ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များကျင်းပ

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များကျင်းပ

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပသော၂၀၁၅ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲ၏
၁၆ သင်း အဆင့် ရှုံးထွက်ပွဲစဉ်များကို ဇူလိုင်လ ၁၁ မှ ၁၃ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည်။ 

အဆိုပါ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် များအပြီးတွင် ရတနာပုံ၊ ဟံသာဝတီ၊မကွေး၊ ဧရာဝတီ၊
GFA၊ ဇွဲကပင် အစရှိသော အသင်း များသည် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး
ရန်ကုန်၊ ကမ္ဘောဇ၊ ချင်းယူနိုက်တက်၊ ဇေယျာရွှေမြေ အစရှိသော အသင်းများသည် ရှုံးထွက်
အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ရှုံးထွက်ပွဲစဉ်များတွင် ရတနာပုံအသင်းက Horizon ကို ၉-၀ ဂိုးဖြင့် လည်းကောင်း၊ ဟံသာဝတီ
ယူနိုက်တက်အသင်းက ကမ္ဘောဇ အသင်းကို ၃ဪ၁ ဂိုးဖြင့်လည်းကောင်း၊ မကွေး အသင်းက
ချင်းယူနိုက်တက်အသင်းကို ၁-၀ ဂိုးဖြင့်လည်းကောင်း၊ GFA အသင်းက ရန်ကုန် ယူနိုက်တက်
အသင်းကို ၁-၀ ဂိုးဖြင့်လည်းကောင်း၊ ဇွဲကပင်ယူနိုက်တက်အသင်းက ဇေယျာရွှေမြေအသင်းကို
၄-၃ ဂိုးဖြင့်လည်းကောင်း၊ ဧရာဝတီယူနိုက်တက်အသင်းက တက္ကသိုလ်အသင်းကို ရ-၀ ဂိုးဖြင့်
လည်းကောင်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မကွေးအသင်း၏ နည်းပြချုပ် ဦးကြည်လွင် က "ဒီနေ့ပွဲမှာ ကျွန်တော်တို့အသင်း အနိုင်ရ ခဲ့တယ်
ဆိုပေမယ့် ကစားသမားတွေရဲ့ အဆုံး သတ်ပိုင်းတွေ အားနည်းခဲ့ပါတယ်။ မကွေး အသင်းက
တစ်ပွဲချင်းကို အာရုံစိုက်သွား မှာပါ။ ကွာတားဖိုင်နယ်အဆင့်မှာ ဘယ် အသင်းနဲ့ပဲတွေ့တွေ့
အကောင်းဆုံးယှဉ်ပြိုင် ကစားသွားမှာပါ"ဟု ချင်းယူနိုက်တက်အသင်း ကို ၁-၀ ဂိုးဖြင့် အနိုင်
ရရှိသော ပွဲအပြီးတွင် ပြောသည်။

ရတနာပုံအသင်းက Horizon အသင်းကို ၉-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိသော ပွဲအပြီးတွင်
ရတနာပုံနည်းပြချုပ် ရီနီက "ပထမပိုင်း မှာ သွင်းဂိုးလေးဂိုးရခဲ့ပေမယ့်ကစားပုံ မကောင်းခဲ့ပါဘူး။
ဒုတိယပိုင်းမှာတော့ ကစားပုံကောင်းလာခဲ့တယ်။ ဒီပွဲကို သေချာပြင်ဆင်ခဲ့တဲ့အတွက် အခုလို
ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ ကျွန်တော်တို့ ရတနာပုံအသင်းဟာ မြန်မာနေရှင်နယ်လိဂ်မှာ ချန်ပီယံ
ဖြစ်ဖို့ ဝေဝါးသွားပြီဖြစ်တဲ့အတွက် ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့အတွက် ပွဲတိုင်းကို အားထည့်ပြီး
ကစားသွားမှာပါ"ဟုပြောသည်။

ကမ္ဘောဇအသင်းသည် ဟံသာဝတီယူနိုက် တက်အသင်းကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီး ရှုံးထွက်
အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ကမ္ဘောဇအသင်း၏ နည်းပြချုပ် ဦးစိုးမြတ်မင်း က "ကျွန်တော်
တို့အသင်း ဒီအဆင့်နဲ့ပဲ ထွက် ရလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ကမ္ဘောဇ အသင်းရဲ့ ပရိသတ်
တွေကို တောင်းပန်ချင်ပါ တယ်။ ဒီပွဲရဲ့ ရလဒ်က ကျွန်တော်တို့ နည်းပြ အဖွဲ့မှာ တာဝန်ရှိပါတယ်"ဟု
ပြောသည်။ ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဩဂုတ်လတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး
ရတနာပုံနှင့် ဟံသာဝတီ ယူနိုက်တက်၊ မကွေး နှင့် ွင်္ဗ ၊ ဇွဲကပင်နှင့် ဧရာဝတီယူနိုက်တက်
အသင်းတို့က ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

ဩဂုတ်နှင့် စက်တင်ဘာလများတွင် ကျင်းပမည့် ဆီမီးဖိုင်နယ်ပွဲစဉ်များကို အိမ်ကွင်း၊
အဝေးကွင်းစနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။ ဗိုလ်လုပွဲစဉ်ကို အောက်တိုဘာလ ၂၅ ရက်နေ
့တွင် အောင်ဆန်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံး
အဖွဲ့ချုပ်က နှစ်စဉ်ကျင်းပလေ့ရှိသော ရှုံးထွက်ဖလားပြိုင်ပွဲကို ယခင်နှစ်များတွင် စပွန်ဆာနာမည်
များဖြင့် ကျင်းပပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၀၀ ပြည့် မွေးနေ့
နှင့် တိုက်ဆိုင်နေသောကြောင့် ဗိုလ်ချုပ် အောင်ဆန်းဒိုင်းအမည်ဖြင့် ကျင်းပပြုလုပ်
ခြင်းဖြစ်သည်။

ဧပြီလမှ စတင်၍ ကျင်းပပြုလုပ် ခဲ့သော အဆိုပါပြိုင်ပွဲတွင် မြန်မာနေရှင်နယ်လိဂ်နှင့်
လိဂ်(၂)က အသင်း စုစုပေါင်း ၂၂ သင်း က ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး လိဂ်(၂)က
အသင်းများကို ပထမအဆင့်က စတင် ၀င်ရောက်ယှဉ်ပြိုင်ကြပြီး မြန်မာနေရှင်နယ်လိဂ်
အသင်းများသည် ၁၆ သင်းအဆင့်က စတင် ၀င်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ပြိုင်ပွဲတွင်
ချန်ပီယံဖြစ်သော အသင်း သည် ကျပ်သိန်း ၃၀၀ ရရှိမည်ဖြစ်ပြီး အေအက်ဖ်စီပြိုင်ပွဲကို
၀င်ရောက်ယှဉ်ပြိုင် ခွင့်ရရှိမည်ဖြစ်သည်။ ဒုတိယဆုရရှိသော အသင်းကို ကျပ်သိန်း ၁၅၀၊
ဆီမီးဖိုင်နယ် တက်သည့် အသင်းလေးသင်းကို ကျပ် ရ၅ သိန်းစီ ပေးအပ်ချီးမြှင့်မည်
ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး