ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက အသင်း၏ လူစာရင်း ညီမျှသွားရန် နောက်ခံ
လူတစ်ဦးကိုသာ ခေါ်ယူသွားမည်ဖြစ်ပြီး တောင်ပံကစားသမား၊ သို့မဟုတ် ဂိုးသမား
တစ်ဦးခေါ်ယူမည်ဟု သတင်းများထွက် ပေါ်နေခြင်းကို ငြင်းဆိုလိုက်သည်။
ပြီးခဲ့သည့်ရာသီ ပရီမီယာလိဂ်ဖလား ဗိုလ်စွဲခဲ့စဉ်က လူအင်အားနှင့် ညီမျှအောင်
ပြင်ဆင်သွားမည်ဟုလည်းဆိုသည်။ လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်းသည်
ဖယ်လ်ကာအိုနှင့် ဘီဂိုဗစ်တို့ နှစ်ဦးကိုသာ ခေါ်ယူထားသည်။ ချယ်လ်ဆီးအသင်းသည်
အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းကို ခေါ်ယူရန်စိတ်ဝင်စားပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း
၂၀ ဖြင့် ကမ်းလှမ်းမှုပြုလုပ်ခဲ့သော်လည်း အဲဗာတန်အသင်းဘက် ငြင်းဆန်ခဲ့သည်။
"အသင်းရဲ့ ကစားသမားအင်အား ညီမျှမှုရှိစေရန် နောက်တန်းကစားသမားတစ်ဦးကို
ကျွန်တော်တို့ ရှာဖွေသွားမှာပါ။ ကျွန်တော်တို့အသင်းက ကစားသမားတစ်ဦး ထွက်ခွာ
ချင်တယ်ဆိုရင် ကျွန်တော်တို့ဘက်က သဘော တူညီမှုပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့
အဲဒီကစားသမားနေရာ မှာ ပြန်အစားထိုးဖို့တော့ ကျွန်တော်တို့ သေချာဆုံးဖြတ်ရပါ
လိမ့်မယ်။ ဒါမှသာ အသင်းရဲ့ လူအင်အားက ညီမျှမှု ရှိနေ မှာပါ"ဟု မော်ရင်ဟိုက
ပြောကြားသွားခဲ့သည်။
ထို့ပြင် ဖီအိုရင်တီးနားအသင်းထံ အငှားချထားသော ဆာလက်ရှ်ကို ပြန်ခေါ်မည်ဆိုသော
သတင်းများနှင့် ပတ်သက်၍လည်း "သူ့အနာဂတ်က ဘယ်မှာလဲဆိုတာ ကျွန်တော်မြင်နေ
ရပါတယ်။ သူ့ကို ငှားတာပဲဖြစ်ဖြစ်၊ ရောင်း ဖို့ပဲဖြစ်ဖြစ် ကမ်းလှမ်းလာရင် ကျွန်တော်တို့
၀မ်းပမ်းတသာ နဲ့ လက်ခံသွားမှာပါ။ လောလောဆယ် ကျွန်တော်တို့မှာ တောင်ပံ
ကစားသမား ငါးဦးရှိနေပါတယ်။ အဲဒီအတွက် ဆာလက်ရှ်မရှိလည်း ဖြစ်ပါတယ်"
မော်ရင်ဟိုက ဆက်လက် ပြောကြားသွားသည်။














