စစ်ကိုင်းမြို့တွင် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပ

စစ်ကိုင်းမြို့တွင် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပ

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် မန္တလေးမြို့အခြေစိုက် စွမ်းကေကေရိုးရာလက်ဝှေ့ကလပ်တို့
ပူးပေါင်းကျင်းပသော စစ်ကိုင်းမြို့တည်၊ နန်းတည် နှစ် ရ၀၀ ပြည့် အထိမ်းအမှတ် ရိုးရာလက်ဝှေ့
စိန်ခေါ်ပွဲကြီးကို ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကိုင်းမြို မိုးလုံလေလုံအားကစားခန်းမတွင်
ကျင်းပ ပြုလုပ်ခဲ့သည်။

 

အဆိုပါ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးတွင် လေးချီစိန်ခေါ်ပွဲ ခုနစ်ပွဲနှင့် ငါးချီစိန်ခေါ်ပွဲ ငါးပွဲပါ၀င်ခဲ့ပြီး
အဓိက တွဲဆိုင်းအဖြစ် မြန်မာပြည် ချန်ပီယံဟောင်း ရွှေခါးပတ် ချန်ပီယံ စောငမန်း(ရွှေဖူး)နှင့်
ဂေါ်မူဒို(သတ္တိ) တို့ ရင်ဆိုင်ထိုးသတ်ခဲ့ကြသည်။

ဂေါ်မူဒိုသည် ၎င်းထက် အတွေ့အကြံုနှင့် ပညာပိုင်းတွင် သာလွန်သော စောငမန်းကို မယှဉ်နိုင်
ခဲ့သော်လည်း သရေရလဒ်ရအောင် ထိုးသတ် နိုင်ခဲ့သည်။

ငါးချီစိန်ခေါ်ပွဲများတွင် ၂၀၁၅ ရွှေခါးပတ် ပြိုင်ပွဲ ရွှေခါးပတ်ချန်ပီယံများနှင့် စွမ်းကေကေ ၏ အမာခံ
လက်ဝှေ့သမားများ ထိုးသတ်ခဲ့ ကြသည်။ ဇော်ချစ်အောင်(စွမ်းကေကေ)နှင့် ရှိုင်းထက်အောင်
(အဖြူရောင်သွေးသစ်)၊ ဗိုစိုးအောင်(စွမ်းကေကေ)နှင့် စောဖြိုးဝေ (အဖြူရောင်သွေးသစ်)တို့၏
ပွဲစဉ်များသည် သရေဖြင့်ပြီးဆုံးခဲ့ပြီး ရဲသွေးနီ(တောင်ကလေး)က မန္တလေးလုံးချော(ဒို့ညီနောင်)ကို
အနိုင်၊၀မ်းစတား (ရွှေဖူး)က အောင်ပိုင်လေး(ရွှေသောင်ရင်း)ကို အနိုင်ရရှိခဲ့သည်။



ဖတ်ရှုမှုအများဆုံး