ဖက်ဒရာ၏ အိပ်မက်ကို ရိုက်ချိုးလိုက်သည့် ဂျိုကိုဗစ်ရှ်

ဖက်ဒရာ၏ အိပ်မက်ကို ရိုက်ချိုးလိုက်သည့် ဂျိုကိုဗစ်ရှ်

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကျင်းပခဲ့သော ၀င်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင်
လက်ရှိချန်ပီယံ နိုဗက် ဂျိုကိုဗစ်ရှ်က All England Club တွင် ရှစ်ကြိမ်မြောက် အနိုင်ရရှိဖို့
ဖက်ဒရာ၏ ကြိုးပမ်းချက်ကို ဖျက်ဆီးလိုက်ပြီး ၎င်းအတွက် တတိယမြောက် ၀င်ဘယ်လ်ဒန်ဆု
တံဆိပ်နဲ့ ကိုးခုမြောက် ဂရင်းဆလမ်သရဖူကို အနိုင်ရယူနိုင်ခဲ့သည်။ 

ကမ္ဘာ့နံပါတ်တစ် ဂျိုကိုဗစ်ရှ်သည် ယခု ပြိုင်ပွဲတွင် ဖက်ဒရာကို ရ၆ (၇/၁) ၊ ၆၇ (၁၀/၁၂) ၊ ၆၄ ၊
၆၃ နဲ့အနိုင်ရရှိခဲ့သောကြောင့် ဇန်နဝါရီလက ကျင်းပခဲ့ သော ဩစတြေးလျအိုးပင်းတွင်
အနိုင်ရခဲ့ပြီးနောက် ယခုနှစ် ၀င်ဘယ်လ်ဒန်ပြိုင်ပွဲတွင် ထပ်မံအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် French Open  တွင် စတန် ၀ါရင်ကာကို ရှုံးနိမ့်ခဲ့ပြီး တစ်ကြိမ်တစ်ခါမျှ မရဖူးသေးသည့်
တစ်ခုတည်းသော မေဂျာဆုနှင့် လွဲချော်ခဲ့ရသည့် ဂျိုကိုဗစ်ရှ်အတွက် ယခုနိုင်ပွဲသည် ၎င်း၏
စိတ်ပျက်အားငယ်မှု ကို ဖြေဖျောက်ပစ်နိုင်ခဲ့သည်။

"ရော်ဂျာနဲ့ ကစားရတာဟာ တကယ့် စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ ကျွန်တော်နဲ့ ရွယ်တူကစား
သမားတွေက သူ့ကို အထင်ကြီး လေးစားကြပြီး အတုခိုးကြလေ့ရှိတယ်"ဟု ဂျိုကိုဗစ်ရှ်က
ပြောသည်။ နည်းပြဖြစ်သူ ဘောရစ် ဘက်ကာသည် ၎င်း၏ပထမဆုံး ၀င်ဘယ်လ်ဒန်ဆုကို
လွန်ခဲ့တဲ့နှစ် ၃၀ တုန်း က ရရှိခဲ့ပြီး ယခုအခါ ဂျိုကိုဗစ်ရှ်သည်လည်း ၎င်း၏ နည်းပြနှင့်အတူ
၀င်ဘယ်လ်ဒန်ဆုတံဆိပ်များကို ရရှိနိုင်ခဲ့ပြီဖြစ်သည်။။

"ကျွန်တော် ကွင်းထဲကို ၀င်လာရင်ပဲ ရော်ဂျာဟာ သူကစားနေကျပုံစံအတိုင်း အကောင်းဆုံး
ကစားတော့မယ်ဆိုတာကို သိနေပါတယ်။ ရမှတ်တိုင်းကို ကြိုးစားကစား စေခဲ့တယ်"ဟု
ဂျိုကိုဗစ်ရှ်က ပြောသည်။

ယင်းပြိုင်ပွဲသည် Open Era ၏ အသက် အကြီးဆုံး ၀င်ဘယ်လ်ဒန်ချန်ပီယံဖြစ်ရန် ကြိုးစားခဲ့သည့်
ဖက်ဒရာအတွက် စိတ်ပျက် သွားစေသည့် အဆုံးသတ်ဖြစ်သည်။ မေဂျာဆု ၁၇ ဆုရရှိထားသူ
ဖက်ဒါးရား သည် ၀င်ဘယ်လ်ဒန်ဆုဖလားကို ၂၀၁၂ ခုနှစ်က နောက်ဆုံးရရှိခဲ့သည်။

"နိုဗက်ဟာ ဒီနေ့ရော ဒီနှစ်တစ်နှစ်လုံး မှာရော၊ ပြီးခဲ့တဲ့နှစ်နဲ့ တမြန်နှစ်လုံးမှာပါ အကောင်းဆုံး
ကစားနိုင်ခဲ့တယ်"ဟု ဖက် ဒရာက ပြောသည်။

"ပထမပွဲစဉ်မှာ ကျွန်တော်အခွင့်အရေးတွေရခဲ့တယ်။ ဒုတိယပွဲစဉ်ကို နိုင်ဖို့အတွက် ကျွန်တော်
ကံကောင်းခဲ့တယ်။ တတိယပွဲစဉ်မှာလည်း အခွင့်အရေးတွေရခဲ့တယ်။ ဒါပေမဲ့ သူက အမှတ်
ပိုရအောင် ရိုက်နိုင်ခဲ့ တယ်။ သူဟာ စိတ်ဓာတ်ခိုင်မာသူတစ်ဦးပါ။ ကျွန်တော်ကိုယ့်ဟာကိုယ်တော့
အကောင်းဆုံး ကစားခဲ့ပါတယ်"ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဖက်ဒရာသည် ပြိုင်ပွဲအတွင်း ပြိုင်ဘက် ၏ ဖိအားပေးကစားခံရသောကြောင့် အမှား ၃၅ ကြိမ်ထိ
ဖြစ်ခဲ့သည်။ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သည့် ဖိုင်နယ် ပွဲသည် ဖက်ဒရာနှင့် ဂျိုကိုဗစ်ရှ်တို့၏
အကြိမ် ၄၀ မြောက် တွေ့ဆုံကစားခဲ့သည့် ပွဲဖြစ်ပြီး ဂရင်းဆလမ်ပြိုင်ပွဲများတွင် (၁၂) ကြိမ်မြောက်
တွေ့ဆုံခဲ့သည့်ပွဲလည်း ဖြစ်သည်။ ယခုပွဲသည် ဂျိုကိုဗစ်ရှ်အတွက် (၁၇)ကြိမ်မြောက် မေဂျာဖိုင်
နယ်ပွဲဖြစ်ပြီး ဖက်ဒရာအတွက် (၂၆)ကြိမ်မြောက် မေဂျာ ဖိုင်နယ်ပွဲလည်းဖြစ်သည်။



ဖတ်ရှုမှုအများဆုံး