ချန်ပီယံလိဂ်နဲ့ အနီးဆုံးသို့ ပြန်ရောက်လာနိုင်သူများ

ချန်ပီယံလိဂ်နဲ့ အနီးဆုံးသို့ ပြန်ရောက်လာနိုင်သူများ

ဗလင်စီယာအတွက် ဒီရာသီက စိန်ခေါ်မှုတွေ ပိုရှိလာတော့မယ့် ရာသီတစ်ခု ပြန်ဖြစ်လာတယ်။ 

ဥရောပရဲ့ အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်အတွက် သူတို့ခြေစစ်ပွဲကစားခွင့် ရထားကြတယ်။
ဒီအခွင့်အရေးကို ဗလင် စီယာအသင်း အကောင်းဆုံး အသုံးချနိုင်ပြီး ချန်ပီယံလိဂ်ကို
တစ်ကျော့ပြန်ယှဉ်ပြိုင်ခွင့်ရမလားဆိုတာ စိတ်ဝင်စားစရာကောင်းလာတယ်။ ဗလင်စီယာ
ဆိုတာလည်း တော်ရုံအသင်းမဟုတ်ပါဘူး။

လာလီဂါမှာ ရီးယဲလ်၊ ဘာစီလိုနာ အသင်းတွေပြီးရင် တတိယနေရာလောက်မှာ အမြဲလိုလို
ရပ်တည်နိုင်တဲ့အသင်းတစ်သင်းအဖြစ် သတ်မှတ်ထားလို့ ရတဲ့အသင်းပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ရာသီ
လောက်မှာတော့ သူတို့ရဲ့နေရာကို အလက် တီကိုက သိသိသာသာကို ၀င်ယူသွားနိုင်ခဲ့တယ်။
အရင်ကဆိုရင် ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ ဆိုတာဟာ ဗလင်စီယာလို အသင်းအတွက် သိပ်ပြီးခက်ခဲ
လှတဲ့ အနေအထားမျိုးမဟုတ် ဘူး။ အနည်းဆုံးတော့ လာလီဂါအမှတ်ပေး ဇယားမှာ အဆင့်(၃)၊
(၄) နေရာတွေက သူတို့ အတွက် အမြဲလိုလိုရနေခဲ့တယ်။ ဒါပေမဲ့ သူတို့လည်း စပိန်နိုင်ငံအတွင်း
ကြံုတွေ့ခဲ့ရတဲ့ ငွေကြေးအကျပ်အတည်းဒဏ်ကို တခြား အသင်းတွေနည်းတူ ခံခဲ့ရတဲ့အခါမှာတော့
ဗလင်စီယာဟာ အရင်လို၀င့်ကြွားနိုင်တဲ့ အသင်းတစ်သင်းမဟုတ်တော့ဘဲ ငွေကြေး ပြဿနာတွေကြား
မှာ ရုန်းကန်နေရတဲ့ သာမန်အသင်းတစ်သင်းဘဝကို ရောက်သွား ခဲ့တယ်။

ဒီအခြေအနေမှာ ဗလင်စီယာအတွက် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကိုအသာထား လာလီဂါမှာ
ရပ်တည်မှုကောင်းဖို့ အတွက်တောင် ပြန်ကြိုးစားနေရတဲ့ အခြေ အနေမျိုးကို ရောက်သွားခဲ့ရပေမယ့်
ဒီလို အခြေအနေကနေ သူတို့အမြန်ဆုံးပြန်လည် ရုန်းထွက်လာနိုင်ခဲ့ပြီဆိုတာ ပြီးခဲ့တဲ့ ရာသီ
အကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ခြေစစ် ပွဲမှစကစားရမယ့် အဆင့်(၄)နေရာကို ရယူပြီး
သူတို့ သက်သေပြနိုင်ခဲ့တယ်။ ဒီတော့ တကယ်လို့သာ သူတို့ချန်ပီယံလိဂ် အုပ်စုအဆင့်ကို
၀င်ရောက်ယှဉ်ပြိုင်ခွင့်ရလာခဲ့ရင် တစ်ချိန်တုန်းက ဗလင်စီယာအသင်းတွေ လိုပဲ ပြိုင်ဘက်တွေကို အခက်အခဲတွေ့နိုင်စေတဲ့အသင်းတစ်သင်းအဖြစ် ပြန်မြင်တွေ့ခွင့် ရနိုင်မလားဆိုတာကလည်း
စိတ်ဝင်စား စရာ ကောင်းလာပြန်ပါတယ်။ အနီးစပ်ဆုံး ဗလင်စီယာအသင်း ပြည်တွင်းမှာရော၊
ပြည်ပမှာပါ အကောင်းဆုံးဝင့်ကြွား ပြနိုင်ခဲ့တဲ့အချိန်တွေက ၂၀၀၀ ပြည့်လွန်နှစ်တွေပါ။

ဗလင်စီယာဟာ အဲဒီတုန်းက နည်းပြ ဟက်တာကူးပါး၊ ဘင်နီတက်ဇ်တို့လို နည်းပြတွေလက်ထဲမှာ
ပြည်တွင်းသာမက ပြည်ပမှာပါ၊၊သူတို့ ရဲ့ အဆင့်အတန်း တစ်ခုကို ထူထောင်ပြနိုင်ခဲ့တယ်။

၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၀၁ ခုနှစ်တွေမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက်တိုက် တက်ရောက်နိုင်
ခဲ့တဲ့ အထိ အပြင် ၂၀၀၄ ခုနှစ် မှာလည်း ယူ အီးအက်ဖ် အေ ဖလားကို အရယူပြ နိုင်ခဲ့တဲ့အထိ
သူတို့ရဲ့ အရှိန် အဝါကို ဥရောပ အဆင့်မှာ ဖြန့်ကြက် ပြနိုင်ခဲ့တယ်။ အဲဒီအချိန် တွေတုန်းက စပိန်
လက်ရွေးစင် အသင်းကြီးမှာလည်း ဗလင်စီယာ ကစားသမား အများစု လွှမ်းမိုးနိုင်ခဲ့တဲ့ အထိကို
အောင်မြင်မှုတွေ ရခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ အသင်းဟာ မျိုးဆက်တစ်ခု အပြောင်းအလဲအကြား
အနည်းငယ် အားနည်း သွားသလိုရှိခဲ့ပေမယ့် ပြည်တွင်းမှာတော့ သူတို့ရဲ့ အနေအထားကို
ဆက်ပြီးထိန်း ထားနိုင်ခဲ့လို့ ဥရောပပြိုင်ပွဲတွေ နဲ့လည်း ကင်းကွာမှုသိပ်မရှိခဲ့ဘူး။

၂၀၁၀ နောက်ပိုင်း နည်းပြ အမ်မရီလက်ထက်မှာ အသင်း ဟာ တက်ရိပ်ပြမလို ရှိခဲ့ပေမယ့်
လည်း အဲဒီအချိန်ကစလို့ ကြံုခဲ့ရတဲ့ ကြွေးမြီပြဿနာတွေက သူတို့ရဲ့ အနေအထားကို ဆွဲချ
သလို ဖြစ်ခဲ့ပြန်တယ်။ အသင်းရဲ့ငွေကြေးပြဿနာ တွေကို ဖြေရှင်းနိုင်ဖို့ အဲဒီတုန်း က အသင်းမှာ
တကယ်ကို ခြေစွမ်းရှိတဲ့ ကစားသမားတွေ ကို ရောင်းထုတ်ရင်း အသင်း ရပ်တည်နိုင်ဖို့အတွက်
ပြန် ကြိုးစားခဲ့ရတယ်။

ဒီလိုနဲ့ အသင်းရဲ့ နာမည်ကြီး ကစား သမားတွေဖြစ်တဲ့ ဒေးဗစ်ဗီလာ၊ ဒေးဗစ်ဆေးလ်ဗား၊
ဟွမ်မာတာတို့လို ကစားသမား ကောင်းတွေ ဟာ ဗလင်စီယာရဲ့ ရောင်းကုန်ဘဝကို ရောက်
ကုန်ကြတယ်။ ၂၀၀၈ နဲ့ ၂၀၁၂ ကြား နည်းပြအမ်မရီလက်ထက်မှာ ဗလင်စီယာဟာ
ပြည်တွင်းပြည်ပ လူရိုသေ ရှင်ရိုသေအဆင့်လောက်မှာ ရှိနေခဲ့တယ်။ ဒါပေမဲ့ အမ်မရီပါ
အသင်းကို စွန့်ခွာသွားတဲ့အချိန်မှာတော့ ဗလင်စီယာရဲ့ ကျဆင်းသွားမှုဟာ သိသာခဲ့တယ်။
အသင်းနည်းပြတွေအဖြစ် ဂျူးကစ်၊ ဗယ်လ်ဗာဒီလို နည်းပြမျိုးတွေ ရောက်လာပေမယ့်
ငွေကြေးအကျပ်အတည်းတွေနဲ့ ရုန်း ကန်နေရတဲ့ ဗလင်စီယာဟာ နှစ်ရာသီ ဆက်တိုက်၊၊
ဥရောပ ၀င်ခွင့်တွေ အတွက် ခက်ခဲမှုတွေကို ရင်ဆိုင် ခဲ့ရတယ်။ အဲဒီ ကြားထဲ မှာ အသင်း
ဥက္ကဋ္ဌနေရာမှာလည်း အပြောင်းအလဲတွေရှိခဲ့တဲ့အပြင် အသင်းရဲ့ ဆိုဒါလ်ဒို၊ အယ်လ်ဘာတို့လို
ကစားသမားကောင်းတွေ ကိုရောင်းထုတ်ရင်း ငွေရှာနေခဲ့ရတယ်။ ဗလင်စီယာရဲ့အပြောင်းအလဲက
ပြီးခဲ့တဲ့ ရာသီမစမီက ဖြစ်လာခဲ့တာပါ။

၂၀၁၄ မေလမှာ ငွေကြေး အကျပ်အတည်း တွေနဲ့ ကြံုနေရတဲ့ဗလင်စီယာကို ကယ်တင်ရှင်တစ်ဦး
ရောက်လာခဲ့တယ်။ သူကတော့ ပီတာလင်းလို့ ခေါ်တဲ့စင်ကာပူရဲ့ လုပ်ငန်းရှင် တစ်ဦးပါ။ သူဟာ
အသင်းရဲ့ရှယ်ယာအများစု ကို ၀ယ်ယူနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ အသင်း ကိုလည်း အပြောင်း
အလဲတွေဖြစ်အောင် စပြီးလုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အစပိုင်း သူ့ရဲ့လုပ်ရပ် တွေကိုတော့ ဗလင်စီယာ
ပရိသတ် ယုံကြည်မှု သိပ်မထားနိုင်ခဲ့ကြဘူး။ အသင်းရဲ့ကစားသမားခေါ်ယူမှုတွေဟာ
သာမန်လောက်ပဲ ရှိနေသေးသလို အသင်းရဲ့ကစားသမားအချို့ကိုလည်း ရောင်းထုတ်ရင်း
ငွေရှာနေ ရတဲ့ပုံစံမျိုးပဲ ဆက်တွေ့နေခဲ့ရတယ်။ ပိုဆိုး တာက အသင်းနည်းပြနေရာကို နူနိုဆန်တိုလို
နာမည်သိပ်မရှိသေးတဲ့နည်းပြ တစ်ဦးရောက် လာခဲ့တာပါ။

ဒါပေမဲ့ ဒီလိုထင်မှတ်မထားတဲ့ အပြောင်းအလဲတွေကြားကပဲ ဗလင်စီယာ ဟာ ရာထူးအစ
ကတည်းက မထင်မှတ်လောက် အောင် တည်ငြိမ်မှုတစ်ခု ပြနိုင်ခဲ့တယ်။ ရာသီဝက်လောက်မှာ အနည်းငယ်ပြန်ယိုင်ဆင်းသွားသလို တွေ့ရပေမယ့်လည်း ရာသီကုန်ချိန်နီးမှာတော့ အသင်းကို
အချိန်မီ ပြန်လည်တည့်မတ်နိုင်ခဲ့လို့ နောက်ဆုံး ရာသီ သိမ်းချိန်မှာ အနီးဆုံးပြိုင်ဘက်တွေဖြစ်တဲ့
ဆီဗီလာ၊ ဗီလာရီးယဲလ်၊ မာလာဂါလိုအသင်းတွေကို ကျော်ဖြတ်ပြီး အဆင့်(၄)နေရာကိုရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြန်နီးစပ်လာခဲ့တာပဲဖြစ်တယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ဗလင်စီယာ
အသင်းရဲ့ လှုပ်ရှားမှုတွေကိုကြည့်မယ်ဆိုရင် အားရစရာသိပ်မရှိလှသေးပါဘူး။ ထုံးစံ အတိုင်း
ကစားသမားကောင်းတွေရောင်းချပြီး ငွေရှာနေရတဲ့ အခြေအနေမျိုးကနေ လွတ် မြောက်လာတဲ့
ပုံစံမျိုးလည်း မတွေ့ရသေး ဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ စပိန်အသင်းတွေထဲမှာ ဗလင်စီယာရဲ့
ဈေးကွက် အတွင်း လှုပ်ရှားမှုတွေက အားအနည်းဆုံးလို ဖြစ်နေတယ်။ အသင်းက နာမည်ရှိ
ကစား သမားတွေကိုခေါ်ယူနိုင်တာမျိုးထက် အသင်း က နာမည်ရှိကစားသမားတွေ ထွက်ခွာနိုင်တဲ့
သတင်းတွေကိုပဲ ပိုမြင်နေရတယ်။ ဒီကြားထဲပိုဆိုးတာက အသင်း ဘုတ်အဖွဲ့ နဲ့ ဗလင်စီယာကို
ဒီလိုချန်ပီယံလိဂ်နဲ့ ပြန်နီးစပ် အောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြနူနိုဆန်တိုတို့ကြားမှာ
မပြေလည်တဲ့သတင်းတွေ ထွက်လာတာပါပဲ။

ဒီလိုအချိန်မျိုးမှာပဲ ဖီးနဗဲလ် လို အတွေ့အကြံုနည်းသေးတဲ့ အင်္ဂလန်လူမျိုး တစ်ယောက်က
အသင်းရဲ့လက်ထောက် နည်းပြအဖြစ် ရောက်လာပြန်တော့ ဗလင် စီယာရဲ့ ဒီရာသီပြင်ဆင်ပုံ
ပြင်ဆင်နည်းတွေ က ပရိသတ်တွေအတွက် မေးခွန်းထုတ်ချင် စရာ ပိုကောင်းလာတယ်။
ဗလင်စီယာဟာ ပိုင်ရှင်သစ် ပီတာလင်းနဲ့ နည်းပြနူနိုဆန်တိုတို့ ပထမဆုံးရာသီမှာတော့
ပရိသတ်တွေရဲ့အမြင်ကို မထင်တာတွေလုပ်ပြနိုင်ခဲ့ပါတယ်။ အခု သူတို့ရဲ့ ဒုတိယ ရာသီမှာလည်း
သူတို့ဘာတွေဆက်ပြီး လုပ်ပြ နိုင်မှာလဲ။

နှစ်ရာသီကျော် ဝေးကွာနေရတဲ့ ချန်ပီယံလိဂ်နဲ့ အနီးဆုံးနေရာကိုလည်း ပြန်ရောက်လာပြီဖြစ်လို့
ရလာတဲ့အခွင့်အရေး တစ်ခုကိုတော့ အလွယ်တကူ ဖြုန်းတီးပစ်မယ့် ပုံမျိုးမရှိပါဘူး။ လက်ရှိ
ဥရောပဘောလုံး လောကကိုလည်း စပိန်အသင်းတွေကပဲ သိသာစွာလွှမ်းမိုးထားနိုင်တဲ့အချိန်မှာ
ဗလင် စီယာလို အစဉ်အလာရှိတဲ့ အသင်းကောင်းတစ်သင်းသာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကို
ကစားခွင့်ရခဲ့ရင်တော့ ကျန်ဥရောပကလပ် အသင်းတွေနဲ့ ယှဉ်ပြိုင်မှုအရှိန်ကလည်း ပိုမြင့်
လာတော့မယ် ထင်ပါတယ်။



ဖတ်ရှုမှုအများဆုံး