၂၀၁၉ ဆီးဂိမ်းကျင်းပခွင့်ကို ဘရူနိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ ငြင်းပယ်လိုက်သဖြင့် အိမ်ရှင်နိုင်ငံအဖြစ် ဖိလစ်ပိုင် ကျင်းပမည်

၂၀၁၉ ဆီးဂိမ်းကျင်းပခွင့်ကို ဘရူနိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ ငြင်းပယ်လိုက်သဖြင့် အိမ်ရှင်နိုင်ငံအဖြစ် ဖိလစ်ပိုင် ကျင်းပမည်

၂၀၁၉ တွင် ကျင်းပမည့်ဆီးဂိမ်းအားကစား ပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန်
လျာထားသည့်စာရင်းတွင် ရှိနေသော ဘရူနိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့က ငြင်းပယ်ခဲ့သဖြင့်
ဖိလစ်ပိုင်နိုင်ငံသည် အိမ်ရှင် နိုင်ငံအဖြစ် လက်ခံကျင်းပရန် သဘောတူခဲ့သည်ဟု အားကစားပွဲ
ဆိုင်ရာ အရာရှိတစ်ဦး က ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြောသည်။

၂၀၁၉ ဆီးဂိမ်း အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပရန်စီစဉ်ထားသည့် ဘရူနိုင်းနိုင်ငံ သည် 'အဖွဲ့အစည်း
ဆိုင်ရာ အကြောင်းပြ ချက်'ဖြင့် အိမ်ရှင်အဖြစ် ကျင်းပခြင်းကို အခြားနိုင်ငံကို လွှဲပြောင်းပေးရန်
တောင်းဆို ခဲ့ရာ စင်ကာပူနိုင်ငံ၌ ဇွန်လက ပြုလုပ်ခဲ့ သော ဆီးဂိမ်းအဖွဲ့ချုပ် အမှုဆောင်အစည်း
အဝေးတွင် ဖိလစ်ပိုင်နိုင်ငံက လက်ခံခဲ့ခြင်း ဖြစ်သည်ဟု ဖိလစ်ပိုင်နိုင်ငံ အိုလံပစ်ကော်မတီ
ပြောရေးဆိုခွင့်ရှိသူ ဂျိုအီ ရိုမာဆန်တာက ပြောသည်။

၂၀၁၉ ဆီးဂိမ်းကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခြင်းကို ဗီယက်နမ်နိုင်ငံကလည်း
ငြင်းပယ်ခဲ့ပြီး ၂၀၂၁ ပြိုင်ပွဲကိုသာ လက်ခံကျင်းပရန် အတည်ပြုခဲ့သောကြောင့် အဖွဲ့ချုပ်သည်
ဖိလစ်ပိုင်နိုင်ငံကို အားကစားပွဲ လက်ခံကျင်းပရန် ကမ်းလှမ်းခဲ့သည်ဟု ၎င်းက အေအက်ဖ်ပီကိုပြောသည်။ ငွေကြေးအကျပ်အတည်းရှိသော နိုင်ငံ ဖြစ်သည့်အတွက်
အားကစားကွင်းအသစ် များ တည်ဆောက်နိုင်ဖွယ်ရာမရှိသော် လည်း ရှိနှင့်ပြီးသား အားကစား
ရုံများ၊ အားကစားကွင်းများနှင့် ဟိုတယ်များကို ပြိုင်ပွဲအတွက် အသုံးပြုသွားမည်ဟု ၎င်းက
ပြောသည်။

နောက်ဆုံးကျင်းပခဲ့သည့် ဆီးဂိမ်းတွင် အားကစားနည်းအချို့ကို အချက်အချာ ကျသောကျွန်း
များတွင် ကျင်းပခဲ့သော် လည်း ယခုအခါတွင် အားကစားနည်းအားလုံးကို ပြည်မကြီးအတွင်း
မှာပင် ကျင်းပခွင့်ပေးရန် တောင်းဆိုထားသည်။ ခရီးသွားလုပ်ငန်းနှင့် စက်မှုလုပ်ငန်းနယ်မြေများ
အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည့် မနီလာမြို့မြောက်ဘက်ရှိ အမေ ရိကန် လေတပ်စခန်းဟောင်း
တည်ရှိရာ Clark ဒေသတွင် အဓိကအားကစားပွဲများကို ကျင်းပသွားမည်ဖြစ်သော်လည်း အချို့ပွဲ
များကို အခြားနေရာများတွင် ပြုလုပ်သွား မည်ဖြစ်သည်။

"ကျွန်တော်တို့ လိုအပ်နေတာက နောက်ဆုံးပေါ် အဆင့်မြင့် ဘဲဥပုံ အားကစား ပြိုင်ကွင်းပါ။
ဒါကို ကျွန်တော်တို့ တည် ဆောက်သွားနိုင်မှာပါ"ဟု ရိုမာဆန်တာက ပြောသည်။
အားကစားပြိုင်ပွဲတွင် ထည့်သွင်းမည့် အားကစားနည်းများနှင့် ပြိုင်ပွဲပွဲစဉ်များကို ရွေးချယ်နေ
ဆဲဖြစ်သည့်အတွက် အားကစား ပွဲအတွက် ရန်ပုံငွေကိစ္စကို မဆုံးဖြတ်ရ သေးဟု ၎င်းကပြောသည်။



ဖတ်ရှုမှုအများဆုံး