ဘာစီလိုနာအတွက် ၂၀၁၅ ဟာ အောင်မြင်တဲ့နှစ်တစ်နှစ်ဖြစ်ခဲ့တယ်။
နည်းပြအင်းနရစ်ဟာလည်း ဂွာဒီယိုလာလိုပဲ ဘာစီလိုနာကို လာခြင်းကောင်းသူ ဖြစ်ခဲ့တယ်။
ဒါပေမဲ့ ၂၀၁၅ ဟာ ဘာစီလိုနာအတွက် အကောင်းတွေချည်း စုဝေးနေတဲ့ရာသီတစ်ခုတော့
မဟုတ်ခဲ့ပါဘူး။
ကွင်းအတွင်းမှာ အောင်မြင်မှုတွေရခဲ့ပေမယ့် ကွင်းပြင်ပအသင်းအတွင်းမှာတော့ အရှုပ်အထွေးတွေနဲ့
အကျပ်အတည်းကြံုခဲ့ရ တဲ့ ရာသီတစ်ခုဖြစ်ခဲ့တယ်။ နေမာကို ခေါ်ယူ ရာမှာ တရားမဝင်လုပ်ဆောင်ခဲ့
မှုတွေနဲ့ စခဲ့တဲ့ ဘာစီလိုနာရဲ့ဇာတ်လမ်းမှာ အသင်း ဥက္ကဋ္ဌရိုဆဲလ်ရာထူးမှ ထွက်ပေးလိုက်ရတဲ့
အထိ ဖြစ်သွားခဲ့တယ်။
ပြဿနာတွေက ဒီနေရာမှာတင် အဆုံး မသတ်ခဲ့ပါဘူး။ လူငယ်ကစားသမားတွေကို တရားမဝင်
ချဉ်းကပ်ခေါ်ယူမှုတွေကြောင့် ဘာစီလိုနာဟာ ကစားသမားအပြောင်းအရွှေ့ ဈေးကွက်မှာပါ
အပိတ်ခံခဲ့ရတယ်။ ၁၂ လ ကြာ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ ဘာစီလိုနာအတွက်တော့ အယူခံတင်မှုကြောင့်
ပိတ်ပင် ခံရတဲ့ ကာလ ကို ရက်ရွှေ့ပေး ခဲ့လို့ ပြီးခဲ့တဲ့ရာသီမစမီကတည်းက အပြောင်းအရွှေ့ဈေးကွက်
မှာ အပိတ်ခံရမယ့်အစား ဇန်နဝါရီရောက်မှ ကစားသမားဝယ်ယူခွင့် အပိတ်ခံခဲ့ရလို့ နည်းနည်းတော့
သက်သာရာရခဲ့တယ်။
ပြဿနာတွေ အဆိုးဆုံးကတော့ ၂၀၁၅ အစမှာပဲဖြစ်တယ်။ နည်းပြ အင်းနရစ်နဲ့ မက်ဆီတို့ကြားမှ
အကွဲအပြဲသတင်းတွေနဲ့ အတူ ဘာစီလိုနာရဲ့အနေအထားဟာလည်း ပြိုလဲသွားတော့မယ့်
အခြေအနေမျိုးအထိတောင် ရောက်သွားခဲ့ပေမယ့် ဒီလိုပြဿနာ တွေကပဲ သူတို့အတွက်
တွန်းအားတွေပြန်ဖြစ် ခဲ့တာလားတော့မပြော တတ်ပါဘူး။ အဲဒီအချိန်ကစလို့ တောက်လျှောက်
တက်လာခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ရာသီသိမ်း ချိန် မှာတော့ အောင်မြင်မှုတွေနဲ့ အဆုံးသတ်နိုင်
ခဲ့တယ်။ ၂၀၁၅ အစမှာ ထွက်ပေါ်လာခဲ့တဲ့ မက်ဆီ နဲ့ အင်းနရစ်တို့ကြားမှ ပြဿနာသတင်းတွေ
ကလည်း ရာသီသိမ်းချိန်မှာ ပြန်ပေါ်လာ တယ်။ သူတို့နှစ်ယောက်ကြား အဆင်မပြေမှု တွေကြောင့်
တစ်ယောက်ယောက်ကိုတော့ လက်လွှတ်ဆုံးရှုံးလိုက်ရတော့မယ့် အနေ အထားမျိုးအထိဖြစ်လာတဲ့
အခါမှာ လက်ရှိ ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌဘာတိုမြူအတွက် လည်း ဒီကိစ္စကို အရင်ဆုံးဖြေရှင်းနိုင်ဖို့
ကြိုးစားမှုတွေလုပ်ရဖို့ဖြစ်လာတယ်။
ဘာစီလိုနာအသင်း ရဲ့ ဒီလိုမတည်ငြိမ်မှု တွေဟာ အသင်း အတွက် တကယ်ဦးဆောင်နိုင်မယ့်
ဥက္ကဋ္ဌ တစ်ဦး လိုအပ်နေပြီဆိုတာလည်း မီးမောင်း ထိုးပြသလို ဖြစ်လာတယ်။ ဘာစီလိုနာ
ဥက္ကဋ္ဌအဆက်ဆက်ကို ပြန်ကြည့်ရင်လည်း အသင်းအတွင်းမှာ အောင်မြင်မှု ဆုဖလား တွေ
ရချင်ရခဲ့မယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ သူတို့အများစုဟာ အသင်းကြံုတွေ့နေရတဲ့ ပြဿနာအများစုကို
သေချာဖြေရှင်းပေးနိုင် တဲ့ စီမံခန့်ခွဲနိုင်မှုမျိုးကို လုပ်နိုင်စွမ်းနည်းခဲ့ကြတယ်။ ဒါကြောင့်လည်း
ဘာစီလိုနာ ဘုတ်အတွင်းမှ အားနည်းမှုတွေဟာ အခု နောက်ပိုင်းမှာ ပိုလို့ထင်ထင်ပေါ်ပေါ်
ဖြစ်လာ ခဲ့တယ်။ ဘာစီလိုနာမှာ ရိုဆဲလ်ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်သွားပြီးတဲ့နောက် တကယ်တမ်း
ပြန်ကြည့်ရင် အသင်းအပေါ် အာဏာအပြည့် အဝရှိတဲ့ဥက္ကဋ္ဌ တစ်ဦးမရှိသေးဘူး။ဘာတိုမြူ ဆိုတာ
ကဒီဥက္ကဋ္ဌရာထူးကို ယာယီ တာဝန်ယူပေးထားတဲ့သူဖြစ်လို့ သူ့အတွက် လုပ်ပိုင်ခွင့် အပိုင်းမှာ
လိုအပ်နေတာမျိုးတွေရှိနေနိုင်သေးပါတယ်။
ဘာတိုမြူဟာ လာမယ့်ဘာစီလိုနာဥက္ကဋ္ဌ ရွေးပွဲမှာ ၀င်ရောက်အရွေးခံဖို့ ရှိနေလို့ ဘုတ်အဖွဲ့ဝင်
အဖြစ်မှ မနုတ်ထွက်ပေးရသေးခင် အချိန်မှာပဲ အသင်းအတွက် သူလုပ်နိုင်သမျှ ကို လုပ်ပြပြီး
သူ့အရည်အချင်းကို ထုတ်ပြခဲ့ တယ်။ အသင်းမှထွက်တော့မယ်လို့ ထုတ်ပြော ထားတဲ့
အဲလ်ဗက်စ်နဲ့ ချန်ပီယံဖလားသုံးလုံး စလုံးရချိန်မှာတောင် သူ့ရဲ့အနာဂတ်ဟာ ဘာစီလိုနာမှာ
ဆက်ရှိဖို့မသေချာသေးပါဘူး ဆိုတဲ့ နည်းပြအင်းနရစ်တို့နှစ်ဦးကို အသင်း မှာ ဆက်ရှိအောင်
ဘာတိုမြူက စွမ်းဆောင်ပြ နိုင်ခဲ့ပြီး ဆီဗီလာနောက်ခံလူ ဗီဒယ်လ်ကိုလည်း အပြောင်းအရွှေ
့ဈေးကွက်ဖွင့်တာနဲ့ တစ်ပြိုင်နက် ချက်ချင်းဆိုသလိုခေါ် ယူစာချုပ် ပြီး အသင်းအတွက် ဖြည့်ဆည်း
တာမျိုးကို လက်သွက်ခြေသွက် လုပ်ပြခဲ့တယ်။ နောက်တစ်ချက် ဘာတိုမြူရဲ့ စွမ်းဆောင်
နိုင်မှုကတော့ ဘာစီလိုနာရဲ့ဥက္ကဋ္ဌသစ်ရွေးပွဲ ကို အချိန်စောပြီးလုပ်နိုင်ဖို့ ဆုံးဖြတ်နိုင်ခဲ့တာပါပဲ။
ပုံမှန်ဆိုရင် ဘာစီလိုနာရဲ့ ဥက္ကဋ္ဌရွေးပွဲ ကို လာမယ့် ၂၀၁၆ ခုနှစ်မှကျင်းပဖို့ရှိ ပေမယ့်လည်း
ဘာတိုမြူကတော့ အဲဒီအချိန်အထိ မစောင့်သွားဖို့ကြိုးစားပြီး လာမယ့်ဇူလိုင်လ ၁၈ ရက်နေ့မှာပဲ
ဥက္ကဋ္ဌသစ်ရွေးပွဲကို ကျင်းပဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါဟာ ဘာတိုမြူအတွက် မှန်ကန်တဲ့ ဆုံးဖြတ်မှု
တစ်ခုလို့ ဆိုနိုင်တယ်။ ဘာလို့လဲဆိုတော့ အပေါ်မှာပြောခဲ့သလိုပဲ ဘာစီလိုနာ ဘုတ်အဖွဲ့အတွင်း
မှာက လုပ်ပိုင်ခွင့်အပြည့် အဝရှိတဲ့ ဥက္ကဋ္ဌတစ်ဦးမရှိသေးတဲ့အခါ အဖွဲ့ဝင်အချင်းချင်းကြားမှာ
တင်းမာမှုတွေနဲ့ မတည်ငြိမ်မှုတွေက ရှိနေခဲ့တယ်။
ဒါကိုတစ်ဖက်က မက်ဆီနဲ့ အင်းနရစ်တို့ကြားမှ အကွဲအပြဲသတင်းတွေနဲ့ ဆက်စပ်လိုက်တဲ့အခါမှာ ဘာစီလိုနာအတွင်းမှာ ပေါက်ကွဲတော့မယ့်အနေအထားမျိုးကို ရောက်လာပြီလို့တောင် ဆိုနိုင်တယ်။
ဒါကြောင့် ဒီကိစ္စကို ဘာတိုမြူဟာ အမြန်ဆုံးဖြေရှင်းတဲ့အနေနဲ့ အနာဂတ် မတည်မငြိမ် ဖြစ်နေတဲ့
အင်းနရစ်နဲ့ အဲလ်ဗက်စ် တို့ကို အသင်းမှာဆက်ရှိအောင် ချက်ချင်းပဲ စာချုပ်သစ်ချုပ်ဖို့
ကြိုးစားခဲ့တာဖြစ်တယ်။ ပြီးတာနဲ့ ဥက္ကဋ္ဌသစ်တစ်ဦးအမြန်ဆုံးပေါ်ထွက် လာဖို့ စီစဉ်ခဲ့ပြီး
နောင်တက်လာမယ့် ဥက္ကဋ္ဌ ဟာ ဘယ်သူပဲဖြစ်ပါစေ။ အသင်းကိုတော့ ဖရိုဖရဲမဖြစ်သွားအောင်
ကြိုတင်ထိန်းချုပ်ပြ ခဲ့တဲ့ သဘောမျိုးတွေလည်း တွေ့ရတယ်။ နောက်ပြီး ဒီလိုလက်သွက်ခြေသွက်
လုပ်နိုင်မှု ဟာ တစ်ဖက်မှာလည်း ဥက္ကဋ္ဌရွေးပွဲအတွက် ဘာတိုမြူရဲ့ မဲဆွယ်မှုကောင်းတစ်ခုလိုဖြစ်ခဲ့တယ်
ဆိုတာလည်း တွေ့ရတယ်။
အခုအပြောင်းအရွှေ့ဈေးကွက်မှာ ကစား သမားသစ်တွေအသင်းကို ရောက်လာဖို့မရှိပေမယ့်
လာမယ့် ဇန်နဝါရီအတွက် ကြိုတင် ပြင်ဆင်မှုတွေလုပ်ပြီး ဘာစီလိုနာဟာ သူတို့ရဲ့ အောင်မြင်မှု
အရှိန်ကို ဆက်ထိန်းနိုင်မယ့် ခြေလှမ်းကိုတော့ ပြင်ဆင်နေတဲ့ ပုံပါပဲ။ ဇူလိုင် ၁၈ ဘာစီလိုနာဥက္ကဋ္ဌ
ရွေးကောက်ပွဲပြီးတဲ့အချိန် ဥက္ကဋ္ဌသစ် ဖြစ်လာမယ့်သူကတော့ ဒီလိုကြိုတင်ပြင်ဆင်ထားတဲ့
လမ်းကြောင်းအတိုင်း အလိုက်သင့်ဆက်သွားမှာလား။ ဒါမှ မဟုတ် နောက်ထပ်အပြောင်းအလဲတွေ
လုပ်ပြ ဦးမှာလားဆိုတာကတော့ မသေချာသေးပါ ဘူး။ သေချာတာကတော့အပြောင်းအလဲ
တွေကြားမှာ ဘာစီလိုနာရဲ့ အနာဂတ်ဟာ ပြောင်းလဲသွားနိုင်သေးတယ်ဆိုတာပါပဲ။















