တိုကျို ၂၀၂၀ အိုလံပစ်ပွဲနှင့် အပြိုင်ကျင်းပမည့် 'လုဘ်အိုလံပစ်'

တိုကျို ၂၀၂၀ အိုလံပစ်ပွဲနှင့် အပြိုင်ကျင်းပမည့် 'လုဘ်အိုလံပစ်'

၂၀၂၀ တိုကျိုအိုလံပစ်နှင့်အပြိုင် စွန့်စွန့် စားစားယှဉ်ပြိုင်လိုသော အားကစားသမားများအတွက်
ချောကျိနေသည့် အားကစားနည်းတစ်မျိုးကို စီစဉ်ပေးနိုင်ရန် လုဘ်အိုလံပစ် ကျင်းပရေးအဖွဲ့က
ကြိုးပမ်းနေသည်။

ဦးထုပ်အမာစားကို ဆောင်းထားပြီး ဂျယ်လီများ သုတ်လိမ်းထားမှုကြောင့် အမြှုပ်များ ပေလူးနေ
သည့် ပြိုင်ပွဲဝင်များက ကျိချွဲနေသည့်ကြမ်းပြင်ပေါ်တွင် ယှဉ်ပြိုင်နေကြ သည့် ထူးဆန်းသည့်ပြိုင်ပွဲကို
ကျင်းပဖြစ်သည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။

ယင်းကစားနည်းကို ဖရိုဖရဲဖြင့် အောင်ပွဲခံရသည့် ဆူမို နပန်းသတ်ပွဲ၊ လွန်ဆွဲပွဲနှင့် human
curling (လူကိုအသုံးပြု၍ ဒိုးပစ်ကစားရသော ကစား နည်း) တို့ကဲ့သို့ အားကစားပွဲအဖြစ်
ထည့်သွင်း သတ်မှတ်ရန် ကြိုးပမ်းလျက်ရှိသည်။ "စပိန်နိုင်ငံမှာဆိုရင် ခရမ်းချဉ်သီးနဲ့ အချင်းချင်း
ပစ်ပေါက်ကစားကြတဲ့ပွဲ ရှိတယ်။ ထိုင်းနိုင်ငံမှာဆိုရင်လည်း ရေနဲ့ပက် ကြတဲ့ပွဲရှိတယ်။
ကျွန်တော်တို့လည်း ထူးခြား တဲ့ အရာတစ်ခုနဲ့ နိုင်ငံကို လူသိစေချင်ပါ တယ်။ ကျွန်တော်တို့
တကယ့်ဂျပန်အားကစား ပွဲကို စီစဉ်ထားပါတယ်။ ကိုယ်မှာ ဂျယ်လီတွေ သုတ်လိမ်းပြီး
ပစ်ဝင်လိုက်တာမျိုးပါ"ဟု Lotion Sports Association ကော်မတီဝင် အီကုကိုရှီကီဇာဝါက
အေအက်ဖ်ပီကို ဇူလိုင် လ ၁၈ ရက်နေ့တွင် ပြောသည်။ "၂၀၂၀ တိုကျိုအိုလံပစ်ပွဲကျင်းပတဲ့
အချိန်မှာ Slimy Olympics ကို ကျင်းပဖို့ ရည်ရွယ်ထားပါတယ်။ ကစားနည်းက လူတိုင်းရဲ့ကိုယ်မှာ
ဂျယ်လီအရည်တွေ သုတ်လိမ်းပြီး ကိုယ်ကိုလျှောတိုက်ပြီး ပစ်ဝင်ရတာမျိုးပါ။ ဒီကစားနည်းက
မိတ်ဆွေ သစ်တိုးစေဖို့ ဆန်းပြားတဲ့နည်းလမ်းတစ်ခုပါပဲ"ဟု ၎င်းကပြောသည်။

ဆူမိုနပန်းပွဲမှစ၍ ရေလွှာလှိုင်းစီးကစားနည်းအထိ အားကစားနည်း ၂၆ မျိုးကျော်ကို တိုကျို
အိုလံပစ်အားကစားပွဲတွင် ထည့်သွင်း ရန် ပြီးခဲ့သည့်လတွင် တင်ပြခဲ့ပြီး အပြည်ပြည်ဆိုင်ရာ
အိုလံပစ်ကော်မတီ (အိုင်အိုစီ)က ရှစ်မျိုးအထိ လျှော့ချသတ်မှတ်ပေးခဲ့သည်။ ဘိုးလင်း၊
ကရာတေး၊ စကိတ်၊ တောင်တက်ခြင်း၊ စကွပ်(Squash )၊ ရေလွှာလှိုင်းစီး ကစားနည်းနှင့်
၀ူရှူးနှင့်အတူ ဘေ့စ်ဘော နှင့် ဆော့ဖ်ဘော ( soft ball) တို့ကို အိုင်အိုစီ က အိုလံပစ်ပွဲတွင်
ထည့်သွင်းရန် ရွေးချယ် ပေးထားသည်။ "ဒီကစားနည်းကတော့ ဆေးဖက်ဝင်တဲ့လိုးရှင်းတွေ
လူးပြီး ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် လျှောတိုက်ပစ်ဝင်ကြရတာမျိုးပါ။ တခြားဆိုးဆိုးဝါးဝါး
ဘာမှမရှိပါဘူး"ဟု ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ကင်တာရိုအိုတာနီ က ပြောသည်။

" ဒီကစားနည်းက ကောင်းပါ တယ်။ လုံးဝသန့်ရှင်းပြီး ပျော်စရာကောင်းတဲ့ ကစားနည်းပါ။
မနှစ်ကလည်း ကျွန်တော်ဝင်ပြိုင်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က နောက်ဆုံးဘိတ်ပဲလေ။
ဒီနှစ်တော့ ထိပ်တန်း ပြိုင်ပွဲဝင်စာရင်းမှာ ပါရအောင်ရယ်၊ နံပါတ် တစ်ဖြစ်အောင်ရယ်
ကျွန်တော်ထပ်ပြိုင်ဖြစ် တာပါ"ဟု ၎င်းက ပြောသည်။ "ဒီကစားနည်းကို ၀င်ပြိုင်ရာမှာ
ကိုယ်စွမ်းကိုယ်စ ပြစရာမလိုပါဘူး။ ဘာ အတားအဆီးမှလည်း မရှိပါဘူး။ ဒါတွေက
ဒီကစားနည်းကို အရမ်းကောင်းစေတဲ့ အချက် တွေပါပဲ"ဟု ဆက်လက် ပြောကြားသည်။
ပြိုင်ပွဲဝင် ၂၀၀ ကျော်ပါ၀င်၍ ဂျပန်အမျိုးသားသီချင်းသီဆိုကာ ဖွင့်လှစ်ခဲ့ပြီး အစွမ်းကုန်ယှဉ်ပြိုင်
ခဲ့ကြသည့် အဆိုပါ ပြိုင်ပွဲကို အလေးအနက်ထားထိုက်သည်ဟု ပြိုင်ပွဲဝင် နောက်ထပ်
တစ်ဦးဖြစ်သည့် ယူရီနာကာဂါ၀ါက ပြောသည်။

"ကျွန်မရဲ့မွေးနေ့မှာ လိုးရှင်းလူးဖို့ လာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်မှာ ကျွန်မကြားခဲ့ရတာ ကတော့
human caterpillar (လူများ တစ်ဦး နှင့်တစ်ဦး ဆက်၍ ယှဉ်ပြိုင်ရသော ကစား နည်း)နဲ့
လွန်ဆွဲပွဲတွေက အရမ်းကိုထူးဆန်းတယ်လို့ ပြောကြပါတယ်။ ဒါကြောင့် ကျွန်မ ဒီပြိုင်ပွဲမှာ
၀င်ကစားကြည့်တာပါ။ ဒီကစားနည်းက အိုလံပစ်အားကစားပွဲမှာ ပါသင့်ပါတယ်"ဟု ယူရီက
ပြောသည်။

မက်ဆီကန်နပန်းသမားကဲ့သို့ မျက်နှာဖုံး ၀တ်ဆင်ထားသည့် ပြိုင်ပွဲဝင်တစ်ဦးကမူ
"အရွယ်ရောက်ပြီးသူတွေဟာ တကယ့်ကို စွန့်စားရတဲ့အလုပ်မျိုးကို လုပ်ကြတာက
အပျော်အတွက်ပါပဲ။ ဒါက ရှင်းပါတယ်။ စိတ်လှုပ်ရှား ပျော်ရွှင်ရတာက ဘဝကိုပိုပြီး
အနှစ်သာရရှိစေပါတယ်"ဟု ပြောသည်။



ဖတ်ရှုမှုအများဆုံး