ပရီမီယာလိဂ်မှာ စီးပွားရှာတတ်တဲ့ စတုတ်စီးတီးအသင်း

ပရီမီယာလိဂ်မှာ စီးပွားရှာတတ်တဲ့ စတုတ်စီးတီးအသင်း

ပရီမီယာလိဂ်မှာ စတုတ်စီးတီးအသင်းဆိုတာ လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်ကတော့ အသင်း
ငယ်လေးပါ။ အခုတော့ စတုတ်ဟာ အလယ် အလတ်အသင်းဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

သူတို့တွေ ပရီမီယာလိဂ်မှာ ရပ်တည်နိုင်ဖို့၊ တိုးတက်တဲ့အသင်းဖြစ်လာဖို့အတွက် စနစ်တကျ
တည်ဆောက်နေတဲ့အသင်းပဲ ဖြစ်ပါ တယ်။ သူတို့တွေဟာ ဘောလုံးအသင်းတွေရဲ့ တန်ဖိုးနဲ့
ဖြစ်နိုင်ခြေတို့ကို သုံးသပ်နိုင်စွမ်းရှိကြသူတွေဖြစ်နေခဲ့ပါတယ်။ ဘာကြောင့် လဲဆိုတော့
ပိုင်ရှင်က နြအ ၃၆၅ ဘွတ်ကီဒိုင် ကို ပိုင်ဆိုင်ထားသူဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်က ဘွတ်ကီဒိုင်တွေထဲမှာ နြအ ၃၆၅ ဟာအောင်မြင်မှုအရှိဆုံး ဘွတ်ကီဒိုင်
တွေထဲက တစ်ခုဖြစ်ပါတယ်။ အသင်းတွေရဲ့ အနေအထားကို ခန့်မှန်းသုံးသပ်နိုင်စွမ်းရှိထား
တဲ့အတွက် ပိုင်ရှင်ပီတာကုတ်စ်နဲ့ သူ့သမီး ဒန်နိစ်ကုတ်စ်၊ သားဖြစ်သူ ဂျွန်ကုတ်စ် တို့ဟာ
သူတို့ရဲ့ ပရီမီယာလိဂ်က ကလပ် အသင်းစတုတ်ကို ဘာလုပ်ရမယ်၊ ဘာပြင်ဆင် ရမယ်ဆိုတာ
သိရှိနေကြတဲ့သူတွေဖြစ်နေခဲ့ပါတယ်။

၂၀၁၆ ခုနှစ်ကစပြီး ပရီမီယာလိဂ်ရဲ့ ရုပ်သံထုတ်လွှင့်ကြေးက တစ်ရာသီကို တစ်ဘီလျံရှိ
လာတော့မှာ ဖြစ်တာကြောင့် ဩဂုတ်လမှာစတင်တော့မယ့် ၂၀၁၅-၁၆ ရာသီမှာ
အသင်းကို တောင့်တင်းတဲ့အသင်း ဖြစ်အောင်၊ တန်းမဆင်းရဖို့ ရုန်းကန်ရတဲ့ အသင်းမျိုး
မဖြစ်အောင် ကုတ်စ်မိသားစုဟာ သူတို့စတုတ်အသင်းကို အခုနွေရာသီအပြောင်း အရွှေ့မှာ
တော်တော်လေး အားဖြည့်ပြင်ဆင်နေတာကို တွေ့နေရပြီဖြစ်ပါတယ်။ စတုတ်ဟာ
၂၀၀၈-၀၉ ရာသီက ပရီမီယာ လိဂ်ကို တန်းတက်လာတဲ့အသင်းဖြစ်ပါတယ်။

အဲဒီလိုတက်လာတဲ့အချိန်ကစလို့ ယခုအထိ စတုတ်ဟာ တန်းဆင်းသွားရခြင်း၊ ရုန်းကန်ကစား
ရခြင်းဆိုတာမရှိဘဲ ဘောလုံးရာသီခုနစ် ရာသီစလုံးကို ချောချောမွေ့ မွေ့ ဖြတ်သန်းနိုင်တဲ့
ကလပ် အသင်းပဲဖြစ်ပါတယ်။

သူတို့ ပထမဆုံး ပရီမီ ယာလိဂ် ကစားရတဲ့ ၂၀၀၈-၀၉ ရာသီကဆိုရင် တန်းတက်လာတဲ့
စတုတ်အသင်းဟာ ပရီမီ ယာလိဂ် ပထမဆုံးပွဲစဉ်မှာ ဘော်လ်တန်ကို ရှုံးလိုက်တော့ Paddy
Powerဆိုတဲ့ ဘွတ်ကီ ဒိုင်က စတုတ်ဟာ တန်းဆင်းရမယ်လို့ အလေး ပေးသတ်မှတ်လိုက်တာ
Bet 365  ကို အများအပြား လျော်လိုက်ရတဲ့အဖြစ်နဲ့ ကြံုသွားခဲ့ရပါတယ်

။ ဏေိိပ ဏသတနမ ရဲ့မှားယွင်းတဲ့ တွက်ချက်သုံးသပ်မှုလို့ ဆိုရမှာ ဖြစ်ပါတယ်။ စတုတ်ဟာ
Bet365 ကို ပိုင်ဆိုင်သူရဲ့ ကလပ်ဆိုတာကို လျစ်လျူရှုလိုက်တဲ့ အမှားပဲဖြစ်ပါ တယ်။ ပရီမီယာ
လိဂ် ဘောလုံးစီးပွားရေးရဲ့အတိမ်အနက်ကို ပီတာကုတ်စ်တို့မိသားစု ဟာ ကောင်းကောင်းသုံး
သပ်နိုင်သူတွေ၊ ကလပ်တွေ အနေအထားကို ကောင်းကောင်း သုံးသပ်နိုင်သူတွေဖြစ်တာကို
မေ့ထားလို့မရ ပါဘူး။ ဖြတ်သန်းထားတဲ့ ခုနစ်ရာသီကာလ အတွင်းမှာ ၄၅ မှတ်ဝန်းကျင်ရယူပြီး
ပရီမီ ယာလိဂ်ဆုကြေးတွေရယူနေတဲ့ စတုတ်စီးတီး ဟာ ပြီးဆုံးသွားတဲ့ရာသီမှာတော့ ရမှတ်
၅၄ မှတ်နဲ့ ရမှတ်အများဆုံးရခဲ့တဲ့၊ ထူးခြားတဲ့၊ တိုးတက်မှုရှိတဲ့ ရမှတ်ကို မန်နေဂျာ မာ့ခ်ဟုချ်က
ရယူပေးလိုက်ပါတယ်။

ဒါဟာ စတုတ်စီးတီးရဲ့ တိုးတက်ပြောင်းလဲသွားတဲ့ အချိုး အကွေ့တစ်ခုဖြစ်လာခဲ့ခြင်းပဲ
ဖြစ်ပါတယ်။ မန်စီးတီးကို အဝေးကွင်းမှာနိုင်တယ်။ စပါးကို အဝေးကွင်းမှာနိုင်တယ်။
အာဆင်နယ်ကို အိမ်ကွင်းမှာ နိုင်တယ်။ စပါးကို အိမ်ကွင်းမှာ နိုင်တယ်။ လီဗာပူးကို အိမ်ကွင်းမှာ
နိုင်တယ်။ မန်ယူကို အိမ်ကွင်းမှာသရေကျတယ်ဆိုတဲ့ ရလဒ်ကိုကြည့်ရင် စတုတ်ဟာ
အသင်းကြီးတွေအတွက် ကစားရခက်တဲ့အသင်းဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။
မန်စီးတီးနဲ့ ချယ်လ်ဆီး ကိုပဲ အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တဲ့ အလယ်အလတ်အသင်းပဲဖြစ်ပါတယ်။
ချယ်လ်ဆီး ကွင်းမှာ ဂိုးပြတ်မရှုံးဘူး၊ မန်ယူကွင်းမှာ ဂိုးပြတ်မရှုံးဘူး။

လီဗာပူးကွင်းမှာ ဂိုးပြတ်မရှုံးဘူးဆိုတာတွေ က လာမယ့်ဘောလုံးရာသီအတွက် ဆင်ချင်
သုံးသပ်ရမယ့်အချက်တွေပဲ ဖြစ်ပါတယ်။သူတို့မှာ မနှစ်ကထက် လုံလောက်တဲ့အင်အား
တွေ ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို တောင့်တင်းတိုးတက်တဲ့အသင်းဖြစ်အောင်
ရင်းနှီးမြှုပ်နှံဖို့အတွက် သူတို့မှာ ၀င်လာမယ့် ငွေတွေကို မြင်နေခြင်းနဲ့ ခိုင်မာတဲ့မဟာဗျူဟာကောင်း
တစ်ခုကို ရေးဆွဲထားနိုင်ခြင်း ကြောင့်သာ အခုလိုတိုးတက်တဲ့အသင်းဖြစ်အောင် စီစဉ်နေ
တာပဲဖြစ်ပါတယ်။ မကြာ သောကာလမှာ ပရီမီယာလိဂ်မှာ တန်းဆင်းရ မယ့်အသင်းတောင်
ပေါင်သန်း ၁၀၀ ရလာတော့မှာဖြစ်လို့ဆိုတဲ့အချက်က အဓိက တွန်းအားပဲ ဖြစ်ပါတယ်။
အခုအချိန်ကပြီး ကြိုတင်ပြင်ဆင်ထားနိုင်မှ သူတို့ရဲ့ နှစ်ရှည် စီမံကိန်းဟာ ပျော့ကွက်မရှိအောင်
တည်ဆောက်နိုင်မှာ၊ အခြေခိုင်မာမှာဆိုတာကို သူတို့ ယုံကြည်နေပုံရပါတယ်။ ဒါကြောင့်
လည်း ဒီရာသီ စတုတ်ရဲ့အားထုတ်ဖြည့်ဆည်း မှုဟာ သတိထားစရာဖြစ်လာနေရတာပဲ
ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ခုနှစ်တွေက သူတို့ဟာ ကွင်းတွင်းကစားသမားတွေကို သင့်ရုံလောက်
တွေသာ ဖြည့်ဆည်းရင်း ပရီမီယာလိဂ်မှာ တင်ကျန်ရေး ပြတ်သားတဲ့အဓိက ရည်မှန်းချက်ကို
ချခဲ့ပါတယ်။

ဒါပေမဲ့ အသင်း တစ်သင်းတောင့်တင်းဖို့က ကွင်းတွင်းကစား သမား တောင့်တင်းခြင်းတစ်ခုတည်း
မဟုတ်ဘူး။ ကွင်းပြင်ပက အရေးကြီးတဲ့ အခြေခံ အဆောက်အအုံနဲ့ လိုအပ်ချက်ပစ္စည်းပစ္စယ
တွေ တိုးတက်လာဖို့အတွက်ကို အဓိက ရည်ရွယ်တည်ဆောက်နေတာကြောင့် သူတို့ဟာ
ကစားသမားကောင်းတွေ ပိုင်ဆိုင်ရေး ဆီကို ဦးတည်မသွားခဲ့ကြပါဘူး။ ဒါပေမဲ့ စတုတ်ဟာ
နှစ်တိုင်း ပရီမီယာလိဂ်မှာ တင်ကျန်ရင်း အမြတ်အစွန်းတွေ ရလာခဲ့သလို နောက်ကွယ်
မှာလည်း တိုးတက်တဲ့ရုပ်ပိုင်းဆိုင်ရာတွေကို ပိုင်ဆိုင်လာနေခဲ့ပါတယ်။ ပြီးရင် သူတို့ဟာ
လူငယ်အကယ်ဒမီအောင်မြင်ရေးဆီကို ထပ်မံ သွားခဲ့လို့ သူတို့မှာ လူငယ်ကစားသမားကောင်းတွေ
မကြာမီမှာပေါ်ထွက်လာတော့ မယ်ဆိုတဲ့အကြောင်း စတုတ်စီအီးအို တိုနီစခိုးလ်က စတုတ်
ပရိသတ်ကို အသိပေးလိုက်ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့လေးနှစ်ကစပြီး စတုတ်ဟာ လူငယ်အကယ်ဒမီအတွက် ပေါင်ခုနစ်သန်းကို လေ့ကျင့်ရေးပစ္စည်းပိုင်းအတွက် သုံးခဲ့သလို
အကယ်ဒမီအတွက် တခြားအသုံး ကို တစ်နှစ်ပေါင်လေးသန်းသုံးစွဲပြီး လူငယ်အကယ်ဒမီတိုး
တက်အောင် လုပ်နေလျက်ရှိ ပါတယ်။ အဲဒီမြှုပ်နှံမှုကနေ မကြာခင်မှာ အသီးအပွင့်တွေ
စားသုံးရတော့မယ်လို့ တိုနီ စခိုးလ်က အသိပေးလိုက်ပါတယ်။

လာမယ့်ရာသီမှာ စတုတ်အကယ်ဒမီက ၁၆ နှစ်သား ကစားသမားတစ်ယောက်ကို ပရီမီယာလိဂ်
မှာ မြင်တွေ့ရပါမယ်လို့ အသိပေးလိုက် ပါတယ်။ စတုတ်မြို့လေးက သူတို့ပရိသတ်တွေအားပေးရာမှာ
သက်သောင့်သက်သာရှိစေဖို့၊ ညည်းညူမှုတွေ အတတ်နိုင်ဆုံးမဖြစ်အောင် သူတို့က စီစဉ်ပေးထား
သလို အဝေးကွင်းပွဲတွေ ရောက်ရင် သူတို့ပရိသတ် လိုက်ပါအားပေး နိုင်ဖို့ အလွယ်ကူဆုံးနည်း
လမ်းတွေကို ရှာဖွေ ရင်း ပရိသတ်ယုံကြည်မှု မြင့်တက်လာအောင် ကြိုးပမ်းနေခဲ့တာ ဘောလုံးနှစ်
ရာသီတိုင်လာ ခဲ့ပြီဖြစ်ပါတယ်။ အဝေးကွင်းပွဲတွေမှာ စတုတ်ရဲ့ ရလဒ်တွေကောင်းလာဖို့မှာ
သူတို့ကို လှုံ့ဆော်အားပေးတဲ့ ပရိသတ်အများအပြားရှိခြင်းဟာ အချက်တစ်ခုဖြစ်တယ်ဆိုတာကို
ဘုတ်အဖွဲ့က လက်ခံထားပုံရခဲ့ပါတယ်။ ဒါကြောင့် အဝေးကွင်းလိုက်ပါအားပေးမှုမှာ သွားလာရေး
အတွက် အဆင်ပြေအောင် သူတို့တွေက စီစဉ်ပေးထားလို့ စတုတ်ရဲ့ အဝေးကွင်းပွဲတွေမှာ
ရလဒ်တက်လာတယ် လို့ စီးအီးအိုက ပြောဆိုထားခဲ့ပါတယ်။

ကစား သမား၊ မန်နေဂျာနဲ့ နည်းပြအဖွဲ့၊ ဒါရိုက်တာအဖွဲ့၊ စီမံခန့်ခွဲမှုပုံစံ၊ ပရိသတ်၊ အားလုံးဟာ
တစ်သားတည်းဖြစ်စေရမယ်ဆိုတာ သူတို့ရဲ့ခံယူချက်ပဲဖြစ်ပါတယ်။ ဘယ်နေရာပဲရောက်
ရောက် ဒီခံယူချက်ကို ထိန်းသိမ်းထားနိုင် ရေးဟာ အဓိကကျတယ်လို့ လည်း ဆိုပါတယ်။
မနှစ်က အကောင်းဆုံးရမှတ်တစ်ခုကိုရယူလိုက်တဲ့ စတုတ်စီးတီးမှာ ထိပ်တန်းအသင်းကြီးတွေက
လိုချင်တဲ့ ကစားသမားတချို့ကို ပိုင်ဆိုင်ထားတဲ့အသင်း ဖြစ်ပါ တယ်။ ဘော့စနီးယားလက်ရွေးစင်
ဂိုးသမား ဘီဂိုဗစ်၊ ပြင်သစ်ကွင်းလယ်သမား ဇွန်ဇီ၊ နောက်တန်းသမား ရှောခရောတို့ပဲ ဖြစ်ပါ
တယ်။ ဘီဂိုဗစ်ဆိုရင် ချယ်လ်ဆီးကိုပြောင်း ရွှေ့သွားနိုင်ဖွယ်ရှိပါတယ်။

အဲဒီအတွက်အစားထိုးဖို့ သူတို့မှာဂိုးသမား အသင့်ရှိနေပါ တယ်။ အင်္ဂလန်လက်ရွေးစင် ဂိုးသမား
ဘတ်လန်းပဲဖြစ်ပါတယ်။ မနှစ်က တည်းက ဘတ် လန်းကိုခေါ်ထားပြီး ဥထားခဲ့ကြတာက
သူတို့ရဲ့အကွက်မြင်မှုပဲဖြစ်ပါတယ်။ ဇွန်ဇီကို ဆီဗီ လာက လိုချင်နေတဲ့အတွက် မရောင်းဘူးလို့
ဆိုနေပေမယ့် ပီတာကုတ်စ်မိသားစုနဲ့ တိုနီစခိုးလ်တို့ဟာ ညံ့တဲ့သူတွေမဟုတ်ပါဘူး၊ သူတို့လိုချင်
တဲ့ ဈေးရခဲ့ရင်တော့ ဇွန်ဇီကို ရောင်းကြမှာပဲဖြစ်ပါတယ်။ ဂိုးသမားဘီဂိုဗစ်ကို ရောင်းမှာဖြစ်လို့
သူတို့ဟာ မီဂျေးလန်းကလပ်က ဒိန်းမတ်လူငယ်လက်ရွေးစင် ဂိုးသမား ဂျက်ကော့ဟူးဂတ်ကို
ခေါ်ထားပြီ ဖြစ်ပါ တယ်။ စတုတ်ရဲ့ တိုက်စစ်ကိုကြည့်လိုက်ရင် ပီတာခရော့ဖ်၊ ဝေါ်လ်တာတို့လို
အသက် ကြီးနေသူတွေကို တွေ့ကြရမှာပါ။ ဒီနှစ်မှာ တော့ စပိန်လူငယ်လက်ရွေးစင်ဖြစ်ခဲ့ဖူးခဲ့တဲ့
ဂျိုဆီလူကို ဂျာမန်ကလပ် ဟန်နိုဗာ ကနေ ပေါင်ရှစ်သန်းနဲ့ ခေါ်ထားတဲ့အတွက် လာမယ့်ရာသီ
စတုတ်တိုက်စစ်မှာ ဂျိုဆီလူ နဲ့ မန်မာဂျူဒ်အတွဲ၊ ဂျိုဆီလူနဲ့ ဝေါ်လ်တာ အတွဲတို့ကို မြင်တွေ့ရဖွယ်
ရှိပါတယ်။

မနှစ်က နောက်ချန်တိုက်စစ်မှူး ဘာစီလိုနာ ကစားသမားဟောင်း ဘိုဂျန်ကာကစ်ကိုခေါ်ခဲ့သလို
ကာကစ်ဟာလည်း စတုတ်မှာ အကောင်းဆုံးကစားနိုင်ခဲ့သူ ဖြစ်ပါ တယ်။ မန်မာဂျုဒ်ဆိုရင် မနှစ်က
စတုတ် အသင်းမှာ ဂိုးအများဆုံး ၁၂ ဂိုး သွင်းခဲ့သူ ဖြစ်ပါတယ်။ ဝေါ်လ်တာက ၁၁ ဂိုးသွင်းပြီး
ဒုတိယလိုက်ခဲ့ပါတယ်။ ဂျိုဆီလူ က ရီးယဲလ်မက်ဒရစ်လူငယ်ကစားသမားတစ်ယောက် ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါက ဟန်နိုဗာအသင်းမှာ ကစားနေတဲ့ ဂျိုဆီလူ ကို ပေါင်ရှစ်သန်းတောင်ပေးခဲ့တယ်
ဆိုတာ စတုတ်အနေနဲ့ များတယ်လို့ ထင်စရာဖြစ်ပါ တယ်။ ဒါပေမဲ့ သူတို့ရဲ့ အဝယ်ပိုင်းမှာ
ချွတ်ချော်မှု သိပ်မရှိ တာက သတိထားစရာပဲ ဖြစ်ပါ တယ်။ ကစားသမားစွမ်းဆောင် ရည်ပိုင်းတွေနဲ့
ပတ်သက်ရင် သူတို့မှာ အားကိုးလောက်တဲ့ အေဂျင်စီအဖွဲ့ ရှိထားပုံရပါတယ်။ မန်မာဂျုဒ်ဆိုရင်လည်း
ဘွန်ဒက်စ် လီဂါက ကစားသမားဖြစ်သလို မနှစ်က လေဗာကူဆင်ကနေ အငှား နဲ့ ခေါ်ခဲ့တဲ့
နောက်တန်းသမား ဝေါင်းစကီကိုလည်း စာချုပ်လိုက်ပါ တယ်။ အခုတစ်ခါ အင်တာမီလန်က
ဆွစ်ဇာလန်လက်ရွေးစင် ရှာကီရီကို ပေါင် ၁၂ သန်းနဲ့ ထပ်ခေါ်လိုက်ပြန်ပါတယ်။

ရှာကီရီဟာ ဘိုင်ယန်မြူးနစ် မှာ ကစားခဲ့သူ၊ နေရာမရလို့ မနှစ်က ဇန်နဝါရီရောက်မှ
အင်တာမီလန်ကို ပြောင်းသွားသူ၊ ထိပ်တန်းအဆင့်ရှိသူဖြစ်ပါတယ်။ အခုနောက်ပိုင်း
စတုတ်ပြင်ဆင်မှု တွေက ဘွန်ဒက်စ်လီဂါကစားသမားတွေ ကို အားပြုတည်ဆောက်နေတယ်လို့
ဆိုရ မှာဖြစ်ပါတယ်။ မန်မာဂျူဒ်နဲ့ ဂျိုဆီလူ (တိုက်စစ်)၊ ရှာကီရီနဲ့ အန်မာနူတိုဗစ် (တောင်ပံ)၊
ဝေါင်းစကီ(နောက်တန်း)ဆိုတဲ့ ဘွန်ဒက်စ်လီဂါမှာကစားခဲ့တဲ့ ကစားသမား တွေ စုဝေးလာနေတဲ့
ကလပ် ဖြစ်နေပါ တယ်။ ယူကရိန်းကစားသမား ကိုနိုပလန်ကာကို ခေါ်ဖို့ကြိုးစားရင်းက ရှာကီရီကို
ခေါ်လိုက်တဲ့အတွက် ကိုနိုပလန်ကာဟာ စတုတ်ကို ရောက်လာဖွယ် မရှိပါဘူး။ ကွင်းလယ်
ကစားသမား ချာလီအဒမ်ကို စာချုပ်သစ်ချုပ်ထားသလို ဝေါ်လ်ကာနဲ့စာချုပ်က တစ်နှစ်ပဲကျန်တော့လို
့ စာချုပ် မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါ တယ်။ ဝေါ်လ်ကာရဲ့ အသက်က ၃၁ နှစ်ရှိပြီ ဖြစ်လို့
စာချုပ်မယ်ဆိုလည်း နှစ်တို စာချုပ်လောက်ပဲ ချုပ်ဖို့ရှိနေ ပါတယ်။ မနှစ်က ရာသီပြီးဆုံး သွားတော့
စတုတ်စီးတီးအသင်းဟာ စုစုပေါင်း သွင်း ဂိုး ၈၄ ဂိုးသွင်းပြီး ပွဲပေါင်း ၃၈ ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ပွဲ
ကိုးပွဲသာ ရှိခဲ့ပါတယ်။ တိုက်စစ်မှာ အဆင့်အားဖြင့် (၈)နေရာချိတ်ခဲ့ပါတယ်။အိမ်ကွင်းမှာ ၃၂
ဂိုးသွင်းပြီး အဝေးကွင်း မှာ ၁၆ ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။ ဒီအချက် ကိုကြည့်လိုက်ရင် အိမ်ကွင်းမှာ
တိုက်စစ်ပိုင်း ပိုကောင်းတယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အိမ်ကွင်းမှာ ဂိုးမသွင်းနိုင်တဲ့ပွဲ
သုံးပွဲပဲရှိခဲ့တဲ့အသင်း ဖြစ်ပါတယ်။

ခံစစ်ပိုင်း ကိုကြည့်လိုက်ရင် အဆင့်(၆)နေရာရခဲ့ပါ တယ်။ ၃၈ ပွဲမှာ စတုတ်ဟာ ၄၅ ဂိုး
အသွင်း ခံခဲ့ရပါတယ်။ ဂိုးသွင်းမခံရတဲ့ပွဲကလည်း ကိုးပွဲရှိခဲ့ပြီး အဆင့်(၆)နေရာမှာရှိပါတယ်။
ဒီအနေအထားတွေကြည့်လိုက်ရင် စတုတ် ဟာ ထိပ်သီးအသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး၊
မန်စီးတီး၊ အာဆင်နယ်၊ မန်ယူ၊ လီဗာပူး၊ ဆောက်သမ်တန်တို့နောက်မှာ ရပ်တည်နေတဲ့
အသင်းဖြစ်တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ လာမယ့်ရာသီအဖွင့်ပွဲစဉ်မှာ စတုတ်ဟာ
အိမ်ကွင်းမှာ လီဗာပူးနဲ့ကစား ရမှာဖြစ်လို့ မနှစ်က နောက်ဆုံး ပွဲစဉ်(၃၈)မှာ လီဗာပူးကို ၆-၁ နဲ့
နိုင်ထားခြင်း ရလဒ်ရဲ့ နောက်ဆက် တွဲက လီဗာပူးအတွက် ခက်ခဲဦးမှာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်နေ နေ စတုတ်ရဲ့ ပြင်ဆင်နေ ခြင်းက လာမယ့်ရာသီမှာ မနှစ်ကရာသီထက်
ပိုကောင်း လာမယ်လို့ ယူဆ နေမိပါ ရဲ့။



ဖတ်ရှုမှုအများဆုံး