နည်းပြသစ်၊ ကစားဟန်အပြောင်းအလဲနဲ့ မန်စီးတီးကို ရှာဖွေကြည့်ခြင်း

နည်းပြသစ်၊ ကစားဟန်အပြောင်းအလဲနဲ့ မန်စီးတီးကို ရှာဖွေကြည့်ခြင်း

မန်ယူရော၊ မန်စီးတီးပါ ဒီရာသီမှာ မန်နေဂျာ အပြောင်းအလဲဖြစ်မှုက ထူးခြားတိုက်ဆိုင်မှုဖြစ်နေတဲ့
ရာသီ တစ်ခုဖြစ်ပါတယ်။ မန်စီးတီး ဘုတ် အဖွဲ့ရဲ့ဘာစီလိုနာဒါရိုက်တာဟောင်းတွေအတွက် ဒီရာ
သီဟာ သူတို့အတွက် အလွန်အရေးပါတဲ့ ရာသီဖြစ်နေပါ တယ်။

မန်ချီနီထုတ်ပယ်လိုက်မှုရဲ့နောက်ဆက်တွဲအကျိုးသက်ရောက်မှု က နည်းပြသစ်ပယ်လီဂရီနီမှာ
တာဝန် ရှိနေသလို အမှုဆောင်ချုပ်၊ အားကစား ဒါရိုက်တာတွေမှာလည်း တာဝန်ရှိတဲ့ရာသီဖြစ်
လာနေပြီဖြစ်ပါတယ်။

နည်းပြသစ်ပယ်လီဂရီနီအနေနဲ့ လည်း မန်ချက်စတာစွန့်စားခန်းက တကယ်စိန်ခေါ်မှုဆိုတာ ပြော
နေစရာ တောင်မလိုတော့ပါဘူး။ မန်းစီးတီးကို ဘယ်လောက်အောင်မြင်မှုတွေရအောင် ဖန်တီး
ပေးနိုင်မလဲဆိုတာ စိတ်ဝင်စား စရာပါ။ သူ့အနေနဲ့စပိန်လာလီဂါမှာ ကိုးနှစ်ကြာ ကျင်လည်ခဲ့ပေ
မယ့် အောင်မြင်မှုဆိုတဲ့ ပြယုဂ်က တော့ ဗီလာရီးယဲလ်ကို၊ မာလာဂါ ကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ
အတိုင်းအတာတစ်ခုအထိ ဆောင်ကျဉ်းပေးခဲ့တာက လွဲရင်အခြားသော ပြစရာ ရှိမနေတာက
သူ့ကို အထင် သေးချင်စရာပဲဖြစ်ပါတယ်။

ဘာဖလားတစ်လုံးမှ မရခဲ့ဘူးလေတော့လည်းမော်ရင်ညိုလောက်တော့ အထင်ကြီး မခံရပေမယ့်
မန်စီးတီးရဲ့ငွေကြေးသုံးစွဲ နိုင်မှုအနေအထားမှာ ပယ်လီဂရီနီကိုလျှော့တွက်လို့တော့ မရတာ သေ
ချာ နေပါတယ်။ ရီးယဲလ်မက်ဒရစ်ကို မော်ရင်ညိုမရောက်ခင်အချိန်က ပယ်လီဂရီနီ ကိုင်တွယ်ခဲ့ပြီး
ရမှတ် ၉၆ မှတ်ရယူနိုင်ခဲ့ သည့်တိုင်အောင် လာလီဂါဖလားကို မရ ခဲ့တာကတော့ သူ့အတွက်ကံ
မကောင်း မှုလို့ဆိုရမှာပဲဖြစ်ပါတယ်။

ဒီအကြောင်း နဲ့ပတ်သက်ပြီး သူက"ရီးယဲလ်မက်ဒရစ် ကို နောက်တစ်ခါသာ ဆက်ကိုင်ခွင့်ရ ခဲ့ရင်
လာလီဂါချန်ပီယံဖလားကို ရယူ နိုင်ခဲ့မှာပါ''လို့ မန်စီးတီးကိုရောက်လာ ချိန်မှာ ထုတ်ဖော်ပြောဆို
သွားခဲ့ပါတယ်။

သူဟာ ရီးယဲလ်မက်ဒရစ်ကို တစ်ရာသီသာ ကိုင်တွယ်ခဲ့ရပြီး အထုတ် ခံလိုက်ရပါတယ်။ ရီးယဲလ်
ကိုစရောက် လာတဲ့မော်ရင်ညိုဟာလည်း ပယ်လီဂရီနီလိုပဲ လာလီဂါဖလားကိုမရယူနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ အရှိန် အဝါနဲ့ယှဉ်လိုက်တော့လည်း မော်ရင် ညိုဟာ ရီးယဲလ်မှာ နှစ်အကြာကြီးနေ သွား
ခဲ့ရပါတယ်။ ပယ်လီဂရီနီအနေနဲ့ မန်စီးတီးကို ထူးခြားတဲ့ အောင်မြင်မှုရအောင် လုပ်ဖို့တော့ အရေး
ပါနေပါတယ်။


 

လောလောဆယ်မှာ သူ့အတွက် ဆိုရီ ယာနိုကတော စပိန်အခြေစိုက်ကစား သမားနှစ်ယောက်နဲ့
ဘရာဇီးလ်ကစား သမားတစ်ယောက်၊ စီးရီးအေအခြေ စိုက်ကစားသမားတစ်ယောက်တို့ကို တော့
ခေါ်ပေးထားပြီဖြစ်ပါတယ်။ သူတို့ခေါ်ထားတဲ့ စပိန်ကစားသမား တွေကိုကြည့်လိုက်ရင် နာဗက်နဲ့
နီဂရီဒို ဆိုတာကိုတွေ့ရမှာပါ။ ဒီနှစ်ယောက် က ဆီဗီလာကစားသမားတွေဖြစ်ပြီး ဆီဗီလာမှာ
အဓိကကျတဲ့ ကစားသမားတွေ ဖြစ်နေပါတယ်။

ပြီးတော့ မန်စီးတီးမှာ ဒေးဗစ်ဆေးလ်ဗား၊ ဂါဆီယာတို့နဲ့ တွဲဖက်လာတော့မှာ ဖြစ်ပြီး စပိန်စကား
ပြောတဲ့ အဂွေရို၊ ဇာဘလက်တာတို့နဲ့ ကစားရမှာဖြစ် တာကြောင့် မန်စီးတီးဟာ စပိန်ကစား ဟန်
နဲ့ ဒီရာသီကို ဖြတ်သန်း လာမှာသေချာပါတယ်။ မနှစ် က မန်ချီနီကိုင်စဉ် ကတည်းက အင်္ဂလိပ်က
စားသမားတွေ ဖြစ်တဲ့ လက်စကော့၊ရောဒ်ဝဲလ်၊ မီကာ ရစ်ချတ်တို့ဟာ ပုံမှန်နေရာမရှိခဲ့ကြ တာဟာ
ဒီနှစ်မှာ သူတို့ဟာ ပိုပြီးတောင် နေရာပျောက်လာနိုင်တဲ့ရာသီဖြစ်လာ နိုင်ပါတယ်။

ဆွမ်ဆီးမှာ ခြေစွမ်းပြပြီး မန်စီးတီးကိုရောက်လာတဲ့ ဆင်ကလဲ ယားအနေနဲ့တော့ အသင်းပြောင်း
ဖို့ သာပဲရှိပါတော့တယ်။ မနှစ်က လူစားဝင် ကစားခဲ့ရတဲ့ မီလ်နာဟာလည်း ဒီနှစ် မှာ ဦးစားပေး
နေရာရဖို့ မလွယ်ပါဘူး။

နာဗက်ရောက်လာတဲ့အတွက် မန်စီးတီး ရဲ့ တောင်ပံတွေဟာ ဆေးလ်ဗား၊ နာဗက်အားနဲ့သာ ပွဲ
ထွက်ဖို့ များနေခဲ့ပါ တယ်။ပယ်လီဂရီနီရဲ့ လေ့ကျင့်ပေး နေမှုတွေပေါ်မှာ ရော့ဒ်ဝဲလ်က မန်စီးတီး
ကို ဘာစီလိုနာကစားဟန် လိုမျိုး တည်ဆောက်နေတာထင်တယ် လို့ သုံးသပ်ထားတာတွေ့ရ
ပါတယ်။ ဒါကိုကြည့်လိုက်ရင်တော့ မန်စီးတီး ဟာ ကစားပုံပြောင်းလဲလာနိုင်ဖွယ်ရှိ နေတာ ထင်
ရှားနေပါတယ်။

လောလောဆယ်မှာ တိုက်စစ်မှူး တွေ အဝယ်များနေပြီး အသင်းမှာ တကယ်အားနည်းနေတဲ့
နောက်တန်း အတွင်းနေရာ ကစားသမားတွေကို ၀ယ်ယူခြင်းမရှိသေးတာကတော့ ထူးခြားမှုပဲ
ဖြစ်ပါတယ်။

နောက် တန်းအတွင်းလူနေရာမှာ ကွန်ပနီကလွဲရင် နောက်ထပ် ထိပ်တန်းကစားသမားနှစ်ယောက်
လောက်အထိ ဖြည့်တင်းဖို့ တော့ ပယ်လီဂရီနီ လိုအပ်နေပါတယ်။ ဒီနေရာ အတွက်သာ ဆိုရီ
ယာနိုအနေနဲ့ဝယ်ဖြည့် ပေးလိုက်မယ်ဆို ရင် မန်စီးတီးဟာ မနှစ်ကထက် ပိုကောင်းလာ ဖို့ပဲ ရှိ
ပါတယ်။

စိုးရိမ်နေတာ က ပယ်လီဂရီနီဟာ အမြန်နှုန်းကို ဦးစား ပေးထားတဲ့ ပရီမီယာ လိဂ် ကစား ဟန်
နဲ့စိမ်း နေခြင်းပဲ ဖြစ်ပါတယ်။ အဝေးကွင်း တွေဟာ သူ့ ကို အခက်တွေ့ စေနိုင်တဲ့ အခြေ အနေမျိုး
တော့ ဖြစ်လာနိုင်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် လထဲတုန်းက ချန်ပီ ယံဖြစ်နိုင်မှု အလေးပေး မှုမှာ မန်စီးတီးဟာ တတိယနေရာမှာ
ရှိနေခဲ့ပေ မယ့် အခု ဇူလိုင် တတိယပတ်ထဲအရောက်မှာ တော့ မန်စီးတီးဟာ ဒုတိယနေရာကို
တက်လာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ မန်စီးတီးပြုပြင်ပြောင်းလဲမှုရဲ့ ထူးခြား မှုတစ်ခုပဲဖြစ်ပါတယ်။

ပယ်လီဂရီနီ ကတော့ "မန်စီးတီးကိုရောက်လာပြီး ဖိအားနဲ့ကြံုမှာကိုလည်း မစိုးရိမ်မိ သလို ပရီ
မီယာလိဂ်မှာလည်း ဒုတိယ ရမှာကိုလည်း မစိုးရိမ်မိပါဘူး"လို့ ပြောဆိုထားခဲ့ပါတယ်။ မန်စီးတီး
ပရိသတ် တွေအနေနဲ့ အရင်က နဲ့ မတူတဲ့ ဆွဲဆောင် မှုရှိတဲ့ ကစားဟန်ကို မြင်တွေ့ ရပါမယ်လို့
လည်း သူက ဖွင့်ဟသွား ခဲ့ပါတယ်။

လောလောဆယ်မှာ မန်စီးတီး ထက် ချယ်လ်ဆီးက ပိုဟော့ နေတော့ ပယ်လီ ဂရီနီမှာ ဖိအား က
မရှိသေးဘဲ ပြင်ဆင်မှုကို တည်တည်ငြိမ်ငြိမ် နဲ့ ပြင်ဆင်နေပါ တယ်။ ပရီမီယာလိဂ် အတွေ့အကြံု
မရှိသူဖြစ်နေလင့်ကစား နည်းစနစ်ကောင်းနဲ့ ကစားနိုင်ဖို့က ပယ်လီဂရီနီအတွက် အဓိကအချက်ပဲ
ဖြစ်ပါတယ်။

မန်ယူက ဒေးဗစ်မိုယက်စ် ဖိအားတွေ အောက်ရောက်နေချိန်မှာ လာမယ့်ရာသီအတွက်တော့ မော်
ရင် ညိုနဲ့ ပယ်လီဂရီနီ၊ မန်စီးတီးနဲ့ ချယ်လ် ဆီးတို့ဟာ အဓိကအားပြိုင်မယ့်ရာသီ ဖြစ်လာမယ်လို့ပဲ
ယူဆနေမိပါရဲ့။



ဖတ်ရှုမှုအများဆုံး