လာမည့် ဇူလိုင်လ ၂၆ ရက်နေ့တွင် ရန်ကုန် မြို့ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပပြုလုပ်မည့် တူးတူးနှင့်
ဆိုင်းရပ်စ်တို့၏ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇူလိုင်လ
၁၇ ရက်နေ့ ညနေ ၅ နာရီတွင် စင်ထရယ်ဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
Monsoon Fight ဟု အမည်ပေးထားသောအဆိုပါ မြန်မာ-အမေရိကန် ရိုးရာ လက်ဝှေ့စိန်
ခေါ်ပွဲတွင် အဓိက တွဲဆိုင်းအဖြစ် မြန်မာ့လက်ဝှေ့ကျော် တူးတူး(နဂါးမာန်) နှင့် အမေရိကန်
'မွေ'လက်ဝှေ့သမား ဆိုင်းရပ်စ် ၀ါရှင်တန်တို့ ရင်ဆိုင်ထိုးသတ်ကြမည် ဖြစ်သည်။
တူးတူးနှင့် ရင်ဆိုင်ထိုးသတ်မည့် ဆိုင်းရပ်စ် သည် မြန်မာလက်ဝှေ့ကျော်များနှင့် သုံးကြိမ်
တိုင်တိုင် ရင်ဆိုင်ထိုးသတ်ခဲ့ဖူးပြီး အလွတ်တန်း ချန်ပီယံဟောင်း စောငမန်းနှင့် သရေ၊
လက်ရှိမြန်မာပြည်အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းကို တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ထိုးသတ်
ထားသူဖြစ်သည်။ တူးတူးနှင့် ထိုးသတ်ပြီးပါက ဒီဇင်ဘာလတွင် ထွန်းထွန်းမင်းနှင့်
မကျေပွဲ ထပ်မံထိုးသတ်သွားရန် စီစဉ်နေသူဖြစ်သည်။ ါ ကျော်ဇင်လှိုင်














