မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပ လျက်ရှိသော အူရီဒူးမြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ၏
ပွဲစဉ် (၆၆) ရတနာပုံနှင့် ရန်ကုန် ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် တာဝန် ယူကိုင်တွယ်
ခဲ့သော ကွင်းလယ်ဒိုင်နှင့် အကူ ဒိုင်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်လူကြီးဌာန စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြစ်ဒဏ်များချမှတ်ခဲ့သည်။
စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ် (၂)၊ ပိုဒ်ခွဲ (၂) ရည်ညွှန်း
ချက်အရ ပြစ်ဒဏ်များမှာအဆိုပါပွဲတွင် တာဝန်ယူခဲ့သော ကွင်းလယ် ဒိုင်လူကြီး ဦးဝင်းကျော်ဦးကို
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက်ရှိသော မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ MNL
ပြိုင်ပွဲ၊ အမှတ်ပေးနှင့် ရှုံးထွက်ပွဲများတွင် ငါးပွဲတာဝန်ပေးအပ်ခြင်းမပြုရန်၊ အကူဒိုင် လူကြီး
ဦးသန်းဇော်မိုးကို (MNL) ပြိုင်ပွဲ၊ အမှတ်ပေးနှင့် ရှုံးထွက်ပွဲများတွင် သုံးပွဲ တာဝန်ပေးအပ်ခြင်းမပြုရန်၊
အရန်ဒိုင်လူကြီး ဦးဇော်ဇော်ကို (MNL) ပြိုင်ပွဲ၊ အမှတ်ပေး နှင့် ရှုံးထွက်ပွဲများတွင်
သုံးပွဲတာဝန်ပေးအပ် ခြင်းမပြုရန်တို့ ဖြစ်သည်။














