မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏
ပွဲစဉ်(၁၁)ကို ပြီးခဲ့သည့် ဇူလိုင်လ ၄၊ ၅ ရက်နေ့ များတွင် ကျင်းပပြုလုပ်ခဲ့ရာ အသင်းကြီး
အချင်းချင်း တွေ့ဆုံသော ပွဲများဖြင့် ပွဲကြီး ပွဲကောင်းများဖြစ်ခဲ့သည်။
ပွဲစဉ်(၁၁)၏ အကောင်းဆုံးပွဲစဉ်အဖြစ် အစဉ်အလာပြိုင်ဘက် လက်ရှိချန်ပီယံရတနာပုံ
အသင်းနှင့် အမှတ်ပေးဇယားကို ဦးဆောင်နေသူ ရန်ကုန်ယူနိုက်တက်အသင်းတို့က
မန္တလေးမြို့ ဗထူးကွင်း၌ တွေ့ဆုံခဲ့ကြပြီး ပရိသတ်အများအပြား လာရောက်
အားပေးခဲ့ကြသည်။ အဆိုပါပွဲစဉ်တွင် ရန်ကုန် ယူနိုက်တက်အသင်းက ၃-၂ ဂိုးဖြင့်
အိမ်ရှင် ရတနာပုံအသင်းကို အနိုင်ရရှိပြီး ၁၁ ပွဲဆက် အနိုင်နှင့်အတူ အမှတ်ပေးဇယားကို
ဦးဆောင် နိုင်ခဲ့သည်။
မကွေးအသင်းနှင့် ကမ္ဘောဇအသင်းတို့၏ တွေ့ဆုံမှုသည်လည်း အကြိတ်အနယ်ရှိခဲ့ပြီး
မကွေးအသင်းက ၂ဪ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။ အဆိုပါနိုင်ပွဲကြောင့် မကွေးအသင်း
သည် အမှတ်ပေးဇယား၏ တတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီး ဒုတိယနေရာက ဧရာဝတီ
ယူနိုက်တက်အသင်းနှင့် သုံးမှတ်အကွာ အနေအထားကို ရောက်ရှိလာခဲ့သည်။
ဧရာဝတီယူနိုက်တက်အသင်းသည် အိမ်ကွင်း တွင် ဟံသာဝတီယူနိုက်တက်အသင်းကို
၂-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ဒုတိယနေရာတွင် ဆက်လက်ရပ်တည်နေသည်။ အခြားပွဲစဉ်များတွင်
ဇွဲကပင်ယူနိုက်တက် အသင်းက ချင်းယူနိုက်တက်အသင်းကို ၁ဪဝ ဂိုးဖြင့်လည်းကောင်း၊
ဇေယျာရွှေမြေအသင်း က မနောမြေအသင်းကို ၃-၁ ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ပြီး
နေပြည်တော်နှင့် ရခိုင် ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်သည် ဂိုးမရှိ သရေကျခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁၁) အပြီး တွင် ရန်ကုန်ယူနိုက်တက်အသင်းက ၁၁ ပွဲကစား
၁၁ ပွဲနိုင် ရမှတ် ၃၃ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာတွင်
ဧရာဝတီယူနိုက်တက်အသင်းက ၂၅ မှတ်၊ တတိယနေရာ၌ မကွေးအသင်းက ၂၂ မှတ်၊
စတုတ္ထနေရာတွင် လက်ရှိချန်ပီယံ ရတနာပုံအသင်းက ရမှတ် ၂၀ ဖြင့် အသီးသီး
ရပ်တည်နေကြသည်။ အမှတ်ပေးဇယားအောက်ခြေတွင် ဟံသာဝတီယူနိုက်တက်က
ရမှတ် ခုနစ်မှတ်၊ မနောမြေအသင်းက ရမှတ် ငါးမှတ်သာ ရရှိထားသည်။
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၂) ပွဲစဉ် များ ကိုလာမည့် ဇူလိုင်လ ၁၇၊ ၁၈ ရက်နေ့
များတွင် ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။














