ပြီးခဲ့သည့် Japanese Grand Prix ပြိုင်ပွဲအတွင်း မတော်တဆဖြစ်ရာမှ ဦးခေါင်းဒဏ်ရာများရရှိခဲ့သူ
ပြင်သစ်ပြိုင်ကားမောင်းသမား Jules Bianchi သည် ဆေးရုံတွင် ကိုးလကြာ သတိမေ့မြော
ခဲ့ပြီးနောက် သောကြာနေ့ညတွင် ကွယ်လွန်သွားခဲ့သည်။
အသက်၂၅ နှစ်ရှိ Bianchi သည် ၎င်း၏ဇာတိမြို့ဖြစ်သော ပြင်သစ်တောင်ပိုင်း နိုက်စ်
မြို့ရှိ Centre Hosoputalier Universitaire ဆေးရုံတွင် ဆေးကုသမှုများခံယူကာ
အသက် ရှင်နိုင်ရန်အတွက် ရုန်းကန်ခဲ့ရသည်။ ၁၉၉၄ ခုနှစ် ဆန်မာရီနို၌ သုံးထပ်ကွမ်းချန်ပီယံ
Aryton Senna သေဆုံးခဲ့ပြီးနောက် ၎င်းသည် ကားပြိုင်ပွဲအတွင်း မတော်တဆ ဖြစ်မှုကြောင့်
သေဆုံးခဲ့သူ ပထမဆုံး ဖော်မြူလာဝမ်း ကားမောင်းသမားဖြစ်သည်။
"ဂျူးစ်ဟာ သူအမြဲတမ်း လုပ်နိုင်ခဲ့တဲ့အတိုင်း အဆုံးသတ်ကိုရောက်ဖို့ ကြိုးစားခဲ့တယ်။
ဒါပေမဲ့ သူ့ရဲ့ ကြိုးစားရုန်းကန်ရမှုတွေဟာ ဒီကနေ့မှာ ပြီးဆုံးသွားခဲ့ပါပြီ"ဟု စနေနေ့အစောပိုင်းတွင်
Bianchi မိသားစုက င်္Facebook တွင် ရေးသားခဲ့သည်။ "ဖော်မပြနိုင်လောက်အောင် နာကျင်
ခံစားနေရပါတယ်"ဟုရေးသားထားသည်။ ပါရမီရှင် ငယ်ရွယ်သူကားမောင်းသမား Bianchi
၏သေဆုံးမှုအတွက် ၎င်း၏လုပ်ဖော်ကိုင်ဖက်များနှင့် နိုင်ငံရေးလောကမှ ချီးမြှောက်ပြောဆိုမှု
များစွာ ထွက်ပေါ်ခဲ့ သည်။ "ပြင်သစ်ပြိုင်ကားလောကရဲ့ မျှော်လင့် ချက်ကြီးတစ်ခု
ဆုံးရှုံးသွားခဲ့ပါပြီ"ဟု ပြင်သစ်သမ္မတ ဖရန်စစ် ဟော်လန်က ထုတ်ပြန်ချက်တစ်ခုတွင်
မှတ်ချက်ပေး ပြောကြားခဲ့သည်။ ဖော်မြူလာဝမ်း၏ အမှုဆောင်အရာရှိချုပ်
Bernie Ecclestoneu က "ဂျူးစ်ရဲ့ သတင်းကို ကြားရတာ အရမ်းကို ကြေကွဲဝမ်းနည်းရပါတယ်။
အရည်အချင်းရှိတဲ့ ကားမောင်းသမား နဲ့ လူတော်တစ်ဦးကို ကျွန်တော်တို့ အောက်မေ့သတိ
ရနေရတော့မှာပါ။ ဒီလို ၀မ်းနည်းစရာ အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် အဖြစ်မခံတော့ဘူး"ဟု
ပြောကြားခဲ့သည်။
ကမ္ဘာ့ချန်ပီယံ လူးဝစ်ဟာမီတန်က "ဒီနေ့ ဟာ ၀မ်းနည်းစရာနေ့တစ်နေ့ပါပဲ။ ဂျူးစ်ရဲ့ ချစ်မြတ်နိုး
သူတွေအတွက် ဆုတောင်းပေးကြပါ သူငယ်ချင်းတို့။ ငြိမ်းချမ်းစွာ အိပ်စက် အနားယူပါတော့
ဂျူးစ်။ ဘုရားသခင် ကောင်းချီးပေးပါစေ"ဟု ၎င်း၏တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။
Bianchi သည် ၂၀၁၃ ခုနှစ်တွင် Marussia အသင်းသို့ ၀င်ရောက်ခဲ့ပြီး ဂရင်းပရီပြိုင်ပွဲ ၃၄ ပွဲ
ယှဉ်ပြိုင်ခဲ့ရာတွင် ကမ္ဘာ့ချန်ပီယံရှစ် ရမှတ် နှစ်ကြိမ်ရရှိခဲ့သည်။ ယင်းရမှတ်များ သည် ယခုအချိန်
အထိ ရရှိခဲ့သည့် အသင်း၏ အကောင်းဆုံးရမှတ်များဖြစ်သည်။
Manor F1 ဟု ယခုနောက်ပိုင်း ခေါ်ဆိုသည့် Marussia အသင်း၏ တာဝန်ခံ ဂျွန်ဘုသ်က "ဂျူးစ်ကို
ဆုံးရှုံးလိုက်ရပြီဆိုတာကို လက်ခံဖို့ ကြိုးစားနေရတာကြောင့် ဒီမနက်မှာ ကြံုတွေ့ခဲ့ရတဲ့ ကျွန်တော်
တို့အသင်းသားတွေရဲ့ ၀မ်းနည်းမှုကို စကားလုံးတွေနဲ့ မဖော်ပြနိုင်တော့ပါဘူး။ ဂျူးစ်ဟာ
ကျွန်တော်တို့ အားလုံးအတွက် ဖျောက်ဖျက်လို့မရတဲ့ အမှတ်အသားတစ်ခုကို ချန်ရစ်ခဲ့ပါတယ်။
ဒီအမှတ်အသားဟာ ကျွန်တော်တို့တစ်တွေ ရရှိခဲ့တဲ့ အောင်မြင်မှုတိုင်းရဲ့ နောင်ရှေ့ဆက်ပြီး
ကျွန်တော်တို့ ကြိုးစားသွားရမယ့် အရာ တိုင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ထာဝရ တည်ရှိနေမှာ
ပါ"ဟု ပြောကြားခဲ့သည်။
Bianchi သည် အောက်တိုဘာ ၅ ရက်နေ့က Japanese Grand Prix ပြိုင်ပွဲ ယှဉ်ပြိုင်
နေစဉ်အတွင်း မိုးရေများ စိုရွှဲနေသော ဆူဇူကာ ပတ်လမ်းပေါ်တွင် တစ်နာရီကီလိုမီတာ
၂၀၀ ခန့် (၁၂၅ မိုင်)နှုန်းဖြင့် မောင်းနှင်ရာမှ ကားကို အရှိန်မထိန်းနိုင်တော့ဘဲ ဆွဲယာဉ်တစ်စီးကို
၀င်တိုက်မိခဲ့ပြီးနောက် ပြင်းထန် သည့် ဦးနှောက်ဒဏ်ရာ ရရှိသည်။ Bianchi ၏ သေဆုံးမှုနှင့်
အတူ ၎င်းမျှော်မှန်းခဲ့သည့် Ferrari ၏ ဖော်မြူလာဝမ်း ကားမောင်းသူတစ်ဦးဖြစ်လာမည့် အခွင့်
အလမ်းများလည်း ပျောက်ကွယ်သွားခဲ့သည်။ "Ferrari ၏ ဖော်မြူလာဝမ်းကားမောင်း
သူတစ်ဦးဖြစ်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီ"ဟု ဂျပန်ပြိုင်ပွဲမတိုင်ခင် သုံးရက်အလိုတွင်
၎င်းက ပြောကြားခဲ့သည်။
ဆေးရုံတွင် ကိုးလကြာဆေးကုသမှုခံယူ ခဲ့သော်လည်း ၎င်း၏ ကျန်းမာရေးအခြေအနေမှာ
သိသိသာသာတိုးတက်ပြောင်းလဲမှု များမရှိခဲ့ကြောင်း ဂျူးစ်၏ဖခင်က တနင်္လာနေ့တွင်
ပြောကြားခဲ့သည်။















