မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၄ အသင်း သည် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့မှ
၂၈ ရက်နေ့ အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သော ၂၀၁၅ အာရှအမျိုးသမီး
ယူ-၁၄ (အာဆီယံဇုန်)ပြိုင်ပွဲ၏ တတိယနေရာလုပွဲတွင် မလေးရှား ယူ-၁၄ အသင်းကို
၆-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တတိယဆုကို ရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်တွင်အိမ်ရှင် ဗီယက်နမ် ယူ-၁၄ အသင်းက ထိုင်း ယူ-၁၄ အသင်းကို
၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ရရှိခဲ့သည်။ မြန်မာအသင်းသည် ပြိုင်ပွဲ၏အုပ်စု (က) တွင်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုအသင်းတို့နှင့်တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ကမ္ဘောဒီးယားအသင်းကို
၃-၀၊ လာအိုအသင်း ကို ၄-၁ ဂိုးတို့ဖြင့် အနိုင်ရရှိကာ ထိုင်းအသင်း ကို ရ-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာအမျိုးသမီး ယူ-၁၄ အသင်းသည် တတိယဆုကို ရရှိခဲ့သလို ပြိုင်ပွဲ၏ အသန့်ရှင်း
ဆုံးဆုကိုလည်း ရရှိခဲ့သည်။














