ဂျကာတာ - အင်ဒိုနီးရှားမှ အားကစားပြိုင်ပွဲစီစဉ်ကျင်းပသူသည် ချယ်လ်ဆီး
ကလပ်အသင်း၏ သဘောတူညီချက် မပါဘဲ ယင်းကလပ်အသင်းမှ အားကစား သမားများနှင့်
တွေ့ခွင့်ရရန်အတွက် ချယ်လ်ဆီးပရိသတ်များထံမှ အဆ မတန် ငွေကြေးကောက်ခံထားသဖြင့်
ဒေါ်လာထောင်ဂဏန်းနှင့်ချီနေသော ယင်းငွေများကို ပရိသတ်များအား ပြန်ပေးမည်ဟု
ပြောကြားလိုက်သည်။
ပရိသတ်များသည် အားကစားသမား များနှင့် တွေ့ခွင့်ရရန် ဒေါ်လာ ၂,၀၀၀ ခန့်ပင် ပေးထားခဲ့
ကြရရာ ယခုသော် ၎င်းတို့သည် ကြာသပတေးနေ့တွင် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင် ကစား
မည့် ချစ်ကြည်ရေးပွဲမတိုင်မီ ချယ်လ်ဆီးကစားသမားများနှင့် အခမဲ့ ကြည့်ခွင့်ရတော့မည်
ဖြစ်သည်။
နိုင်းစပို့ဟူသော ပြိုင်ပွဲစီစဉ်ကျင်းပ သူများက တစ်လအတွင်း ပွဲအမျိုးမျိုး အတွက် လက်မှတ် ၁၅၀
နီးပါးရောင်းခဲ့ ရကြောင်း ပြောသည်။
(အေအက်ဖ်ပီ)















