မြန်မာနိုင်ငံ စကိတ်စီးသူများအသင်း (Myanmar Skate Association )၊CB Bank နှင့်
Hansaplast ကုမ္ပဏီတို့ ပူးပေါင်းစီစဉ် သော တတိယအကြိမ်မြောက် အင်လိုင်းနှင့် စကိတ်
ဘုတ်ချန်ပီယံရှစ်ပြိုင်ပွဲကို ပြီးခဲ့သည့် ဇွန်လ ၂၀၊ ၂၁ ရက်များတွင် ရန်ကုန်မြို့ ထောက်ကြံ့မြို့နယ်ရှိ
Million စကိတ်ကွင်း တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင်အသက် ၁၃ နှစ်အောက်ပြိုင်ပွဲ အမျိုးအစားနှင့် အလွတ်တန်းပြိုင်ပွဲများ ပါ၀င်ခဲ့သည်။
အင်လိုင်းနှင့် စကိတ်ဘုတ် ပြိုင်ပွဲအမျိုးအစားအောက်မှ ပြိုင်ပွဲအမျိုး အစား ၁၁ မျိုးကို ထည့်သွင်း
ကျင်းပခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်းနှင့် ရခိုင်ပြည်နယ်များမှာ စကိတ်
အား ကစားသမား ၃၀၀ ကျော်ကပါ၀င် ယှဉ်ပြိုင်ခဲ့ ကြသည်။ ပြိုင်ပွဲတွင် ဆုအမျိုးအစားပေါင်း ၄၀ခန့်
ပေးအပ်ချီးမြှင့်ခဲ့သည်။
"ဒီပြိုင်ပွဲက စကိတ်အားကစားသမား လေးတွေ ပိုမိုပေါ်ထွက်လာအောင် ရည်ရွယ်ပြီး ကျင်းပတာပါ။
နောက်ပြီး စကိတ် အား ကစားနည်းဟာ ဘယ်လောက်ထိစနစ်ကျ တယ်ဆိုတာကို ပြသချင်လို့
ကျင်းပပြုလုပ်ခဲ့ တာပါ။ စကိတ်က နိုင်ငံတကာမှာ လူကြိုက် များနေတဲ့ အားကစားနည်းတစ်ခုပါ။
မြန်မာ နိုင်ငံမှာလည်း စကိတ်အားကစားနည်းကို ဒီထက် ပိုလက်ခံလာပြီး လူကြိုက်များတဲ့
အားကစားနည်းဖြစ်လာအောင် ကျွန်တော် တို့ ဆက်လက်ကြိုးစားသွားမှာပါ။ ဒီပြိုင်ပွဲ ကနေ
ထူးချွန်တဲ့ စကိတ်သမားတွေကို နိုင်ငံ တကာပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက်
ရွေးချယ်သွားမှာပါ"ဟု မြန်မာ စကိတ်ဝါသနာရှင်များအသင်း ဥက္ကဋ္ဌ ကိုလွင်လတ်က
ပြောသည်။
"ဒီပြိုင်ပွဲမှာ ဆုအနေနဲ့ ငွေကြေးကို မချီးမြှင့်ပဲ ဥရောပ အမှတ်တံဆိပ် စကိတ် ပစ္စည်းတွေကို
ဆုအဖြစ် ချီးမြှင့်ပေးခဲ့ပါ တယ်။ ဒီပစ္စည်းတွေက စကိတ်သမားတွေအတွက် တကယ်အသုံးဝင်တဲ့
ပစ္စည်းတွေပါ"ဟု ပြောသည်။ ပြိုင်ပွဲတွင် ဩစတြီးယား၊ ဂျာမနီ၊နယူး ဇီလန်နှင့် ဖိလစ်ပိုင်နိုင်ငံများမှ
ဒိုင်လူကြီး များက တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ "စကိတ်အားကစားနည်းက ပြောရင်တော့
လွယ်လွယ်လေးပါ။ ဒါပေမဲ့ တကယ် လုပ်ကြည့်တဲ့ အခါကျရင် ခက်တယ်။ အဓိက အခက်အခဲက
မြန်မာနိုင်ငံမှာ စကိတ်ကွင်း ကောင်းကောင်းမရှိပါဘူး။ အရမ်းကို နည်းပါ သေးတယ်။
ကစားသမားတွေကရှိတဲ့ စကိတ် ကွင်းမှာပဲ စီးရတယ်။ ကျွန်တော်တို MSA ဆိုလည်း လှည်းတန်း
တံတားအောက်မှာ စီးရ တာပါ။ စကိတ်အားကစားက အနာဂတ်မှာ တော့ ဒီထက်ဖွံ့ဖြိုးလာမယ်လို့
မျှော်လင့်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တစ်နှစ်ကို အနည်းဆုံး ပြိုင်ပွဲနှစ်ပွဲလုပ်နိုင်အောင်
ကြိုးစားပါတယ်"ဟု ပြောသည်။
"မြန်မာနိုင်ငံမှာ စကိတ်ကွင်းမရှိပါဘူး။အရင်က စကိတ်ကွင်းဖြစ်ခဲ့တဲ့ သုဝဏ္ဏ စကိတ်ကွင်းလည်း
အခုမရှိတော့ပါဘူး။ စကိတ်ကစားသမားတွေအတွက် စကိတ် ကွင်းဆိုတာ လိုတယ်လေ။ ပြီးတော့
ကျွန်တော်တို့ အဖွဲ့ကိုလည်း အသိအမှတ်ပြု အားကစားအဖွဲ့ချုပ်တစ်ခုဖြစ်ချင်ပါတယ်။ ဒါတွေနဲ့ပတ်
သက်လို့ အားကစားဝန်ကြီး ဌာနကို စာတင်ထားပါတယ်။ လက်ရှိအချိန်အထိတော့
ဘာမှမတုံ့ပြန်သေးပါဘူး။ ကျွန်တော်တို့အဖွဲ့က စတည်ထောင်ကတည်းက ကိုယ့်အသုံးစရိတ်နဲ့
ကိုယ် လည်ပတ်ခဲ့တာပါ။ အနာဂတ်မှာ စကိတ်အကယ်ဒမီ တည်ထောင်နိုင်ဖို့ ကြိုးစားသွားပါမယ်"ဟု
ကိုလွင်လတ်က ပြောသည်။














