၈၂ နှစ်တာကာလအတွင်း အသက် အငယ်ဆုံး PGA ချန်ပီယံ

၈၂ နှစ်တာကာလအတွင်း အသက် အငယ်ဆုံး PGA ချန်ပီယံ

အမေရိကန်ပြည်ထောင်စု အီလီနွိုင်းပြည်နယ်၊ ဆေးလ်ဗစ်မြို့မှာ
ကျင်းပ ပြီးစီးခဲ့တဲ့ John Deere Classic ဂေါက်သီးရိုက်ပြိုင်ပွဲဟာ နာမည်ကြီး ဗြိတိန်အိုးပင်းမတိုင်
ခင် ရက်သတ္တ တစ်ပတ်အလိုမှာ ကျင်းပတဲ့ပြိုင်ပွဲ ဖြစ်ပြီး လူငယ်ကြယ်ပွင့်သစ်တွေကို မွေးထုတ်
ပေးလေ့ရှိတဲ့ အစဉ်အလာရှိတာကြောင့် ဂေါက်သီးပရိသတ်တွေ စိတ်ဝင်တစား အားပေးရတဲ့ ပွဲစဉ်
တစ်ရပ်ပဲဖြစ်ပါတယ်။

၁၉၇၂ ခုနှစ် ကာလကတည်းက ကျင်းပလာခဲ့တဲ့ သက်တမ်းရှည်ပြိုင်ပွဲ တစ်ရပ်ဖြစ်သလို စပွန်ဆာ
ပေးတဲ့ John Deere ကုမ္ပဏီကို အစွဲပြုပြီး ပြိုင်ပွဲအမည်ကို အသုံးပြုခဲ့တာ ၁၉၉၉ ကာလကတည်း
ကပဲဖြစ်ပါတယ်။

JDC ပြိုင်ပွဲကာလတစ်လျှောက်မှာ သုံးထပ် ကွမ်း ဗိုလ်စွဲနိုင်သူကလည်း နှစ်ဦးတည်း သာရှိသေးပြီး
ဗြိတိန်အိုးပင်း အကြို လက်ရည်စစ်ပွဲဖြစ်တာကြောင့်လည်း တကယ့်ကို အကြိတ်အနယ်ရှိတဲ့ ပွဲစဉ်
တစ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။

အခုနှစ် JDC ပြိုင်ပွဲမှာ သမိုင်းစံချိန် သစ်တင်နိုင်ခဲ့ပြီး ချန်ပီယံဖလားကို ထိုက်ထိုက်တန်တန်ဆွတ်
ခူးသွားသူ ကတော့ အသက် ၁၉ နှစ်သာရှိသေးသူ တက္ကဆက်ဂေါက်သီးငွေကြယ်ပွင့်သစ် ဂျော်
ဒန်စပစ်ပဲဖြစ်ပါတယ်။ တက္ကဆက် တက္ကသိုလ်မှာ ပညာဆည်းပူးဆဲ ချာတိတ်ငယ် ဂျော်ဒန်ဟာ
လေးရက်တာ စုစုပေါင်းရိုက်ချက် ၂၆၅ ချက်နဲ့ အကောင်းဆုံးလက်စွမ်းပြရိုက်နိုင်ခဲ့ပြီး ဆုကြေး
ဒေါ်လာ ရှစ်သိန်းနဲ့ ချန်ပီယံဆုဖလားကို ပိုင်ဆိုင်ခွင့်ရခဲ့တာကိုလည်း ဒဲလပ်စ်စာစောင်တွေက
တဖွဲ့တနွဲ့ ဂုဏ်ပြုမဆုံးဖြစ်နေရပါတယ်။

PGA ပြိုင်ပွဲ ပွဲစဉ်တစ်ရပ်မှာ အခုလို အသက် ၁၉ နှစ်သားတစ်ယောက်က ဗိုလ်စွဲသွားခြင်းဟာ
၈၂ နှစ်တာကာလ အတွင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လက်ရှိကမ္ဘာ့အဆင့်(၁) တိုက်ဂါးဝုဒ်စ် နဲ့
အဆင့်(၂) မက်အီရွိုင်းတို့တောင်မှ အသက် ၂၀ ပြည့်မှ JDC ချန်ပီယံ ဖလားကို ပိုင်ဆိုင်ခဲ့တာဖြစ်
ပါတယ်။

၁၉၃၁ ဆန်တာမော်နီကာအိုးပင်းမှာ ရပ်ဖ်ဂူဒါ(၁၉ နှစ်) ဗိုလ်စွဲပြီးနောက်ပိုင်း အခု ၂၀၁၃ မှာမှ
လူငယ်လက်တက် ဂျော်ဒန်စပစ်က တစ်ကျော့ပြန် ဗိုလ်စွဲ နိုင်ခဲ့ခြင်းဟာ ဒဲလပ်စ်မြို့သားတွေ
အတွက်တော့ တကယ့်ကို ဂုဏ်ယူ ကြည်နူးစရာလို့ ဆိုရဦးမှာပါပဲ။

အခု JDC ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့သူ ဂျော်ဒန်ဟာ ဏွဗ ွှသကမ ပြိုင်ပွဲ သက်တမ်းတစ်လျှောက်လုံးနဲ့
တွက်မယ် ဆိုရင်တော့ စတုတ္ထမြောက် အသက် အငယ်ဆုံးချန်ပီယံလေးပဲဖြစ်ပါတယ်။ အခုလို
ငယ်ငယ်ရွယ်ရွယ်နဲ့ ချန်ပီယံဆုဖလားရယူနိုင်ခဲ့တဲ့အတွက် ဏွဗ ပြိုင်ပွဲတိုင်းမှာ ၀င်ရောက်ယှဉ်ပြိုင်
ခွင့် ရခဲ့ပြီးဖြစ်သလို အကျော်ဒေးယျ ဂေါက်သီးစူပါစတားတွေချည်း နွှဲမယ့် ဗြိတိန်အိုးပင်းကိုပါ ၀င်
ရောက်ဆင်နွှဲ ခွင့်ရသွားခဲ့ပြီဖြစ်ပါတယ်။

JDC ချန်ပီယံဖလားနဲ့ အတူ ဂေါက်သီးဝါသနာအိုး ကို မှင်တက်အံ့အားသင့်စေခဲ့သူ ဂျော်ဒန်ဟာ
ကမ္ဘာ့အဆင့်(၅၉)ကို ရောက်ရှိလာခဲ့သလို Fed Ex Cup သတ်မှတ်ချက်အဆင့်မှာတော့ (၁၁)ကို
ရောက်ရှိလာခဲ့တာတွေ့ရပါတယ်။

ဘဝမှာ ပထမဆုံးသော ချန်ပီယံဆုဖလားကို မယုံကြည်နိုင်ဖွယ်လက်စွမ်း နဲ့ ရယူပြခဲ့သူ ချာတိတ်
ငယ် ဂျော်ဒန် က "ဒီပြိုင်ပွဲမှာ ဗိုလ်စွဲလိမ့်မယ်လို့ ထင်မထားခဲ့တာကိုတော့ ၀န်ခံပါတယ်။

ကံကြမ္မာရဲ့ဖေးမမှုကြောင့် ချန်ပီယံ ဆုဖလားပိုင်ဆိုင်ခွင့်ရခဲ့တာပါ။လာမယ့် ဗြိတိန်အိုးပင်းပြိုင်ပွဲမှာ
လည်း အစွမ်းကုန်ဆက်လက်ကြိုးစားသွားပါ့မယ်"လို့ ၀မ်းမြောက်ရင်ဖွင့်စကားဆိုလာပါတယ်။



ဖတ်ရှုမှုအများဆုံး