နေမာ ကစားခွင့်ပိတ်ပင်ခံရမှုနှင့်ပတ်သက်ပြီး အယူခံဝင်ရန် ဘရာဇီးလ်က လေ့လာမှုများ ပြုလုပ်နေ

နေမာ ကစားခွင့်ပိတ်ပင်ခံရမှုနှင့်ပတ်သက်ပြီး အယူခံဝင်ရန် ဘရာဇီးလ်က လေ့လာမှုများ ပြုလုပ်နေ

နေမာ လေးပွဲပယ်ခံရမှုနှင့်ပတ်သက်ပြီးဘရာဇီးလ်ရှေ့နေများ အယူခံတင်သင့်၊ မတင်သင့်
စဉ်းစားနေသည်ဟု နည်းပြ ဒွန်ဂါက စနေနေ့တွင် ပြောကြားခဲ့သည်။ 

ပြိုင်ဘက် ကိုလံဘီယာကစားသမားကို ခေါင်းဖြင့်တိုက်ခဲ့မှုနှင့်ပတ်သက်ပြီး ပွဲပယ်ခံရသည့်
နေမာသည် ပြိုင်ပွဲတွင် မတရားခံခဲ့ရသည်ဟု ပြောကြားကာ အဆိုပါ သတင်းကို ဘရာဇီးလ်
ဘောလုံးအဖွဲ့ချုပ် က ထပ်လောင်းအတည်ပြုခဲ့သည်။

သို့သော် ပြီးခဲ့သည့်နှစ် ကမ္ဘာ့ဖလားတွင် မအောင်မမြင်ဖြစ်ခဲ့ရခြင်းမှ နာလန်ထကာစပင်ရှိသေးသော
ဘရာဇီးလ်အသင်းသည် ၎င်းတို့အသင်း၏ အဓိက ကစားသမား အပြစ်ပေးခံရမှုအတွက် အံ့အား
သင့်နေ ကြပြီး ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က အယူခံဝင်ရန် နည်းလမ်းများရှာဖွေနေသည်။
"အဖွဲ့ချုပ်ရဲ့ ဥပဒေပညာရှင်တွေကနေမာ အရေးယူခံရမှုနဲ့ ပတ်သက်ပြီး ပြန်လည်တုံ့ပြန်ပါလိမ့်မယ်"ဟု
နည်းပြ ဒွန်ဂါက တနင်္ဂနွေနေ့တွင် ဗင်နီဇွဲလားနှင့် ကစားခဲ့သည့် ဘရာဇီးလ်၏ နောက်ဆုံး
အုပ်စုပွဲစဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဖွဲ့ချုပ်၏ ဥပဒေ ညွှန်ကြားရေးမှူး ကားလို့စ် ယူဂျီနီယိုက "ဆုံးဖြတ်ချက်ဟာ ပုံမှန်မဟုတ်ဘူး"ဟု
ပြောကြားခဲ့သည်။ "ကျွန်တော်တို့ကို ဘာမှ လိုက်လျောစရာမလိုတဲ့အပြင် ဆန့်ကျင် တာကိုလည်း
မလိုချင်ပါဘူး။ တန်းတူညီမျှ မှုကိုသာ လိုချင်ပါတယ်။ ပြိုင်ပွဲမှာ အားလုံး အတွက် တန်းတူဆုံးဖြတ်
ချက်သာ ရှိသင့် တယ်"ဟု နည်းပြဒွန်ဂါက ထည့်သွင်းပြောကြားခဲ့သည်။

နေမာသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ၁ဈဝ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ကိုလံဘီယာနှင့်ပွဲတွင် ဒုတိယ
အဝါကတ်ရရှိခဲ့ကာ ထပ်မံပြီး တစ်ပွဲပယ် ပြစ်ဒဏ် ကိုရရှိခဲ့သည်။

အနီကတ်ရရှိပြီးနောက် နေမာသည်ကွင်းမှမထွက်ခင်ဒိုင်လူကြီးနှင့်ပွဲစဉ်တာဝန်ရှိသူများနှင့်
ငြင်းခုံခဲ့သည့်အတွက် တောင်အမေရိကအဖွဲ့ချုပ် Conmebol  က လေးပွဲပယ်ပြစ်ဒဏ်ကို
ထပ်မံတိုးမြှင့်ခဲ့ခြင်းလည်း ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး