ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် ဇူလိုင်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သော
ဂျပန်-မဲခေါင် ယူ-၁၅ ဘောလုံး ပြိုင်ပွဲကို မြန်မာဘောလုံးအကယ်ဒမီ ယူ-၁၅ အသင်းက
၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
မြန်မာ ယူ-၁၅ အသင်းသည် ပြိုင်ပွဲ၏ အုပ်စု(ခ)တွင် ထိုင်း၊ လာအို၊ ဆန်ဖရီချီဟီရိုး ရှီးမားအသင်း
တို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး ဆန်ဖရီချီဟီရိုရှီးမား အသင်းနှင့် ဇူလိုင်လ ၁ ရက်နေ့
တွင် လည်းကောင်း၊ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် လာအိုအသင်းနှင့်လည်းကောင်း၊ ညနေ
ပိုင်းတွင် ထိုင်းအသင်းနှင့်လည်းကောင်း အုပ်စုပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
မြန်မာ ယူ-၁၅ အသင်းကို နည်းပြချုပ်အဖြစ် ဦးတင်မောင်ဝင်းက ကိုင်တွယ်မည်ဖြစ်ပြီး အသက်
၁၅ နှစ်အောက် အကယ်ဒမီ ကစား သမား ၁၇ ဦးဖြင့် ဖွဲ့စည်းထားသည်။














