမီး ဖိုင်နယ်တက်သွားလို့
အရေအတွက်နဲ့ကြည့် လိုက်ရင် နယူးဇီလန်ပွဲက အာဖရိကအသင်း တွေ အောင်မြင်မှုရတဲ့ပွဲပဲဖြစ်ပါ
တယ်။

မာလီနဲ့ ဆီနီဂေါက အုပ်စုကစားတော့ အုပ်စုတတိယ ရပြီး ရှုံးထွက်ကိုတက်လာကြလို့ ဒီနှစ်သင်း
ဆီမီးဖိုင်နယ်တက်လာမယ်လို့ ဘယ်သူကမှ ထင်မထားကြပါဘူး။ အုပ်စုအဆင့်က ထိပ်သီး
အသင်းဖြစ်တဲ့ အာဂျင်တီးနား အုပ်စုအဆင့်ကပဲ ထွက်လိုက်ရသလို အုပ်စုမှာ ခြေစွမ်းပြခဲ့တဲ့
ဂျာမနီနဲ့ ပေါ်တူဂီတို့ ချန်ပီယံဖြစ်နိုင် တယ်ထင်ရပေမယ့် အခုတော့ ဒီနှစ်သင်း ထွက်ခွာသွား
ရပြီဖြစ်ပါတယ်။ ဒါပေမဲ့ မာလီနဲ့ ဆီနီဂေါတို့လို အသင်းငယ်လို့ သတ်မှတ်ထား တဲ့ အသင်းတွေဟာ
ဘရာဇီးလ်နဲ့ ရင်ပေါင်တန်းလာခဲ့ပြီဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ မာလီက ဥရောပအသင်း
ဆားဘီးယားနဲ့ တွေ့နေပြီး ဆီနီဂေါက ဘရာဇီးလ်နဲ့ တွေ့နေပြီ ဖြစ်ပါတယ်။

ဒီအထိရောက်တဲ့တိုင်အောင် အထင်ကြီးခြင်း မခံရသေး ဘဲ ဖြစ်နေပါတယ်။ ဆီမီး ဖိုင်နယ်မှာလည်း
ဒီနှစ် သင်းက အောက်အသင်း တွေ ဖြစ်နေကြဦးမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လျှော့မတွက်သင့်တဲ့ အာဖရိကအသင်း တွေဆိုတာကိုတော့ မေ့ထားလို့မရပါဘူး။ မာလီဟာ အုပ်စုမှာ ဥရုဂွေး၊
ဆားဘီးယား၊ မက္ကဆီကိုတို့နဲ့အတူ ကျခဲ့တာပါ။ အုပ်စုမှာ ကတည်းက မာလီဟာ အုပ်စု က
ကျော်မယ်လို့ ထင်ထားခဲ့ကြတာ မဟုတ် ပါဘူး။ မာလီအနေနဲ့ အုပ်စုကျပ်တယ်လို့ပဲ ထင်
ထားခဲ့ကြပါတယ်။ အုပ်စုကစားတော့ မာလီဟာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ကစားခဲ့ပြီး
အုပ်စုတတိယရခဲ့ပါတယ်။မက္ကဆီကိုကို ၂-၀ နဲ့ နိုင်၊ ဆားဘီးယားကို ၂-၀ နဲ့ရှုံး၊ ဥရုဂွေးကို ၁-၁
သရေကစားခဲ့တာပါ။ အကောင်းဆုံးအုပ်စု တတိယရတဲ့အသင်းအနေနဲ့ မာလီဟာ နောက်တစ်ဆင့်ကို
တက်လာခဲ့တာ ဖြစ်ပါ တယ်။ ရှုံးထွက်မှာ မာလီဟာ အာဖရိက အသင်းတစ်သင်းဖြစ်တဲ့ ဂါနာနဲ
့တွေ့တော့ လည်း မာလီပြုတ်မှာပဲလို့ ထင်ထားခဲ့ကြပါတယ်။

ဂါနာက အာဖရိကမှာ အင်အားကြီးတဲ့ အသင်းဖြစ်သလို အုပ်စုမှာလည်း အုပ်စု ပထမနဲ့
တက်လာခဲ့တဲ့အသင်း ဖြစ်နေခဲ့ပါတယ်။ တကယ်တမ်းကစားတော့ ဂါနာဟာ မာလီကို ၃-၀ န
့ဲရှုံးသွားခဲ့ပါတယ်။ မာလီ ကွာတားဖိုင်နယ်မှာ တွေ့တဲ့အသင်းက ဂျာမနီ ဖြစ်နေခဲ့ပြန်တော့
မာလီရဲ့နောက်ဆုံးပွဲစဉ်လို့ပဲ ထင်ထားခဲ့ကြပါတယ်။ တကယ်တမ်းကစားလိုက်ပြန်တော့
အုပ်စုမှာ ခြေစွမ်းပြတဲ့ ဂျာမနီဟာ မာလီကို အနိုင်မယူနိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ ဂျာမနီ
အနိုင်ရနေပေမယ့် ဒုတိယပိုင်းမှာ မာလီရဲ့ချေပဂိုးသွင်းတာခံလိုက်ရပါတယ်။ ၅၈ မိနစ်မှာ
မာလီ ချေပဂိုးသွင်းလိုက်လို့ ဂျာမနီ အနေနဲ့ အနိုင်ဂိုးတွေထပ်သွင်းဖို့ အချိန်ရှိနေ ခဲ့ပါတယ်။

ဒါပေမဲ့ ဂျာမနီ ထပ်ပြီးဂိုးမသွင်း နိုင်လို့ သရေကျသွားကာ အချိန်ပိုကစား တော့လည်း ဂျာမနီ
ဂိုးမသွင်းနိုင်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ် ကစားလိုက်ရပါ တယ်။ ဂျာမနီကန်တဲ့ ပင်နယ်တီက
ထပ်ပြီး လွဲချော်သွားလို့ မာလီဟာ ဆီမီးဖိုင်နယ် ရောက်တဲ့အသင်း ဖြစ်လာခဲ့တာဖြစ်ပါတယ်။
မာလီမှာ ကံကောင်းခြင်းတွေ ပြည့်နှက်နေခဲ့ ပါတယ်။ ဂျာမနီကိုနိုင်ပြီးတော့ မာလီနည်းပြ ဒီရာရာက
"ကျွန်တော့်အသင်း ဒီလောက် ရောက်လာမယ်လို့ အစောပိုင်းက ထင်မထား ခဲ့ဘူး။ အခုတော့
ကိုယ်ကိုယ်ကိုယ်ယုံကြည်မှု က မြင့်သထက်မြင့်လာခဲ့ပါပြီ။ ခြေလှမ်းတွေ ကို တစ်လှမ်းပြီးတစ်လှမ်း
လျှောက်လှမ်းနိုင်ခဲ့ တာပါ။ ဒီပြိုင်ပွဲရဲ့ အံ့ဩစရာအကောင်းဆုံး တွေထဲမှာ မာလီလည်း ပါလာခဲ့ပြီဖြစ်
ပါတယ်။ နောက်တစ်ဆင့်အတွက် အဆင်သင့် ပါပဲ"လို့ ပြောဆိုသွားခဲ့ပါတယ်။

သူတို့မှာ ယုံကြည်မှုပြည့်ဝသွားတာ သေချာနေပါ တယ်။ လာမယ့် ဆီမီးဖိုင်နယ်မှာ အုပ်စုမှာ
အတူကျခဲ့တဲ့ ဆားဘီးယားနဲ့ တွေ့လိုက်ခြင်း ကလည်း မာလီအတွက် ပြင်ဆင်လို့ လွယ်ကူနိုင်တဲ့
အခြေအနေပဲ ဖြစ်ပါတယ်။ အုပ်စုမှာ တုန်းက မာလီဟာ ဆားဘီးယားကို ၂ဪဝ နဲ့ ရှုံးနိမ့်ထားလို့
ဆားဘီးယားအတွက် အခွင့် ကောင်းလို့ ထင်စရာဖြစ်ပေမယ့် ရှုံးနိမ့်ခဲ့တဲ့ မာလီအတွက်
ဂရုတစိုက်ပြင်ဆင်ရတာကိုလည်း ထည့်သွင်း စဉ်းစားရမှာဖြစ်ပါတယ်။ ဆားဘီးယားဟာ
ရှုံးထွက်အဆင့်မှာ ဟန်ဂေရီနဲ့တွေ့ပြီး ဟန်ဂေရီ ဦးဆောင်ဂိုး သွင်းတာကို ခံရပေမယ့် ပွဲပြီးခါနီးမှာ
ချေပဂိုးသွင်းလို့သရေကျကာ အချိန်ပို ကစားတော့ ဆားဘီးယားက အနိုင်ဂိုးသွင်း လို့ ကွာတား
ဖိုင်နယ်ကို တက်လာခဲ့တာ ဖြစ် ပါတယ်။ ကွာတားဖိုင်နယ်မှာ ဆားဘီးယား ဟာ အမေရိကန်နဲ
့တွေ့ပြီး မိနစ် ၁၂၀ အထိ ဂိုးမရှိသရေကျလို့ ပင်နယ်တီအဆုံးအဖြတ် ကန်တော့မှ ဆားဘီးယားဟာ
အနိုင်ရပြီး တက်လာခဲ့တာဖြစ်ပါတယ်။ ရှုံးထွက်ပွဲတွေမှာ ဆားဘီးယား နှစ်ဂိုးသာသွင်းနိုင်ပေမယ့်
မာလီဟာ လေးဂိုးသွင်းထားခဲ့ပါတယ်။

မာလီရဲ့ခြေစွမ်းဟာ တဖြည်းဖြည်းတိုးတက်လာနေခဲ့တာဖြစ်ပါတယ်။ မာလီတိုက်စစ်မှူး Gbakle
ကလည်း သူတို့ အသင်းဟာ ဗိုလ်လုပွဲကို ရောက်လာနိုင်တဲ့ အသင်းလို့ပြောဆိုလိုက်ပြီဖြစ်ပါတယ်။
မာလီ အသင်းက ကစားသမားတွေကိုကြည့်လိုက်ရင် အဓိကကစားသမားတွေဟာ ပြင်သစ်ကလပ်
လိုင်လီလူငယ်အသင်းက ကစားသမားတွေ ဖြစ်နေတယ်ဆိုတာကို တွေ့ရမှာပဲ ဖြစ်ပါ တယ်။
မာလီအတွက် အဓိကဂိုးတွေသွင်းထားတဲ့သူတွေက ွGbakle,Adama Traore တို့ဖြစ်ပါတယ်။
သူတို့နှစ်ယောက်ဟာ လိုင်လီ မှာ အတူကစားနေတဲ့ ကစားသမားတွေဖြစ် သလို ကွင်းလယ်က
ဖန်တီးရှင် Kone ဟာလည်း လိုင်လီကစားသမားဖြစ်နေခဲ့ပါတယ်။ ဒီသုံးယောက်အတွဲက မာလီကို
အခုလိုဆီမီး ဖိုင်နယ်ကို ရောက်စေခဲ့တာ ဖြစ်ပါတယ်။ မာလီအနေအထားနဲ့ကြည့်ရင်အသင်းငယ်
လေးလို့ထင်ရပေမယ့် အဓိကအားထားရသူ တွေက ပြင်သစ်မှာ အခြေစိုက်ထားသူတွေဖြစ်နေ
တာက မာလီကို လျှော့တွက်လို့မရတဲ့အချက်ပဲဖြစ်ပါတယ်။

တိုက်စစ်မှူး Gbakle  အရည်အသွေးက ကလပ်မှာထက်အခုပြိုင်ပွဲရောက်မှ တောက်ပလာတာ
ဖြစ်ပေမယ့် နောက်ချန်တိုက်စစ် မှူး Traore ဟာ လိုင်လီမှာ ကတည်းက အလားအလာရှိ
လူငယ်တိုက်စစ် မှူးဖြစ်နေခဲ့တာဖြစ်သလို မာလီလက်ရွေး စင်အသင်းကြီးမှာတောင် အရွေး
ခံထားရသူ ဖြစ်နေခဲ့ပါတယ်။ Traore  ရဲ့ ခြေစွမ်းအပေါ် မှာ မာလီပြည်သူတွေက
အများကြီးမျှော်လင့် ထားခဲ့ပေမယ့် တိုက်စစ်မှူး ွဘေုူန ရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး
မာလီပြည်သူတွေ တောင် မသိခဲ့ကြဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြ ဒီရာရာကတော့
Gbakle လို့ စောင့်ကြည့်နေခဲ့တာ အတော်ကြာပြီလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီသုံးယောက်လိုပဲ မာလီဂိုးသမား Djigui ဟာလည်း အဓိကကျသူတစ်ဦးပဲ ဖြစ်ပါတယ်။
အစောပိုင်းက သူဟာဦးစားပေး ဂိုးသမားမဟုတ်ခဲ့ဘဲ ဦးစားပေးဂိုးသမား Sory ဒဏ်ရာရ
သွားတဲ့အခါမှာ သူဟာ နေရာရလာပြီး အစွမ်းကုန် ကြိုးစားရင်း အခုလို ဦးစားပေးနေရာရ
ခဲ့သလို ဂျာမနီရဲ့ ပင်နယ်တီတွေလွဲချော်ခဲ့မှုမှာ အဓိက ကစား သမားဖြစ်လာခဲ့ရတာပဲဖြစ်ပါတယ်။
ကြံ့ခိုင် တောင့်တင်းတဲ့မာလီရဲ့ ကစားပုံဟာ ပွဲကစား တာများလာတာနဲ့အမျှ ကစားပုံတက်လာ
ခြင်းက ဆီမီးဖိုင်နယ်မှာ ထပ်မံတွေ့ဆုံမယ့် ဆားဘီးယားအတွက် ခက်ခဲမယ့်ပွဲဖြစ် လာစေမှာ
သေချာပါတယ်။ မာလီအနေနဲ့ ဆားဘီးယားနဲ့အတွေ့မှာ နောက်ထပ်ရှုံးပွဲ တွေ့နိုင်ဖို့ထက်
အောင်ပွဲတွေ့ဖို့သာများနေတယ်လို့မြင်မိလို့ အာဖရိကအသင်းလေး မာလီရဲ့အောင်မြင်မှုက
စိတ်ဝင်စားဖွယ် ဖြစ်နေပါတယ်။

သူတို့လို့ပဲ နောက်ထပ် အာဖရိကအသင်းတစ်သင်းဖြစ်တဲ့ ဆီနီဂေါဟာလည်း ဆီမီးဖိုင်နယ်ကို
တက်လာနိုင်ခဲ့ပေ မယ့် သူတွေ့နေတာက ဘရာဇီးလ်ဖြစ်နေတာ ရယ်၊ မာလီလောက်အသင်း
လိုက်တောင့်တင်း ခြင်းမရှိတာရယ်တို့ကြောင့် မာလီလောက်တော့ အားကောင်းခြင်းမရှိတဲ့
အနေအထား ဖြစ်လို့ လိုင်လီအခြေစိုက်ကစားသမားတွေရှိတဲ့ မာလီဟာ အာဖရိကရဲ
့နှလုံးသားဖြစ်လာ မယ်လို့ ယူဆနေမိပါရဲ့...။



ဖတ်ရှုမှုအများဆုံး