နိုင်ငံတကာပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် ရန်အတွက် မြန်မာ့လက်ရွေးစင် ယူ-၁၉
အသင်းကို ဖွဲ့စည်းရန် အတွက် လူရွေးပွဲကို ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့
အထိ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလူရွေးပွဲတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အကယ်ဒမီ၊ မြန်မာနေရှင်နယ်လိဂ်နှင့်
လိဂ်-၂ အသင်းများမှ အသက် ၁၉ နှစ် အောက် လူငယ်ကစားသမား ရ၀ ခန့်က ၀င်ရောက်
အရွေးချယ်ခံခဲ့ကာ ၃၀ ခန့်ကို ရွေးချယ်ခဲ့သည်။
အဆိုပါ ယူ-၁၉ အသင်းသစ်ကို ကမ္ဘာ့ ဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်း၏
နည်းပြဖြစ်သူ ဂျာမနီနည်းပြ ဂတ်ဆီဇီက ကိုင်တွယ်သွားမည်ဖြစ်သည်။
ဂတ်ဆီဇီသည် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းကို ယူ-၁၉
အသင်းကတည်းက ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ အာရှ ယူ-၁၉ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်
အဆင့်ထိ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ ကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်အောင်
စွမ်းဆောင်နိုင်ခဲ့သော နည်းပြဖြစ်သည်။














