ဖီဖာဒုတိယဥက္ကဋ္ဌဟောင်း အမေရိကန်ဒေါ်လာ ၁၀ သန်းတန် ခံဝန်ချက်ရေးထိုး

ဖီဖာဒုတိယဥက္ကဋ္ဌဟောင်း အမေရိကန်ဒေါ်လာ ၁၀ သန်းတန် ခံဝန်ချက်ရေးထိုး

ဖီဖာဒုတိယဥက္ကဋ္ဌဟောင်း ဂျက်ဖရီ ၀က်ဘ် သည် ကြီးမားသောနိုင်ငံတကာ အကျင့်ပျက်
ချစားမှုနှင့်ပတ်သက်ပြီး အမေရိကန်တရားရုံး တွင် အပြစ်မရှိကြောင်း စနေနေ့တွင် လျှောက်
ထားခဲ့ပြီး အာမခံဖြင့်လွှတ်ပေးရန် ဒေါ်လာ ၁၀ သန်းတန် ခံဝန်ချက်ကိုရေးထိုးခဲ့သည်။

သူသည် အားကစားလောကကို ချောက် ချားသွားစေသည့် အမေရိကန်အစိုးရရှေ့နေ များမှ
ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးနေသည့် အမှုနှင့်ပတ်သက်ပြီး နယူးယော့ခ်ပြည်နယ် တရားရုံးတွင် လာရောက်အစစ်ဆေးခံသည့် ဘောလုံးပွဲအုပ်ချုပ်ရေးအဖွဲ့မှ ပထမဆုံး အမှုဆောင်ဟောင်း
တစ်ဦးဖြစ်သည်။ အသက် ၅၀ အရွယ် ဗြိတိသျှနှင့် ကေးမန်း ကျွန်းဆွယ် နိုင်ငံသားဖြစ်သူ
ဂျက်ဖရီဝက်ဘ် သည် အက်ဖ်ဘီအိုင်ထံသို့ ယင်း၏ နိုင်ငံကူး လက်မှတ်ကို အပ်နှံခဲ့ပြီး
ဘရွတ်ကလင်း တရားရုံးပတ်ဝန်းကျင် မိုင် ၂၀ အတွင်း နေထိုင်ရမည်ဖြစ်သည်။ သူသည်
ဇူးရစ်တွင်အဖမ်းခံခဲ့ရသည့် ဖီဖာအမှုဆောင် ခုနစ်ဦးမှ တစ်ဦးဖြစ်ပြီး ပြစ်မှုကျူးလွန်ခဲ့ရာ
တိုင်းပြည်သို့လွှဲပြောင်းပေးရန် မတောင်းဆိုခဲ့ဘဲ သူ့ဇနီးနှင့်သား နေထိုင်ရာ အမေရိကန်နိုင်ငံသို့ ယခုအပတ်အစောပိုင်းတွင် လေယာဉ်ဖြင့် ပြန်လာခဲ့သည်။

သူ၏ဇနီး အမေရိကန်နိုင်ငံသူ၊ ပင်စင်စား အဘွားနှင့် ဆွေမျိုးတွေက ခံဝန်ချက် လက်မှတ်ကို
တရားရုံးတွင် ရေးထိုးခဲ့သည်။ ၀က်ဘ်၏ အခြားဆွေမျိုး ခြောက်ဦးကလည်း သူ၏ ခံဝန်ချက်
လက်မှတ်ကို ရေးထိုးပေး ကြလိမ့်မည်ဖြစ်သည်။

၂၄ နှစ်နှစ်အတွင်း ဒေါ်လာသန်း ၁၅၀ ကျော် လာဘ်ယူမှုနှင့် မသမာမှုများနှင့် ပတ်သက်ပြီး
စုစုပေါင်း တရားခံ ၁၄ ဦးကို တရားစွဲဆိုထားသည်။

အမေရိကန်ရှေ့နေချုပ် လော်ရီသာလင့်ချ်က ဘောလုံးအမှုဆောင်များနှင့် ဈေးကွက်အလုပ်
အမှုဆောင်များကို ကိုယ်ကျိုးရှာမှု၊ လိမ်လည်မှုနှင့် ငွေကြေးခဝါချ ပူးပေါင်း ကြံစည်မှုများဖြင့်
မေလတွင် စွဲချက် ၄၇ ကြိမ် ကိုတင်ခဲ့သည်။

အဖြူရောင်ရှပ်နှင့် အပြာရင့်ရောင်ဝတ်စုံ နှင့် အပြာရောင် နက်ခ်တိုင်ဝတ်ဆင်ထားသော
၀က်ဘ်သည် သူ့မိသားစုဝင်များကိုလက်ပြနှုတ်ဆက်ရင်း တရားရုံးအတွင်းသို့ ခြေလှမ်းကျဲကျဲဖြင့်
၀င်လာပြီး ကြားနာချိန် မိနစ် ၅၀ နီးပါး ကြာမြင့်သော တရား ရုံးချိန်းအစတွင် သူ၏ရှေ့နေကို
လက်ဆွဲ နှုတ်ဆက်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး