ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ရွေးချယ်ပွဲ ဘာတိုမြူ အနိုင်ရရှိ

ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ရွေးချယ်ပွဲ ဘာတိုမြူ အနိုင်ရရှိ

ပြီးခဲ့သည့် စနေနေ့က ကျင်းပခဲ့သော ဘာစီလိုနာအသင်းဥက္ကဋ္ဌနေရာ မဲပေးရွေးချယ်ပွဲတွင်
လက်ရှိဥက္ကဋ္ဌ ဘာတိုမြူကပင် မဲအရေအတွက် ၅၄ ဒသမ ၆၃ ရာခိုင်နှုန်းဖြင့် အပြတ်အသတ်
အနိုင်ရရှိခဲ့သည်။ 

ထိုအသင်းဥက္ကဋ္ဌ ရွေးချယ်ပွဲသို့ ဘာတိုမြူနှင့်အပြိုင် ဥက္ကဋ္ဌဟောင်း လာပေါ်တာ၊ ဘီနီဒီတို၊
ဖရိုင်ဆာတို့လည်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လာပေါ်တာက မဲအရေအတွက် ၃၃ ဒသမ
၀၃ရာခိုင်နှုန်း၊ ဘီနီဒီတိုက ရ ဒသမ ၁၆ ရာခိုင်နှုန်း၊ ဖရိုင်ဆာက ၃ ဒသမ ရ ရာခိုင်နှုန်း
အသီးသီးရရှိခဲ့သည်။ ဘာတိုမြူသည် ဥက္ကဋ္ဌဟောင်း ရိုဆဲလ် နုတ်ထွက်သွားပြီးနောက်
၂၀၁၄ ခုနှစ် ဇန်န ၀ါရီလတွင် ဘာစီလိုနာအသင်းဥက္ကဋ္ဌရာထူး ကို ရယူခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် ရာသီက ဘာစီလိုနာအသင်းသည် ကစားသမားအပြောင်းအရွှေ့ကိစ္စ တစ်နှစ်
မလုပ်ဆောင် ရန် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသည့်အပြင် တခြားအခက်အခဲများ ရှိနေသည့်
ကြားကပင် ချန်ပီယံလိဂ်ဖလား၊ လာလီဂါချန်ပီယံဆု ဖလားနှင့် စပိန်ကိုပါဒယ်ရေး ဖလားသုံးလုံး
ရရှိအောင် ဘာတိုမြူက ဦးဆောင်နိုင်ခဲ့ သည်။

ထို့ကြောင့် ၎င်းအနေဖြင့် ဥက္ကဋ္ဌရာထူး သက်တမ်း ဒုတိယအကြိမ်ထပ်မံ ရွေးချယ်ခံ ရခြင်းဖြစ်ပြီး
ခြောက်နှစ်တာ တာဝန် ထမ်းဆောင်ရမည်ဖြစ်သည်။ ဘာတိုမြူသည် သူပိုင် အကယ်ဒမီမှ
အသက်မပြည့်သော ကစားသမားများ အပြောင်းအရွှေ့အပါအဝင် ဘရာဇီးလ် တိုက်စစ်မှူး
နေမာကို ခေါ်ယူခဲ့သည့် ကိစ္စများ ကြောင့် စုံစမ်းစစ်ဆေးမှု ခံခဲ့ရပြီး ဖီဖာက ဘာစီလိုနာ
အသင်းကို ၂၀၁၅ ခုနှစ်တွင် ကစား သမားအရောင်းအဝယ်မပြုလုပ်ရန် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

သို့သော် အသင်းကို အောင်မြင် မှုများ ရယူပေးနိုင်ခဲ့သည့်အပြင် ငွေကြေး အရလည်း ယူရို
၆၀၈ သန်း အမြတ်ရအောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။ ဘာမြူတိုမှာ လေဆိပ်၊ သင်္ဘောဆိပ်များ
တွင် အသုံးပြုသော ပစ္စည်းများကို ရောင်းချ သော ကုမ္ပဏီပိုင်ရှင် စီးပွားရေးသမား
တစ်ယောက်ဖြစ်ပြီး ဘာစီလိုနာအသင်း ဘုတ်အဖွဲ့သို့ ဥက္ကဋ္ဌ လာပေါ်တာ လက်ထက်တွင်
၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ပထမဆုံး အကြိမ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုအချိန်က
ဘာတိုမြူသည် ဘာစီလိုနာ၏ ဘတ်စကက်ဘောအသင်းနှင့် ဟန်းဘောအသင်းတို့၏
အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သည်။

ထို့နောက် ဥက္ကဋ္ဌရိုဆဲလ် လက်ထက်တွင် အသင်း၌ ပြန်လည်တာဝန် ထမ်းဆောင်ခဲ့ပြီး
ဘောလုံးလောကနှင့် ပတ်သက်၍ အတွေ့အကြံုကောင်းရရှိခဲ့ကာ နေမာလို ကစားသမားမျိုးကိုပင်
ခေါ်ယူ နိုင်သည့် အရည်အချင်းရှိသူ ဖြစ်လာခဲ့သည်။ ဘာစီလိုနာအသင်း ဥက္ကဋ္ဌရာထူးအတွက်
မဲပေးပိုင်ခွင့်ရှိသူ ၁၅၀,၀၀၀ ကျော်ရှိသော် လည်း ယခုရွေးကောက်ပွဲကို ၎င်းတို့ထဲမှ ၄၃
ရာခိုင်နှုန်း မဲပေးရန် ပျက်ကွက်ခဲ့ကြသည်။



ဖတ်ရှုမှုအများဆုံး