ပြီးခဲ့သောရာသီအနေအထားများ တစ်ရာသီလုံးရဲ့၊အကောင်းဆုံးကစားသမား
၀ုဖ်ဘတ်အသင်းက ကီဗင်ဒီဘရိုင်နီကို ဒီနှစ်ရာသီအတွက် အကောင်းဆုံး ဘောလုံး
သမား (Playof the Season)) လို့ သတ်မှတ်ခဲ့ကြတယ်။ သူဟာ အသင်းရဲ့ အဓိကနေရာကို
ရယူ နိုင်ခဲ့တယ်။ ဒီဘယ်လ်ဂျီယံနိုင်ငံသား ကွင်း လယ် ဖန်တီးရှင်ဟာ သူ့အသင်းရဲ့ ရပ်တည်မှု
အတွက် အကောင်းဆုံးပံ့ပိုးမှုတွေကိုလည်း ပြုလုပ်နိုင်ခဲ့ပြီး ၁၀ ဂိုးသွင်းယူနိုင်ခဲ့တယ်။
တစ်ရာသီလုံးရဲ့ အကောင်းဆုံးနည်းပြ
ဘယ်လိုပဲပြောပြော မည်သို့ပင်ဆိုစေကာ မူ ဒီနိုင်ငံရဲ့ ဘွန်ဒက်စ်လီဂါမှာ နည်းစနစ်ပိုင်းရယ်၊
ပွဲကို ခွဲခြမ်းစိတ်ဖြာမှုရယ်တွေမှာ ဘိုင်ယန်ကို လွှဲပြောင်းယူခဲ့တဲ့ နည်းပြဟာ အကောင်းဆုံး
ဆိုရင် ဘယ်သူမှငြင်းနိုင်မှာ မဟုတ်ပါဘူး။ သူဟာ အလွန်ထူးခြားတဲ့ နည်းပြ တစ်ယောက်
ဆိုတာကို ၀န်ခံရပါလိမ့်မယ်။ ဘာဗေးရီးယန်းတွေရဲ့ မာစတာဟာ တစ်ခါတလေ
လုံလောက်တဲ့အခြေအနေမျိုးမရှိ ပေမယ့် သူက ချန်ပီယံဆုကိုတော့ ရယူပေး နိုင်ခဲ့တယ်။
သူ့ရဲ့ ဘိုင်ယန်မြူးနစ်ဟာ ရာသီ မကုန်ခင် ဧပြီလကတည်းက ဘွန်ဒက်စ်လီဂါ Title ကို
ဆွတ်ခူးရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ ကလပ်ရဲ့သမိုင်းမှာတော့ ၂၅ ကြိမ်မြောက် ချန်ပီယံဖြစ်ခြင်း
ပါပဲ။ သူ့ရဲ့အသင်းဟာ ပွဲပေါင်း ၃၀ မှာ ၂၄ ပွဲ အနိုင်ရရှိခဲ့ပြီး နှစ်ပွဲသာ ရှုံးပွဲကြံုခဲ့တယ်။
တစ်ရာသီလုံးရဲ့ အကောင်းဆုံးအသင်း ဘရင်းဒ်လီနို(လေဗာကူဆင်)၊ ပေါလ်
ဗာဟက်ချ်(အော့စ်ဘတ်)၊ ဂျရိုမီဘိုတန် (ဘိုင်ယန်)၊ နယ်လ်ဒို(၀ုဖ်ဘတ်)၊ ဒေးဗစ်
အယ်လ်ဘာ(ဘိုင်ယန်)၊ ဂွန်ဇာလိုကက်စထရို (လေဗာကူဆင်)၊ ဂရာနစ်ဟာကာ(မွန်ချင်)၊
ရော့ဘန်(ဘိုင်ယန်)၊ ကီဗင်ဘရိုင်နီ(၀ုဖ်ဘတ်)၊ ပက်ထရစ်ဟဲရ်မင်းန်(မွန်ချင်)၊ လီဝမ်ဒေါစကီး
(ဘိုင်ယန်)၊ တို့ဖြစ်တယ်လို့ ဆိုကြတယ်။ အများဆုံးက ဘိုင်ယန်ကဖြစ်ပြီး မွန်ချင်၊ ၀ုဖ်ဘတ်နဲ့
လေဗာကူဆင်က နှစ်ဦးစီ ပါ၀င်ကြတယ်။
အကောင်းဆုံးဒုတိယသမား
ဘာလင်မှာ ကျင်းပတဲ့ ဂျာမန်ဖလားပြိုင်ပွဲ မှာ နည်းပြဂျာဂင်ကလော့ပ်ဟာ အောင်ပွဲနဲ့ အတူ နှုတ်ဆက်လိမ့်မယ်လို့ ဒေါ့မွန်ပရိသတ် တွေက မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ဟာ
၀ုဖ်ဘတ်ကို ၃-၁ နဲ့ ရှုံးပြီး စိတ်ပျက်စရာ ကောင်းခဲ့ရတယ်။
ဥရောပဝင်ခွင့်ရအသင်းတွေ
ဘိုင်ယန်မြူးနစ်ဟာ သူတို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ထုတ်ပြပြီး အိတ်ကပ်ထဲ
ထည့်နိုင်တဲ့ အမှတ်ပေးဖလားနဲ့အတူ ချန်ပီယံ လိဂ်ကို ၀င်ခွင့်ရခဲ့တယ်။ ၀ုဖ်ဘတ်ကလည်း
ကြေးကြီးပေးဝယ်ထား ရတဲ့ ကစားသမားတွေ မရှိပေမယ့်လည်း အောင်ပွဲကို ဆာလောင်
မွတ်သိပ်နေတဲ့ လူငယ်ကြယ်ပွင့်တွေ၊ ပြီးတော့ အကောင်းဆုံး ဘောလုံးကစားနိုင်မှုတွေနဲ့အတူ
သူတို့လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပြန်တယ်။ နည်းပြရော်ဂျာဆက်ချ်မစ်ဒ်ရဲ့ လေဗာ ကူဆင်
ကတော့ သူပထမဆုံးကိုင်တွယ်တဲ့ ရာသီမှာပဲ အဆင့်(၄)နဲ့ ပိတ်သိမ်းပြီး ချန်ပီယံ
လိဂ်ကစားရတော့မယ်။ ဒေါ့မွန်ရဲ့ကစားဟန် ကို သူကကြိုက်နှစ်သက်ပြီး တိုက်ပွဲဝင်လိုစိတ်
အပြည့်အဝနဲ့ ဒီချန်ပီယံလိဂ်ဝင်ခွင့်ကို ရခဲ့ တာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တဲ့ နောက်တစ်သင်း
ကတော့ လေဗာကူဆင်ဖြစ်ပြီး သူတို့က တန်ပြန်တိုက်စစ်အားကောင်းကောင်းကို
အသုံးပြုခဲ့တဲ့အသင်းတစ်သင်းအဖြစ် ၂၀၁၅ ခုနှစ်အတွင်း ကျော်ကြားခဲ့တယ်။
ယူရိုပါလိဂ်ဝင်ခွင့်အတွက်
လိဂ်ပြိုင်ပွဲမှာ ဒုတိယအနည်းဆုံးဘတ်ဂျက် ငွေနဲ့ ကစားသမားကောင်းတွေ မခေါ်နိုင်ခဲ့
ပေမယ့်လည်း သူတို့ဟာ ဥရောပအဆင့် တစ်ခုနဲ့ ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့တယ်။
နည်းပြမားကပ်စ်ဝိုင်းဇီလာရဲ့ လက်အောက်မှာ သူတို့ဟာ ရဲရင့်တဲ့နှလုံးသား တွေ၊ ရင်ဆိုင်ရဲတဲ့
သတ္တိတွေနဲ့ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြခဲ့တယ်။ ၀ုိင်းဇီလာရဲ့ ကျွမ်းကျင်မှုရှိရှိ မောင်းနှင်
အားကောင်း ခဲ့တဲ့ အချက်တွေလည်း ပါတာပေါ့။ ရှော်လ်ကေးအသင်းဟာ နာမည်ကြီး
အသင်းပီပီ ဥရောပဝင်ခွင့်တစ်နေရာကို ရအောင်ယူနိုင်ခဲ့တယ်။ ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်ပါလျက်နဲ့
လွဲချော်ခဲ့ရတာကတော့ သူတို့အတွက် စိတ်ပျက်စရာကောင်းခဲ့တယ်။ သူတို့ဟာ ဖန်တီးနိုင်စွမ်း
အနည်းငယ် သာရှိခဲ့ပြီး အဲဒီဒဏ်ကို ခံစားခဲ့ရတာပါပဲ။ ပရိသတ်တွေရဲ့ ကွင်းထဲ အကြမ်းဖက်
၀င်ရောက်မှုတွေက နည်းနည်းတော့ အရုပ်ဆိုး အကျည်းတန်စေခဲ့တယ်။
ဒေါ့မွန်အသင်းဟာ ဂျာဂင်ကလော့ပ်ရဲ့ အမြင့်ဆုံးစွမ်းအင်တွေကို ထုတ်သုံးခဲ့aပမယ့်
ခြေစွမ်းက တစ်သမတ်တည်း မတည်ငြိမ်ခဲ့ဘူး။ ဒါပေမဲ့ သူတို့ဟာ တိုက်စစ် စွမ်းရည်မှာတော့
တတိယလိုက်ခဲ့တယ်။
၂၀၁၅-၁၆ အတွက် ပြင်ဆင်မှု အလှုပ်အခတ်တွေ
ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး ဘွန်ဒက်စ်လီဂါမှာ အလှုပ်တွေ ရှိလာခဲ့တယ်။ဟော့ဖန်ဟိမ်းရဲ့
ဘရာဇီးလ်ကစား သမား ဖာမီနီဟာ ကွင်းလယ်တိုက်စစ်အပြင် နောက်ချန်တိုက်စစ်မှူးအဖြစ်ပါ
ကစားနိုင် လို့ ဒီနေရာမှာ ဟော့ဖန်ဟိမ်း ဘယ်လို အစားထိုးမလဲဆိုတာက စိတ်ဝင်စားစရာ
ဖြစ်နေတယ်။
ဒေါ့မွန်အားကစားဒါရိုက်တာ မိုက်ကယ် ဇော့လည်း ဂန်ဒိုဂန်ကို ဆက်ထိန်းထားနိုင်ဖို့
စာချုပ်သစ်ကိစ္စတွေနဲ့ ခေါင်းခဲနေရတယ်။ စပိန်ဂိုးသမား ရေနာကလည်း ဘိုင်ယန်နဲ့
လက်ကျန်စာချုပ်ကို ဖျက်သိမ်းပြီး နာပိုလီ ကို ရွှေ့သွားခဲ့တယ်။ သူဟာ နာပိုလီမှာ ၂၀၁၃-၁၄
ဘောလုံးရာသီမှာ အငှား သွား ကစားခဲ့ဖူးလို့ သူ့အတွက် အခက်အခဲ တစ်စုံတစ်ရာရှိမယ်
မထင်ဘူး။ မိန့်ဇ်အသင်းကလည်း ရှော်လ်ကေး အသင်းကို ပြောင်းသွားတဲ့ ကွင်းလယ်
ကစားသမား ဂျိုဟန်နက်စ်ဂစ်ရဲ့နေရာမှာ အစားထိုးဖို့ ဘေဆယ်က ဖာဘီယန်ဖရိုင်းကို
ခေါ်လိုက်တယ်။ မိန့်ဇ်ဟာ ပြီးခဲ့တဲ့ရာသီ က အဆင့်(၁၁)သာရခဲ့လို့ ဒီရာသီမှာ ဘာလိုဂန်၊
နီဒါလက်ချ်နာမူလို၊ လက်ဇာ အစရှိတဲ့ကစားသမားသစ်တွေကို ခေါ်ထား တယ်။ လေဗာကူဆင်
ကတော့ ဟမ်းဘတ် လူငယ်ကစားသမား ဂျိုနသန်လက်ချ်ကို ယူရိုခြောက်သန်းနဲ့ ခေါ်မရလို့
ထပ်ပြီး တိုးမြှင့်မှုတွေ လုပ်နေတယ်။ ဘိုင်ယန်မြူးနစ်အသင်းကတော့ ရှက် တာဒိုးနက်အသင်းက
ဘရာဇီးလ်ရဲ့ တိုက်စစ်အားသန် ကွင်းလယ်ကစားသမား ဒေါက်ဂလပ်စ်ကော်စကာကိုရက်ပိုင်း
အတွင်း စာချုပ်မယ်လို့ လေသံပစ်ထားတယ်။
သူ့ရဲ့ပြောင်းရွှေ့ကြေးက ယူရို ၃၅ သန်းကျော်လောက်ရှိတယ်။ ရှော်လ်ကေး ဟာ ဂျိုဟန်နက်စ်ဂစ်ကို
ခေါ်ပြီးတဲ့နောက် ဘူလ်ဂေးရီးယားရဲ့ ထိပ်သီးကလပ် ရတ်ဇ် ဂတ်အသင်းရဲ့ နောက်ခံလူ
ကိုင်လာရာကို ထပ်ခေါ်လို့ ရှော်လ်ကေးရဲ့ အားထုတ်မှုက ရေချိန်မြင့်နေတယ်လို့ ဆိုရမယ်။
ဘိုင်ယန်ဟာ ဒေါက်ဂလပ်စ်ကော်စကာ အပြင် နောက်ထပ်ပစ်မှတ်ထားနေတဲ့ ကစားသမားနှစ်ဦး
ရှိသေးတယ်။
သူတို့က တော့ ဆောက်သမ်တန်က ဆီနီဂေါ ဘယ် တောင်ပံတိုက်စစ်မှူး မာနီနဲ့ အလက်တီကို က ပြင်သစ်တိုက်စစ်မှူးဂရစ်ဇ်မန်းတို့ပါပဲ။ နှစ်ယောက်စလုံးရဲ့ အသက်တွေက ၂၅ နှစ်
မကျော်သေးတာမို့ ဘိုင်ယန်ကို သွေးသစ် လောင်းဖို့ ဂွာဒီယိုလာ ကြိုးစားနေပြီလို့ ထင်ရတယ်။
ရစ်ဘာရီ-ရော့ဘန်အတွဲ နေရာမှာ အစားထိုးဖို့ လုပ်တာဖြစ်နိုင်ခြေ များနေတယ်။ အပြောင်း
အရွှေ့ရာသီရဲ့ တရားဝင် ဖွင့်လှစ်မယ့်ရက် ဇူလိုင် ၁ ဆိုတော့ ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့
ဈေးကွက်တွေ ပေါ်လာနိုင်ပါသေးတယ်။ လူအင်အား ဖြည့်တင်းရမယ်လို့ ဆိုထားတဲ့ ဂျာမန်
လက်ရွေးစင်နည်းပြ ဂျိုအာချင်လိုအတွက် ဘယ်လိုကစားသမားသစ်တွေ ပေါ်ထွက် လာမလဲ
ဆိုတာရယ်၊ ဘာဗေးရီးယန်း ဘီလူးကြီး ဂွာဒီယိုလာနဲ့ ဒေါ့မွန်နည်းပြသစ် တူချယ်တို့အတွက်
ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာမလဲဆိုတာ သတိထားစောင့်ကြည့်် ရပါတော့မယ်။















