ဘာလင် - ဒေါ့မွန်က အသစ်ခေါ်ယူထားသော ပီယာရေးအမ်ရစ်အော်ဘာမယ်ယန်သည်
၂၀၀၉ ခုနှစ်တွင် အိုလံပစ် ချန်ပီယံ အူစိန်ဘော့လ် ပြေးထားခဲ့ သော ကမ္ဘာ့စံချိန်ထက်ပင် ပို၍မြန်
သော စံချိန်ဖြင့် တာတို အပြေးလေ့ကျင့် ခန်း ဆင်းချိန်၌ ပြေးခဲ့သည်ဟုဆိုသည်။
အသက် ၂၄ နျစ်ရှိ အော်ဘာမယ် ယန်သည် ယခုသီတင်းပတ်အတွင်း လေ့ကျင့်ခန်း ဆင်းချိန်၌
မီတာ ၃၀ ကို ၃ ဒသမ ရ စက္ကန့်ဖြင့် ပြေးခဲ့ခြင်းဖြစ် သည်။ ၂၀၀၉ ခုနှစ်က အူစိန်ဘော့လ် ဘာလင်
တွင် မီတာ ၁၀၀ ကို ၉ ဒသမ ၅၈ စက္ကန့်ဖြင့် ပြေးခဲ့စဉ်က မီတာ ၃၀ ကို ၃ ဒသမ ရ၈ စက္ကန့်ဖြင့်
ပြေးခဲ့ခြင်း ဖြစ်သည်။
"ပီယာရေးဟာ ကျွန်တော်တို့ အသင်းအတွက် ကစားနေသူတွေထဲမှာ အမြန်ဆုံး ကစားသမားပါပဲ"
ဟု ဒေါ့မွန်၏ အားကစား ညွှန်ကြားရေမှူး မိုက်ကယ် ဇော့က ဂျာမန်သတင်းစာ ဘစ်လ်ကို ပြော
သည်။
ဒေါ့မွန်သည် ၎င်းအား ယူရို ၁၃ သန်း (ကန်ဒေါ်လာ ၁၇ သန်း) ဖြင့် ဖော်ပြပါ ပြင်သစ်ကလပ်
အသင်းမှ ခေါ်ယူထားသူဖြစ်သည်။
(အေအက်ဖ်ပီ)














