ဒီဇူလိုင်လမှာတော့ ဘာစီလိုနာမှာ အပြောင်းအလဲတစ်ခုဖြစ်လာဖို့ ရှိနေတယ်။ ဘာစီလိုနာရဲ့
အဓိကပဲ့ကိုင်ရှင်ဟာ ဘယ်သူဖြစ်လာမလဲ။
ဘာစီလိုနာရဲ့ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲကို ဇူလိုင်လ ၁၈ ရက်နေ့မှာ ပြုလုပ်မယ်လို့ တရားဝင်
အတည်ပြုထားပါပြီ။ အမှန်ဆိုရင် ဘာစီလိုနာဥက္ကဋ္ဌရွေးကောက်ပွဲဟာ လာမယ့်နှစ်မှ ပြုလုပ်ရ
မှာဖြစ်ပေမယ့် ဘာစီလိုနာအသင်းတွင်း ကြံုနေရတဲ့ အခြေအနေတွေကြောင့် ရွေးကောက်ပွဲကို
အခုလိုစောလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်တယ်။
ဒါကြောင့် ဇူလိုင် ၁၈ ရက်နေ့မှာတော့ ဘာစီလိုနာရဲ့ ပဲ့ကိုင်ရှင် အသစ်ကို သိရတော့မှာပဲဖြစ်ပါ
တယ်။ လက်ရှိအချိန်မှာတော့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌနေရာအတွက် ကိုယ်စားလှယ်ငါးဦး
အထိ ယှဉ်ပြိုင်ဖို့ရှိနေတယ်။ ဒီအရေအတွက်ဟာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ ဥက္ကဋ္ဌနေရာ
အတွက် ယှဉ်ပြိုင်သူအများဆုံးလို့တောင် ဆိုနိုင်တယ်။
ဒီငါးဦးထဲမှာမှ ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ ဘာတိုမြူနဲ့ လာပေါ် တာတို့နှစ်ဦး
ပါ၀င်နေကြပြီး ဒီနှစ်ဦးကပဲ ဥက္ကဋ္ဌရာထူးကို အပြိုင်လုကြရလိမ့်မယ်လို့ အများစုက ခန့်မှန်း
နေကြတယ်။
၂၀၀၀ နောက်ပိုင်း ဘာစီလိုနာအသင်းရဲ့ နောက်ကြောင်းကိုပြန်ကြည့်မယ်ဆိုရင် ဘာစီလိုနာရဲ့
ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူတွေဟာ များသောအားဖြင့် နာမည်ပျက်နဲ့ အသင်းက ထွက်ပေး
လိုက်ရတဲ့သူတွေက များနေတယ်။ ယိုဟန်ဂက်စပတ်၊ လာပေါ်တာ၊ ရိုဆဲလ်တို့ အားလုံးဟာ
ဘာစီလိုနာကနေ နာမည်ပျက်နဲ့ စွန့်ခွာခဲ့ကြရတဲ့ သူတွေချည်းပါပဲ။ အခု နောက်ဆုံး
ဘာတိုမြူဆိုလည်း ဥက္ကဋ္ဌ ရိုဆဲလ် နုတ်ထွက်သွားခဲ့ရလို့ သူ့နေရာကို ယာယီ တာဝန်ဝင်ယူ
ခဲ့ရသူဖြစ်ပြီး သူ့လက်ထဲမှာ လည်း အစွန်းအထင်းတွေနဲ့ လွတ်ခဲ့သူမဟုတ် ပါဘူး။ ဒါကြောင့်
လည်း နောက်တက် လာမယ့် ဥက္ကဋ္ဌသစ်ဟာလည်း ဘာစီ လိုနာကို ဘယ်လောက်အထိ
ပြုပြင် ပြောင်းလဲမှု တွေ ပြုလုပ် ပေးနိုင်မလဲ ဆိုတာ သေချာမှုတော့ မရှိပါဘူး။
လာပေါ်တာ၊ ရိုဆဲလ်နဲ့ ဘာတိုမြူတို့ လက်ထက်မှာ ဘာစီလိုနာဟာ ကွင်းအတွင်းမှာအောင်မြင်
မှုတွေ ရယူပြနိုင်ခဲ့တာမှန်ပေ မယ့် ကွင်းပြင်မှာတော့ ဘာစီလိုနာရဲ့ အရှုပ် အထွေးတွေဟာ
ပိုပိုပြီးမြင့်တက်လာတာ တွေ့ရတယ်။ လာပေါ်တာလက်ထက်မှာ အသင်းဟာ ငွေရေးကြေးရေး
အရှုပ်အထွေး တွေရှိနေခဲ့လို့ ဒီပြစ်ချက်တွေ ကြောင့်ပဲ လာပေါ်တာ ဟာ ရာထူးက ထွက်ခွာ
ပေးခဲ့ရတာဖြစ်သလို ရိုဆဲလ် လက်ထက်မှာလည်း အသင်း အပြောင်းအရွှေ့အရှုပ်အထွေးတွေ
ကြောင့် ဖီဖာရဲ့ပြစ်ဒဏ်ချမှတ်မှု ကိုတောင် ခံခဲ့ရပြီး သူလည်း ဒီအရှုပ်အထွေးတွေကို မရှင်း
နိုင်ဘဲ ရာထူးက ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ ဘာတိုမြူကတော့ ရှေ့လူ တွေရဲ့ အရှုပ်အထွေးတွေ
ကို ဖြေရှင်းနေရတဲ့ကြားထဲ မှာပဲ သူကိုယ်တိုင် နောက် ထပ်အရှုပ်အထွေးတွေကြားထဲ
ရောက်ခဲ့ရသူဖြစ်တယ်။ သူကတော့ ဒီအရှုပ်အထွေးတွေကို ဖြေရှင်းနိုင်ဖို့ ဥက္ကဋ္ဌသစ်ရွေးပွဲကို
သတ်မှတ် ချိန်ထက်စောပြီးကျင်းပဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပြီး ဥက္ကဋ္ဌရာထူးကို ဆက်ယူနိုင်ဖို့အတွက်
ဥက္ကဋ္ဌရွေးပွဲဝင်ဖို့ ရာထူးက ထွက်ထားခဲ့ရသူ ဖြစ်တယ်။
နောက်ထပ် ဘာစီလိုနာဥက္ကဋ္ဌရွေးပွဲမှာ လာပေါ်တာ၊ ဘာတိုမြူတို့လို ဥက္ကဋ္ဌဟောင်းတွေကို
ရင်ဆိုင်မယ့် သူတွေကတော့ ဘုတ်အဖွဲ့ဝင်ဖြစ်တဲ့ တိုနီဖရိုင်ဇာ၊ အော်ဂတ်စတီ ဘင်နက်ဒက်
တိုနဲ့ ဟွမ်ဘက်တစ္စတေးတို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသုံးယောက်မှာ နာမည်ရှိသူဆိုလို့
ဘင်နက် ဒက်တိုတစ်ယောက်လောက်သာပါပြီး ကျန်တဲ့ နှစ်ယောက်ကတော့ ဘာစီလိုနာ
အသင်းတွင်း လူသိနည်းတဲ့သူတွေဖြစ်လို့ နဂိုအရှိန်အဝါ ရှိနေတဲ့ လာပေါ်တာနဲ့ ဘာတိုမြူ
တို့နှစ်ဦးကို ယှဉ်နိုင်ဖို့ သိပ်မရှိလှပါဘူး။
ဒီနေရာမှာ ဘာစီလိုနာပရိသတ် အများစု ကလည်း အသင်းနဲ့အတူ ထင်ရှားခဲ့ကြတဲ့
ကိုယ်စားလှယ် လောင်းတွေအပေါ်မှာပဲ ပိုပြီးမျက်စိကျနေတာမျိုး ရှိနေတဲ့အတွက် ဥက္ကဋ္ဌရာထူး
ဟာ လာပေါ်တာနဲ့ ဘာတိုမြူတို့ နှစ်ဦးပဲ အဓိကပြိုင်ရတော့မယ့် အနေအထား မျိုး ဖြစ်လာ
တာပဲဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌ အပြောင်းအလဲနဲ့အတူ အသင်းမှာ
ဘာတွေများ ထပ်ပြီး အပြောင်းအလဲဖြစ်နိုင်မလဲ ဆိုတာက ပိုပြီးစိတ်ဝင်စား စရာကောင်းတဲ့
အချက်လို့ ဆိုနိုင်တယ်။ လက်ရှိအချိန်မှာတော့ ဥက္ကဋ္ဌ လောင်း တွေဟာ သူတို့ အောင်မြင်
မှုရဖို့အတွက် ဘာစီလိုနာ ပရိသတ် တွေကို နည်းမျိုးစုံနဲ့ မက်လုံးပေးပြီး မဲဆွယ်မှုတွေ
အပြိုင်လုပ်နေကြတယ်။ သူတို့ အောင်မြင်ခဲ့ပါက သူတို့ ပြောသလို တကယ်လုပ် ပြနိုင်ခြင်း
ရှိမရှိဆိုတာ လည်း စိတ်ဝင်စားစရာ ဖြစ်လာတယ်။
အထူးသဖြင့် အတွေ့ အကြံုများပြီး ဥက္ကဋ္ဌဟောင်း ရွေးပွဲအတွက် ထိပ်ဆုံးက ရေပန်းစားသူ
နှစ်ဦးဖြစ်တဲ့ လာပေါ်တာနဲ့ ဘာတိုမြူတို့ နှစ်ဦးရဲ့အနေအထားက ပိုပြီး စောင့်ကြည့်ချင်စရာ
ကောင်းလာတယ်။ လာပေါ်တာဟာ လောလော ဆယ်မှာ ဂျူဗင်တပ်က ပေါ့ဂ်ဘာလို ကစား
သမားမျိုးကို ခေါ်ယူပေးမယ်ဆိုတဲ့မက်လုံး နဲ့ မဲဆွယ်တာမျိုးလုပ်နေချိန်မှာ ဘာတိုမြူ ကလည်း
ပြီးခဲ့တဲ့ရာသီ အောင်မြင်မှုရခဲ့တဲ့ အသင်းမှ အဓိကကစားသမား အများစု ကို အသင်းမှာ
ဆက်ရှိအောင် လက်သွက်ခြေသွက်ပဲ စာချုပ်သက်တမ်းတိုးတာမျိုးတွေ လုပ်ခဲ့သလို အနာဂတ်
မရေရာပါဘူးဆိုတဲ့ နည်းပြ အင်းနရစ်ဆီကလည်း သေချာမှုတစ်ခုကိုရအောင် ယူထားနိုင်
လိုက်တယ်။

လာပေါ်တာက အရင်သူဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့စဉ်က အောင်မြင်မှု အရှိန်အဝါတွေနဲ့
ပရိသတ်တွေကို ဆွဲဆောင်ထားခဲ့သလို သူ့လက်ထက် ဘာစီလိုနာရဲ့ တိုးတက်တဲ့ပုံရိပ်
တွေနဲ့ ဘာတိုမြူလက်ထက်မှ ဘာစီလိုနာ အသင်းရဲ့ ပုံရိပ်တွေကို ချိန်ထိုးနှိုင်းယှဉ်တဲ့ပုံစံမျိုး
နဲ့လည်း မဲဆွယ်မှုတွေ လုပ် ထားခဲ့တယ်။ နိုင်ငံရေး သမားဟောင်းတစ်ဦးလည်းဖြစ်တဲ့
လာပေါ် တာဟာ ဒီနေရာ မှာတော့ ဘာတိုမြူထက် ခြေတစ် လှမ်းသာနေခဲ့ပြီး သူ့ရဲ့ အတွေ့
အကြံုတွေ နဲ့ လူမျိုးရေးစိတ်ဓာတ်ပိုပြင်းထန်တဲ့ ကတ်တလန်သားတွေကို ဆွဲဆောင်မှု ပိုပြီး
လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူ့အတွက် အခက် အခဲဖြစ်လာနိုင်တာက သူသာ ဥက္ကဋ္ဌဖြစ်
လာခဲ့ရင် အသင်း ဟာ အပြောင်း အလဲတွေဖြစ် သွားနိုင်တဲ့ အနေ အထား မျိုးမှာ ရှိနေ
တာပဲ ဖြစ်ပါ တယ်။ သူခေါ် ပေးမယ်ဆိုတဲ့ ပေါ့ဂ်ဘာကလည်း မန်စီးတီးရဲ့ ဗြိတိသျှစံချိန်တင်ပေါင်
ရ၁ သန်းတန်ကမ်းလှမ်းမှုကြောင့် ဘာစီလိုနာကိုရောက်ရှိရေး မရေရာတဲ့အနေအထားမှာ
ရှိနေသလို အသင်းတွင်းမှာ လက်ရှိကြံုတွေ့နေရတဲ့ အခက်အခဲအကျပ် အတည်းတွေကလည်း
နဂိုကတည်းကမှ ငွေကြေး အရှုပ်အထွေးနာမည်ပျက်တွေရှိခဲ့တဲ့ လာပေါ်တာအတွက်
ဖြေရှင်းရခက်ခဲ နိုင်မယ့် ပြဿနာတွေဖြစ်လာနိုင်သေးတယ်။
ဒါပေမဲ့ လာပေါ်တာဟာ ရီကက်၊ ဂွာဒီယိုလာ တို့နဲ့ ဘာစီလိုနာ ခေတ်တစ်ခေတ်ကို ဖန်တီးနိုင်ဖို့
အစပျိုးကောင်းခဲ့သူဖြစ်လို့ အဲဒီအချက် က သူ့ရဲ့အားသာမှုလိုဖြစ်နေတာ အမှန်ပဲ။ အခုသူပြန်ပြီး
ဥက္ကဋ္ဌဖြစ်လာရင်လည်း ဘာစီ လိုနာကို အပြောင်းအလဲတွေနဲ့ ထိပ်ဆုံးမှာ ဆက်ရှိအောင်
ဖန်တီးနေနိုင်ဦးမယ်လို့ ယုံကြည်နေကြသူတွေလည်း အများကြီး ရှိနေတယ်။ ဘာတိုမြူကတော့
အသင်း လက်ရှိ ကြံုတွေ့နေရတဲ့ အရှုပ်အထွေးပြဿနာတွေ ကို ကိုယ်တိုင်ရင်ဆိုင် ထားခဲ့ရသူဖြစ်လို့
ဒီအရှုပ်အထွေးတွေကို ဖြေရှင်နိုင်ဖို့အတွက် အကောင်းအဆိုး အားသာ အားနည်းစတဲ့အချက်တွေ
ကို လာပေါ်တာထက်ပိုပြီး ရင်းနှီး စွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ပိုရှိနိုင်ဖို့ များ တယ်။ နောက်ပြီး
အောင်မြင်နေတဲ့အသင်းတစ်သင်းကို အစည်းပြေမသွားအောင်လည်း သူဥက္ကဋ္ဌ ရာထူးက
မထွက်မီစပ်ကြား အတတ် နိုင်ဆုံး ကြိုးစားဖန်တီးပေးထားခဲ့နိုင်တာကလည်း သူ့အစွမ်းကို
ထုတ်ပြထားသလို ဖြစ်နေတယ်။
ဒါပေမဲ့ သူ့ရဲ့အားနည်းမှုကတော့ ရိုဆဲလ်လက်ထက်ကစပြီး ကြံုတွေ့ လာရတဲ့ ပြဿနာပေါင်းစုံဟာ
ဘာတိုမြူနဲ့လည်း မကင်းခဲ့ဘူးဆိုပြီး သူ့အပေါ်မှာ ပရိသတ်အများစုရဲ့ ယုံကြည်မှုပိုင်း လျော့
နည်းသွားတဲ့အချက်ပါပဲ။ ဒီတော့ ဘာစီလိုနာဥက္ကဋ္ဌရွေးပွဲရဲ့ အဆုံး သတ်ပိုင်းမှာ ဘာတွေ
ဆက်ဖြစ်လာနိုင်မလဲ။ ဥက္ကဋ္ဌရွေးပွဲနဲ့အတူ ဘာစီလိုနာ ရဲ့အနာဂတ်ကို မှန်းဆ ကြည့်ရတာလည်း
ရင်ခုန်စရာပါပဲ။















