၂၀၁၅ အတွက် ကမ္ဘာ့ဖလားချန်ပီယံရှာဖွေနေတဲ့ ဂျာမနီ၊အ၊မျိုးသမီးအသင်း

၂၀၁၅ အတွက် ကမ္ဘာ့ဖလားချန်ပီယံရှာဖွေနေတဲ့ ဂျာမနီ၊အ၊မျိုးသမီးအသင်း

နာမည်ကြီး ဂျာမနီအမျိုးသမီးဘောလုံး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖလားမရဘဲ ဖြစ်နေတာ
ရှစ်နှစ်ကြာသွားပြီဖြစ်ပါတယ်။

ပြိုင်ပွဲအနေနဲ့ကြည့်လိုက်ရင် ၂၀၀၇ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီးတဲ့နောက် ၂၀၁၁ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
ဂျာမနီအသင်းဟာ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး ချန်ပီယံသရဖူကိုထိန်းနိုင် မယ်လို့ ထင်ထား
ခဲ့ပေမယ့် ကွာတားဖိုင်နယ် မှာတင် ချန်ပီယံဖြစ်မယ့် ဂျပန်အသင်းကို ရှုံးနိမ့်သွားလို့ အိမ်ရှင်ဂျာမနီ
အသင်းရဲ့မျှော်လင့်ချက်တွေ ပျက်သွားခဲ့ရပါတယ်။

နောက်လေးနှစ်အကြာ အခုအချိန်မှာတော့ ဂျာမနီအမျိုးသမီးအသင်းဟာ ကနေဒါနိုင်ငံမှာ
အကောင်းဆုံးတိုက်စစ်အသင်းအဖြစ် ရှိနေခဲ့ပြီဖြစ်သလို ကွာတားဖိုင်နယ်ကိုတက်ရောက်
သွားပြီဖြစ်ပါတယ်။ ကနေဒါ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီနဲ့ အမေရိကန်တို့ဟာ ဗိုလ်စွဲနိုင်မယ့်
အသင်းတွေအဖြစ် ရေပန်းစားနေခဲ့ကြတဲ့ အသင်းတွေဖြစ်ပေမယ့် တကယ်တမ်းဒီနှစ်သင်းဟာ
ဆီမီး ဖိုင်နယ်မှာတင် ထိပ်တိုက်တွေ့ဆုံနိုင်တဲ့ အသင်းတွေဖြစ်နေတာက ရေပန်းစား နှစ်သင်းမှာ
တစ်သင်းဟာ ဗိုလ်လုပွဲနဲ့ဝေးရ မယ့်အနေအထားပဲ ဖြစ်ပါတယ်။ ဂျာမနီရဲ့အသင်းလိုက် ကစားအားက
လက်ရှိကမ္ဘာ့ ဖလားပြိုင်ပွဲဝင် အသင်းတွေထဲမှာတော့ အမေရိကန်တောင်မမီတဲ့အသင်း
ဖြစ်နေတာ က ဂျာမနီအတွက် အားသာချက်ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလား ချန်ပီယံဆုကို ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၇ တို့မှာရယူနိုင်တဲ့ ဂျာမနီ အမျိုးသမီး
အသင်းဟာ ဥရောပခြေစစ်ပွဲကာလမှာကတည်းက အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့တဲ့
အသင်း ဖြစ်ပါတယ်။ ရုရှား၊ အိုင်ယာလန်၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယားတို့လို
အသင်းတွေနဲ့ ခြေစစ်ပွဲကစားခဲ့ပြီး ၁၀ ပွဲကစားရာမှာ ၁၀ ပွဲစလုံး အနိုင်ရခဲ့ သလို သွင်းဂိုးက
၆၂ ဂိုးတောင်ရှိခဲ့တာက ဂျာမနီရဲ့တိုက်စစ်က အကောင်းဆုံးဖြစ်တယ် ဆိုတာကို ပြသနေခဲ့
တာပဲဖြစ်ပါတယ်။ ပေးဂိုး က လေးဂိုးသာရှိခဲ့လို့လည်း အခု ကနေဒါ ပြိုင်ပွဲမှာ ဂျာမနီဟာ
ဗိုလ်စွဲဖို့ ရေပန်းစားခြင်း မှာ အဓိကအချက်ပဲ ဖြစ်ပါတယ်။

အုပ်စုပွဲတွေ ကစားတော့ အိုင်ဗရီကို့စ်နဲ့ ပွဲဦးထွက်မှာ ဂျာမနီဟာ ၁၀ ဂိုးတောင် သွင်းခဲ့သလို
ထိုင်းကို လေးဂိုးပြတ်နဲ့အနိုင်ရကာ နော်ဝေကို ၁ဪ၁ သရေကစားခဲ့ပါတယ်။ အုပ်စုသုံးပွဲမှာ
ဂျာမနီ ဟာ ၁၅ ဂိုးသွင်းထားခဲ့တဲ့ အသင်းပါ။ ကနေဒါ မှာ ယှဉ်ပြိုင်တဲ့ အသင်း ၂၄ သင်းထဲမှာ
ဂျာမနီဟာ တိုက်စစ်အကောင်းဆုံး အသင်းတစ်သင်း ဖြစ်နေပါတယ်။ ရှုံးထွက်အဆင့်မှာလည်း
ဂျာမနီဟာ ဒေသတွင်းပြိုင်ဘက် ဆွီဒင်ကို လေးဂိုးသွင်းခဲ့လို့ ဂျာမနီဟာ ကွာတားဖိုင်နယ် ကို
တက်ရောက်သွားခဲ့ပြီး ပြင်သစ်နဲ့ ကိုရီးယားပွဲက အနိုင်ရမယ့်အသင်းနဲ့ ကွာတားဖိုင်နယ်
ပွဲကစားဖို့ စောင့်ဆိုင်းနေပြီဖြစ်ပါတယ်။

"ကျွန်မတို့ဟာ ပြိုင်ဘက်မရှိအကောင်းဆုံး အသင်းလို့ ယုံကြည်လာပါပြီ။ ဒီနေ့ကျွန်မတို့
အကောင်းဆုံး ကစားသွားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ချန်ပီယံဖြစ်မလာသေးပါဘူး။ ပြင်သစ် နဲ့
ကစားရမယ့်ပွဲအတွက် အာရုံစိုက်ရပါတော့ မယ်"လို့ ဂျာမနီအသင်းရဲ့နည်းပြ ဆဲလ်ဗီယာနိဒ်က
ဆွီဒင်ကို အနိုင်ရအပြီးမှာ ပြောဆို သွားခဲ့ပါတယ်။ အဲဒီအချိန်က ပြင်သစ်-တောင်ကိုရီးယားပွဲက
မကစားရသေးပါဘူး။ ဒါပေမဲ့ သူဟာ တောင်ကိုရီးယားထက် ပြင်သစ်ကိုပဲ ပိုပြီး ဂရုစိုက်ထားတာ
ကိုလည်း ထူးခြားစွာတွေ့လိုက်ရပါတယ်။ အသက် ၅၁ နှစ်ရှိပြီ ဖြစ်တဲ့ ဆဲလ်ဗီယာနိဒ်ဟာ ၂၀၀၃
ချန်ပီယံ ဂျာမနီအသင်း၊ ၂၀၀၇ ချန်ပီယံဂျာမနီအသင်း တို့ရဲ့ လက်ထောက်နည်းပြအဖြစ်နဲ့ရော
နည်းပြအဖြစ်နဲ့ပါ အောင်မြင်မှုတွေ ရယူခဲ့တဲ့ ဂျာမနီရဲ့ အောင်မြင်မှုရှိတဲ့ အမျိုးသမီးနည်းပြ
တစ်ဦးပဲဖြစ်ပါတယ်။ ၂၀၁၁ ပြိုင်ပွဲမှာ ချန်ပီယံ သရဖူကို ကာကွယ်နိုင်ဖို့မျှော်လင့်ခဲ့ပေမယ့်
အောင်မြင်မှု မရလိုက်တဲ့အတွက်ကြောင့် နိဒ်ဟာ အခု ၂၀၁၅ ပြိုင်ပွဲမှာ အောင်မြင်မှု ရဖို့
အားထုတ်နေခဲ့တာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲ ပြီးသွားရင် ဆဲလ်ဗီယာနိဒ်ဟာ ဂျာမနီ အမျိုးသမီး
လက်ရွေးစင်အသင်းနဲ့ လမ်းခွဲတော့မှာ ဖြစ်ပါတယ်။ သူဟာ ဥရောပ အမျိုးသမီး ချန်ပီယံ
ရှစ်ပြိုင်ပွဲတွေမှာ ဂျာမနီအသင်းကို ၁၉၉၇၊ ၂၀၀၁၊ ၂၀၀၅၊ ၂၀၀၉၊ ၂၀၁၃ တို့မှာ ချန်ပီယံဖလားတွေ
ရယူပေးခဲ့တဲ့ ဂျာမနီ နည်းပြတစ်ဦးပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲပြီးရင် သူ့နေရာကို စတက်ဖီဂျုံးစ်နဲ့
အစားထိုးတော့ မှာဖြစ်ပါတယ်။ ၂၀၁၁ က ဂျပန်ရဲ့ ထိုးနှက်ခြင်း ကို ခံခဲ့ရလို့ ဒီဝေဒနာတွေကို
ကနေဒါမှာ ကုစားနိုင်ဖို့ ဆဲလ်ဗီယာနိဒ်ဟာ အားထုတ် နေခဲ့တာပဲဖြစ်ပါတယ်။

ကနေဒါ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘောလုံးကွင်းတွေဟာ မြက်ခင်းတု ကွင်းတွေဖြစ်နေပြီး
ခြောက်သွေ့မှုဒဏ် ခံရ တဲ့အတွက် ကွင်းတွေက မာကျောနေတာကြောင့် ကစားရတာ
အဆင်မပြေသလို ဖြစ်နေ လင့်ကစား ဂျာမနီဟာ အမြန်နှုန်းတင်ကစားပြီး အသာစီးယူ
ကစားနိုင်တဲ့အတွက်ကြောင့် နိဒ်အတွက်တော့ အမေရိကန်၊ ပြင်သစ်၊ ဘရာဇီးလ်၊ နော်ဝေ
နည်းပြထက်စာရင် ဖိအား လျော့သွားတာကလည်း ဂျာမနီအတွက်အားသာချက်ဖြစ်နေခဲ့ပါတယ်။
Attack Attack Attack ဆိုတာက ဆဲလ်ဗီယာနိဒ်ရဲ့ ဂျာမနီအသင်းကစားဟန်ပဲ ဖြစ်ပါတယ်။
ဒီကစားဟန်ကြောင့်လည်း ခြေစစ်ပွဲ ၁၀ ပွဲမှာ ၆၂ ဂိုးသွင်းထားခဲ့တာဖြစ်သလို ကနေဒါမှာ
လေးပွဲကစားအပြီးမှာ ၁၉ ဂိုးသွင်းထားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းက ချန်ပီယံ
လိဂ်အမျိုးသမီးပြိုင်ပွဲဗိုလ်လုပွဲမှာ ဂျာမန်ကလပ် ဖရန့်ဖတ်အသင်းက ပြင်သစ်ကလပ် ပီအက်စ်ဂျီကို
အနိုင်ရဗိုလ်စွဲခဲ့ခြင်းက ဂျာမနီအသင်း ကို အထောက်အကူပေးခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်အသင်း အောင်မြင်မှုဟာလည်း ဒီ ပြိုင်ပွဲကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ဂျာမနီ နည်းပြ
ဆဲလ်ဗီယာနိဒ်ဟာ ပြင်သစ်နဲ့ပွဲအတွက် ကြိုတင်သတိထားနေတာပဲ ဖြစ်ပါ တယ်။ ဂျာမနီအသင်း
တိုက်စစ်မှူး ဆဲလ် လီယာ ဆာဆစ်ဟာ ဖရန့်ဖတ်အသင်းက ဖြစ်ပြီး ဂျာမနီအသင်းရဲ့ အဓိက
တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။ ကင်မရွန်းဖခင်နဲ့ ပြင်သစ်မိခင် တို့က မွေးဖွားတဲ့ ဆာဆစ်ဟာ ဂျာမနီ
တိုက်စစ် မှာ မီတက်နဲ့ အတွဲညီညီကစားနေပြီး ကနေဒါကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေတဲ့
တိုက်စစ်မှူးတစ်ဦးပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေက သူ့ရဲ့ကလပ် ဖရန့်ဖတ်အတွက် ချန်ပီယံလိဂ်ဖလား
ရယူပေးခဲ့သလို အခုဂျာမနီအတွက်လည်း သူဟာ ငါးဂိုးသွင်းထားခဲ့သူ ဖြစ်ပါတယ်။

သူနဲ့တွဲဖက်ကစားနေတဲ့ တိုက်စစ်မှူး မီတက်ဟာလည်း ဆွီဒင်ကလပ်မှာ ကစားနေရာက
လာမယ့်ရာသီဆိုရင် ပီအက်စ်ဂျီကလပ်ကို ပြောင်းရွှေ့ကစားတော့မယ့် ဂျာမနီရဲ့ အဓိက
တိုက်စစ်မှူးဖြစ်ပါတယ်။ မီတက်ဟာလည်း ဂျာမနီအတွက် ငါးဂိုးသွင်းထားတဲ့ တိုက်စစ်မှူး
ပဲဖြစ်ပါတယ်။ ဆာဆစ်ဪမီတက် တိုက်စစ်အတွဲက ၁၀ ဂိုးသွင်းထားခြင်းက ဂျာမနီရဲ့
အောင်မြင်မှုပဲဖြစ်ပါတယ်။ သူတို့လိုပဲ ပေါ့ပ် ဟာ ဂျာမနီအသင်းမှာ ခြေစွမ်းပြကစားပေမယ့်
အဆုံးသတ်ပိုင်းမှာတော့ ဆာဆစ်၊ မီတက်တို့လောက် ကောင်းတဲ့သူ မဟုတ်ပါဘူး။
ဆာဆစ်-မီတက်အတွဲဟာ ဆဲလ်ဗီယာ နိဒ်ရဲ့ အဓိကအားထားရသူတွေဖြစ်တဲ့ တိုက်စစ်
အတွဲပဲဖြစ်ပါတယ်။ ကွင်းလယ်က လူဒါနဲ့ ကီစလင်းအတွဲက လည်း ခံစစ်အကူနဲ့ တိုက်စစ်
ပံ့ပိုးသူတွေ ဖြစ်နေခြင်းက လည်း ဂျာမန်ကွင်းလယ်ကို မာကျောစေသလို ခံစစ်အတွင်းက
ဘာတူစီယာ နဲ့ အစွန်က၊မိုင်ယာ တို့ဟာ ဂျာမနီအသင်းရဲ့ အဓိက ကစားသမားတွေပဲ
ဖြစ်ပါတယ်။ မိုင်ယာရဲ့ တိုက်စစ်လိုက်ထောက် ကစားဟန်နဲ့ တောင်ပံသမား ပေါ့ပ်တို့ရဲ့
ဖြတ်တင်ဘောတွေဟာ ဂျာမနီတိုက်စစ် အတွက် အဓိကကျတာတွေဖြစ်နေခဲ့ပါတယ်။
အဓိကပြိုင်ဘက် အမေရိကန်၊ နော်ဝေတို့ဟာ တိုက်ရိုက်ကန်ပို့ဟန်နဲ့ ကစားနေပေမယ့်
ဂျာမနီကတော့ ဂျာမန်ဟန်အတိုင်းပဲ တွဲလုံး တွေ၊ တောင်ပံထိုးဖောက်အားတွေနဲ့ အဆင့်
မြင့်မြင့်ကစားနေတာကို တွေ့ရပါတယ်။ ဂျာမနီအမျိုးသား လက်ရွေးစင်အသင်းကြီး
ကစားတဲ့ဟန်လိုပဲဖြစ်ပါတယ်။ ဖျက်အားမှာ မာကျောသလို ပြေးအားမှာလည်း သွက်လက်တဲ့
အသင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂျာမနီသွင်းထားတဲ့ ၁၉ ဂိုးမှာ ၁၇ ဂိုးက Open Play
ကနေသွင်းတဲ့ ဂိုးတွေဖြစ်ခဲ့တာ ကို တွေ့ရမှာဖြစ်ပါတယ်။

လေးပွဲကစားအပြီး မှာ ဂျာမနီရဲ့ ဂိုးကန်သွင်းမှုဟာ အကြိမ်ပေါင်း ၁၁၇ ကြိမ်တောင်ရှိထားတာ
တွေ့ရပါတယ်။ လာမယ့် ကွာတားဖိုင်နယ်မှာ ဆာဆစ်ဪမီတက် အတွဲ ဘယ်လောက်
စွမ်းဆောင်နိုင်မလဲ၊ ခံစစ်က ဘာတူစီယာနဲ့ မိုင်ယာတို့ ဘယ်လောက် ဖျက်အားကောင်းမလဲ၊
ကွင်းလယ်က လူဒါနဲ့ ကီစလင်း၊ ပီတာမင်းတို့ ဘယ်လောက်မာကျောမလဲ၊ ရှေ့ဆက်တွေ့ရမယ့်
အသင်းတွေ က တကယ်ကောင်းပြီး အဓိကပြိုင်ဘက် စစ်စစ်တွေနဲ့ တွေ့ရမှာဖြစ်လို့ ဂျာမနီရဲ့
တိုက်စစ်ကစားဟန် ဘယ်လောက်ထိရောက် အသုံးဝင်မလဲဆိုတာ စိတ်ဝင်စားဖွယ်ရာပဲ ဖြစ်ပါတယ်။
ဆဲလ်ဗီယာနိဒ်ရဲ့အသင်းမှာ ၂၀၀၇ ချန်ပီယံဖလားရယူခဲ့တဲ့ ကစားသမားငါးဦး ပါ၀င်ထားသလို ၂၀၁၃
ဥရောပချန်ပီယံဖလား ကို ရယူထားတဲ့ ကစားသမား ၁၈ ဦးပါ၀င်ထားပါတယ်။ ပြီးတော့ ၂၀၁၄ ဖီဖာ
ယူ-၂၀ ကနေဒါ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီ ယူဪ၂၀ အသင်းက ချန်ပီယံဖလားကို
ရယူထားတာဖြစ်လို့ ကနေဒါက ဂျာမနီအမျိုးသမီးအသင်း အတွက် စိတ်ဓာတ်အား ပြည့်ဝတဲ့နေရာ
ဖြစ်နေခဲ့ပါတယ်။ အဓိက ကစားသမားတွေ ဖြစ်တဲ့ ကက်စလာနဲ့ အလူချီတို့ မပါနိုင်လို့
အားနည်းနိုင်တယ် ထင်ထားခဲ့ကြတာပါ။

ဒါပေမဲ့ ဂျာမနီဟာ အကောင်း ဆုံး ကစားနိုင်နေခဲ့ပါတယ်။ အဓိကပြိုင်ဘက် အမေရိကန်ဟာ
နိုက်ဂျီးရီးယားကို အသေ အလဲကစားခဲ့ရတယ်။ ဆွီဒင်ကို သရေသာကစားနိုင်တယ်။ ပြင်သစ်ဟာ
ကိုလံဘီယာကို ရှုံးခဲ့တယ်ဆိုတဲ့ အနေအထားမှာ ဂျာမနီရဲ့ ဂိုးသွင်းစွမ်းရည်က လေးစားလောက်
စရာ ဖြစ်နေပါ တယ်။ ဒေသ တွင်း အဓိက ပြိုင်ဘက် နော်ဝေကို သရေသာကစားနိုင်တဲ့
အနေအထားက ဂျာမနီအပေါ်မှာ ထောက်ပြစရာဖြစ်ပေမယ့် အုပ်စုတစ်ခုအနေအထားမှာ
ချဉ်းကပ်ပုံ မဟာဗျူဟာကိုလည်း ထည့်တွက်ရမှာ ဖြစ်ပါတယ်။ တကယ်တမ်း ရှုံးထွက်ပွဲစဉ်
ကစားတဲ့ ဆွီဒင်ပွဲမှာဆိုရင် ဂျာမနီရဲ့ မဟာဗျူဟာအနေအထားဟာ လေးစားစရာဖြစ်ပါတယ်။
အမှားအယွင်းမခံသလို အခွင့်အရေးတိုင်းကို လက်လွှတ်မခံ၊ ကစားအားကိုချမသွားဘဲ
တောက်လျှောက် ကစားသွားခဲ့တာကို တွေ့ရပါတယ်။ အဆုံး သတ်ပိုင်းအားနည်းတဲ့ ပေါ့ပ်ကို
နည်းပြဆဲလ် ဗီယာနိဒ်ဟာ အော်ဟစ်သတိပေးနေတာ၊ အသင်းလိုက်တွဲလုံးနဲ့ ကစားရမယ့်
အချိန်မှာ မကစားဘဲ တစ်ကိုယ်ကောင်းကစားတဲ့အချိန် တွေမှာ ဆူပူကြိမ်းမောင်းနေတာတွေကို
ကြည့်လိုက်ရင် နိဒ်ဟာ တော်တော်ဂရုစိုက်နေ တယ်ဆိုတာ ထင်ရှားနေပါတယ်။ လာမယ့်
ကွာတားဖိုင်နယ်မှာ ပြင်သစ်နဲ့ တောင်ကိုရီး ယားပွဲက နိုင်တဲ့အသင်းနဲ့ ကစားရမှာဖြစ်ပြီး
ဆီမီးဖိုင်နယ်ရောက်သွားရင် အမေရိကန်နဲ့တွေ့မှာဖြစ်လို့ ဒီပွဲနှစ်ပွဲဟာ ဂျာမနီအတွက်အရမ်းကို
အရေးကြီးတဲ့ပွဲတွေပဲဖြစ်ပါတယ်။

၂၀၁၁ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ် ရောက်တော့ ဂျပန်ကိုအိမ်ကွင်းမှာ ရှုံးခဲ့တဲ့အဖြစ်က
ဒီတစ်ကြိမ်မှာ သင်ခန်းစာဖြစ် နေခြင်းကလည်း ဂျာမနီပြင်ဆင်မှုအတွက် အားသာချက်ဖြစ်ပါတယ်။
ပြင်သစ်ဟာ ဥရောပရဲ့အားကောင်းနေတဲ့ အသင်းဖြစ် လို့ ကွာတားဖိုင်နယ်ပွဲဟာ ဂျာမနီအတွက်
ပိုပြီး သတိထားစရာဖြစ်ပါတယ်။ ဒါပေမဲ့ အားလုံးကို ခြံု လိုက်ရင်တော့ တိုက်စစ်ကစားခြင်း၊
ကွင်းလယ်နဲ့ ခံစစ်တောင့်တင်းမာကျော ခြင်း၊ တွဲလုံးအပေးအယူတွေနဲ့ ထိုးဖောက်ကစားတတ်ခြင်း၊
ကစားအားကျမသွားခြင်းဆိုတဲ့ အားသာချက်တွေက ဂျာမနီဟာ ကွာတားဖိုင်နယ်၊ ဆီမီး ဖိုင်နယ်
တို့ကို ကျော်ဖြတ်နိုင်ဖွယ်ရှိနေလို့ ကနေဒါ အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဂျာမနီဟာ ချန်ပီယံ
ဖြစ်လာလိမ့်မယ်လို့ ယူဆနေမိပါရဲ့...။



ဖတ်ရှုမှုအများဆုံး