မြန်မာတိုက်ကွမ်ဒိုအဖွဲ့ချုပ် ရွှေ ၂၊ ငွေ ၁၊ ကြေး ၄ ခုရရှိခဲ့
ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ
ကျင်းပပြုလုပ်ခဲ့သည့် (၁၁)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလွတ်တန်းတိုက်ကွမ်ဒိုပြိုင်ပွဲ
တွင် မြန်မာနိုင်ငံလက်ရွေးစင် တိုက် ကွမ်ဒိုအားကစားသမားများ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရွှေ
တံဆိပ် နှစ်ခု၊ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ် လေးခုတို့ကို ဆွတ်ခူးနိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ကမ္ဘာ့နိုင်ငံပေါင်း ၂၅ နိုင်ငံမှ တိုက်ကွမ်ဒို ကလပ်အသင်း များ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြ
ပြီး မြန်မာ့ လက်ရွေးစင် တိုက်ကွမ်ဒိုအားကစား အဖွဲ့သည် အသက် ၁၉ နှစ်မှ ၂၉ နှစ် (စီနီယာ
တန်း)အသင်းလိုက်ပြိုင်ပွဲတွင် လည်း ဒုတိယဆုဖလားကို ရရှိခဲ့သည်။














