ရန်ကုန်ယူနိုက်တက် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်

ရန်ကုန်ယူနိုက်တက် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏
ပွဲစဉ် ၁၀ ကို ပြီးခဲ့သည့် ဇွန်လ ၂၇၊ ၂၈ ရက်နေ့ တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်ယူနိုက်တက်
အသင်းက ဒုတိယနေရာက ဧရာဝတီယူနိုက် တက်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး
အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင် နိုင်ခဲ့သည်။

ဇေယျာရွှေမြေအသင်းက ရခိုင်ယူနိုက်တက် ၄-၁ ဂိုးဖြင့် လည်းကောင်း၊ နေပြည်တော်အသင်းက
မနောမြေအသင်းကို ၁ဪဝ ဂိုးဖြင့်လည်းကောင်း၊ ကမ္ဘောဇအသင်းနှင့် ရတနာပုံအသင်းတို့၏
ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီဖြင့် သရေကျခဲ့ပြီး မကွေးနှင့် ချင်းယူနိုက်တက်၊ဟံသာဝတီ
ယူနိုက်တက်နှင့် ဇွဲကပင်ယူနိုက် တက်အသင်းတို့၏ ပွဲစဉ်များမှား ဂိုးမရှိ သရေကျခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၀)အပြီး တွင် ရန်ကုန်ယူနိုက်တက်အသင်းက ၁၀ ပွဲ ကစား
၁၀ ပွဲနိုင် ရမှတ် ၃၀ ဖြင့် ဦးဆောင်နေ ပြီး ဒုတိယနေရာတွင် ဧရာဝတီယူနိုက်တက် အသင်းက
၂၂ မှတ်၊ တတိယနေရာတွင် လက်ရှိချန်ပီယံ ရတနာပုံအသင်းက ရမှတ် ၂၀ နှင့် စတုတ္ထနေရာ
တွင် မကွေးအသင်းက ၁၉ မှတ်ဖြင့် အသီးသီးရပ်တည်နေကြသည်။ အမှတ်ပေးဇယား
အောက်ခြေတွင် ဇွဲကပင် ယူနိုက်တက်နှင့် မနောမြေအသင်းတို့က ရမှတ် ငါးမှတ်စီသာ
ရရှိထားသည်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၁)ကို လာမည့် ဇူလိုင်လ ၄၊ ၅ ရက်နေ့များတွင်
ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဇေယျာရွှေမြေနှင့် မနောမြေ၊ ချင်းယူနိုက်တက်နှင့် ဇွဲကပင်
ယူနိုက်တက်၊ နေပြည်တော်နှင့် ရခိုင်ယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်နှင့် ဟံသာဝတီ
ယူနိုက်တက်၊ မကွေးနှင့် ကမ္ဘောဇ၊ ရတနာပုံနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ အသီးသီး
ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး