ပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ၏ စတုတ္ထပွဲစဉ် မန္တလေးမြို့တွင်ကျင်းပမည်

ပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ၏ စတုတ္ထပွဲစဉ် မန္တလေးမြို့တွင်ကျင်းပမည်

မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်၊ မြန်မာပီဂျီ အေနှင့် ကမ္ဘောဇဘဏ်တို့ ပူးပေါင်းစီစဉ်ကျင်းပသော
၂၀၁၅ ခုနှစ် မြန်မာပြည်တွင်း ပတ်လည်ဂေါက်ရိုက်ပြိုင်ပွဲ၏ စတုတ္ထပွဲစဉ်ကို ဇူလိုင်လ ၂၃ ရက်နေ့မှ
၂၆ ရက်နေ့အထိ မန္တလေးမြို့ ရေတံခွန်တောင် ဂေါက်ကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ပရော်ဖက်ရှင်နယ်အဆင့်၊ အမျိုးသား အပျော်တမ်းအဆင့် (Hindicap 0-12) ပြိုင်ပွဲနှင့်
အမျိုးသမီး အပျော်တမ်း အဆင့် (Hindicap 0-24) ပြိုင်ပွဲအမျိုးအစားများ ပါ၀င်သည်။ပရော်ဖက်ရှင်
နယ်ပြိုင်ပွဲတွင် အနိုင်ရရှိသူကို သိန်း ၃၀ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲနှင့်
အမျိုးသား အပျော်တမ်းအဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ်များ သာ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက် ပြိုင်ပွဲကို ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့မှ စတင်၍
ဒီဇင်ဘာလ ၆ ရက်နေ့အထိ ပြိုင်ပွဲ ပွဲစဉ် ကိုးခုဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင်
စတုတ္ထမြောက်ပွဲစဉ်ကို ရောက်ရှိလာပြီဖြစ်သည်။

ပြိုင်ပွဲကို မျိုးဆက်သစ်ဂေါက်သီးသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာရေးနှင့် အဆိုပါ
မျိုးဆက်သစ် ကစားသမားများက နိုင်ငံ့ဂုဏ်ဆောင် ဂေါက်သီးသမားများဖြစ်လာစေရန်ရည်ရွယ်
ချက်ဖြင့်ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက် ပြိုင်ပွဲကို ၂၀၁၄ ခုနှစ်မှ စတင်ကျင်းပပြုလုပ်
ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ဒုတိယအကြိမ်မြောက်ကျင်းပပြုလုပ်ခြင်းဖြစ်သည်။



ဖတ်ရှုမှုအများဆုံး