ဘာစီလိုနာနဲ့ နည်းပြရှာပုံတော်

ဘာစီလိုနာနဲ့ နည်းပြရှာပုံတော်

စပိန်ဘောလုံးလောကနှင့် လာလီဂါအကြောင်းပြောရမယ်ဆိုရင် တကယ် တမ်း သိပ်ပြောစရာရယ်
လို့ မရှိလှပါဘူး။ စပိန်အသင်းတွေ အများစု အပြောင်းအရွှေ့ဈေးကွက်မှာလည်း သိပ်လှုပ်ရှားမှု မ
ရှိဘူး။

ပြောစရာဆိုလို့ ဘာစီလိုနာနဲ့ ရီးယဲလ်အကြောင်းကလွဲရင် ကျန်တာတွေ ပြောရ တာလည်း စိတ်
၀င်စား စရာ သိပ်မကောင်းလှပါ ဘူး။ ကျန်တဲ့အသင်း အများစုဟာ ငွေကြေးအကျပ်အတည်းတွေ
ကြားမှာ ရုန်းကန်နေရပြီး အသင်းရပ်တည်ဖို့ ကိုတောင် အနိုင်နိုင်ကြိုးစားနေရတဲ့ အချိန်မျိုးဖြစ်လို့
ဈေးကွက်ထဲမှာလည်း ထင်သလောက်မလှုပ်ရှားနိုင်ပါဘူး။

ရီးယဲလ်နဲ့ ဘာစီလိုနာ ဈေးကွက် ထဲမှာ ဘယ်လို လှုပ်ရှားမလဲ ဆို တာပဲ စောင့်ကြည့် ရတဲ့အနေ
အထား မျိုးဖြစ်နေတယ်။ အမှန်အတိုင်းဆိုရင် ဒီအသင်းကြီး နှစ် သင်းဟာလည်း ငွေကြေး ရိုက်
ခတ်မှုဒဏ်ကို ခံနေကြရတယ်။ ဒါပေမဲ့ ဆင်ပိန်တော့ကျွဲလောက်ရှိဆိုတဲ့အတိုင်း သူတို့ရှိတဲ့ အရှိန်
အဝါတွေနဲ့ ဈေးကွက်ထဲမှာ အတတ်နိုင်ဆုံး လှုပ်ရှားနိုင်ဖို့ ကြိုးစားနေကြတယ်။

အခုအချိန်အထိတော့ အရင်က ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေးတွေပေးပြီး ကစားသမားတွေ
ခေါ်ယူပြခဲ့တဲ့ ပီရက်ဇ် ရဲ့ ရီးယဲလ်ဟာလည်း ဒီတစ်ချီမှာ နည်း နည်းတော့ ငြိမ်ချက်သားကောင်း
နေ တယ်။ ပြည်တွင်းလူငယ်အများစုဘက် ကိုပဲ အာရုံစိုက်ပြီးငွေသုံးနေတဲ့ပုံပေါ် နေတယ်။ ဘာစီ
လိုနာကလည်း စောစော စီးစီးခေါ်ထားတဲ့ နေမာတစ်ယောက် တည်းနဲ့ ငြိမ်နေသေးတာတွေ့
ရတယ်။

ဒါပေမဲ့ ဒီတစ်ပတ်တော့ စပိန် ဘောလုံးလောကမှာ နည်းနည်းတော့ လှုပ်ခတ်သွားခဲ့တယ်။
ကင်ဆာရောဂါ အခြေအနေကြောင့် ဘာစီလိုနာနည်းပြ ရာထူးမှ အနားယူသွားခဲ့တဲ့ ဗီလာနိုဗာ
ရဲ့သတင်းတွေဟာ စပိန်သတင်းစာတွေ ရဲ့ အဓိကမျက်နှာဖုံးသတင်းတစ်ပုဒ် လို ဖြစ်လာခဲ့တယ်။

ဒါကြောင့်လည်း ဒီတစ်ပတ်တော့ ဘာစီလိုနာနဲ့ပတ်သက် ပြီး တွေးစရာရေးစရာတွေရလာခဲ့ပြီလို့
ပြောနိုင်တယ်။ ဗီလာနိုဗာဟာ ဂွာဒီယိုလာနဲ့ အတူ လက်တွဲခဲ့ပြီး ဘာစီလိုနာခေတ် တစ်ခေတ်ကို
တည်ထောင်နိုင်ခဲ့ သူလို့ပြောရင် မမှားပါဘူး။ ဒီလိုနဲ့ ဂွာဒီယိုလာရဲ့ထောက်ခံမှုကြောင့် ပဲ ဘာစီလို
နာနည်းပြရာထူးကို ရရှိလာခဲ့တယ်။ သူ့လက်ထဲမှာလည်း အသင်းကိုဟန်မပျက်ကိုင်တွယ်နိုင်ခဲ့
ပေမယ့် သူခံစားနေရတဲ့ ကင်ဆာဝေဒနာ ဟာ သူနဲ့ ဘာစီလိုနာကြား လမ်းခွဲဖို့ ဖြစ်လာခဲ့တယ်လို့
ပြောနိုင်တယ်။

ပြီးခဲ့တဲ့ရာသီကုန်ချိန်ကတည်းက ဘာစီလိုနာရဲ့ ဂန္ထဝင်နည်းပြနဲ့ ကစား သမားကြီးဖြစ်တဲ့ ယိုဟန်
ခရိုက်ဖ်က ဗီလာနိုဗာကို ဘာစီလိုနာနည်းပြရာထူး မှ နုတ်ထွက်ပြီးကိုယ့် ကျန်းမာရေးကိုပဲ ကိုယ်
ဂရုစိုက်သင့်ကြောင်း တိုက်တွန်း သတိပေးစကားပြောခဲ့ပေမယ့်လည်း ဗီလာနိုဗာဟာ ဘာစီလိုနာ
မှာ ဆက်ရှိနေခဲ့တယ်။

သူနဲ့ ဘာစီလိုနာရဲ့ ဒုတိယ ရာသီတစ်ခုကို မြင်ရဦးမယ်လို့ အားလုံး က ထင်နေကြတဲ့အချိန်ရောက်
မှ သူ့ ကျန်းမာရေးအခြေအနေက ဆေးကုသ ဖို့ ပိုပြီးလိုအပ်လာခဲ့လို့ နောက်ဆုံး တော့ ဗီလာနိုဗာ
ဟာ သူ့ကျန်းမာရေး အတွက် သူချစ်တဲ့ဘာစီလိုနာကို ခွဲခွာ ဖို့ ဆုံးဖြတ်ချက်ချခဲ့ရပါတယ်။

ဒါဟာ ဘာစီလိုနာအတွက်တော့ ရာသီစခါနီးအချိန်မှာ အဓိက ထိုးနှက်မှု တစ်ခုကို ကြံုလိုက်ရ
သလိုပါပဲ။ ဘာစီ လိုနာဟာ ဈေးကွက်ထဲမှာ ကစားသမား သစ်ခေါ်ယူဖို့အတွက် အဓိကလှုပ်ရှား
ရမယ့်အချိန်မျိုးမှာ ဗီလာနိုဗာ ထွက် သွားတဲ့အတွက်ကြောင့် အခုဆိုရင် ကစားသမားသစ်ခေါ်ရေး
ထက် နည်းပြ တစ်ယောက်ရဖို့ကို ကြိုးကြိုးစားစား ရှာဖွေရတော့မယ့် အချိန်မျိုးနဲ့ကြံုသွား ခဲ့ရ
တယ်။


 

လက်ရှိအချိန်မှာ ဈေးကွက်အတွင်း နည်းပြကောင်းတွေကလည်း တော်တော် ရှားသွားပါပြီ။
နာမည်ရှိတဲ့နည်းပြ အများစုဟာ သူ့အသင်းနဲ့ သူ အဆင်ပြေ အထိုင်ကျတဲ့အချိန်မျိုး ရောက်နေ
ကြလို့ ဘာစီလိုနာအတွက်လည်း အသင်းနဲ့ အံ့ဝင်အဆင်ပြေမယ့် နည်းပြ တစ်ယောက်ကို ရာသီ
မစမီမှာ အရခေါ် ဖို့ဆိုတာ သိပ်မလွယ်လှပါဘူး။

ဗီလာနိုဗာ

ဒါကြောင့် လည်း ဘာစီလိုနာအတွက်တော့ နည်းပြ ကောင်းရရေး ခေါင်းကိုက်ရတော့မယ်ထင်ပါ
တယ်။ ပြီးခဲ့တဲ့ရာသီက ဗီလာနိုဗာ ကျန်းမာရေးမကောင်းလို့ နားနေရ ချိန်မှာ ယော်ဒီရူရာကို ယာ
ယီနည်းပြ အဖြစ် တာဝန်ပေးခဲ့ပေမယ့် ဘာစီလိုနာ ရဲ့အနေအထားဟာ ရူရာရဲ့အတွေ့ အကြံု
လောက်နဲ့တော့ ဂွာဒီယိုလာ လက်ထက်အောင်မြင်မှုမျိုးကို မျှော်လင့် နိုင်ဖို့မလွယ်ပါဘူး။

ဒါ့ပြင် နောင်လာမယ့် နည်းပြဟာ ဘာစီလိုနာရဲ့ လက်ရှိ အသားကျနေတဲ့ ကစားကွက်ပုံစံမျိုးမှာ
လိုက်ပါစီးမြောနိုင်ဖို့ကလည်း လိုအပ်နေပါသေးတယ်။ ဒါဟာ ဘာစီလိုနာ အတွက် နည်းပြသစ်ကို
ရှာဖွေရာမှာ အရေးပါတဲ့အချက်တစ်ချက် ဖြစ်လာ ခဲ့တယ်။ လက်ရှိ ဘာစီလိုနာလိုချင်နေတဲ့
ရေပန်းစားသူ နည်းပြများစာရင်းမှာ ပါနေခဲ့တဲ့ တော့တင်ဟမ်နည်းပြ ဘိုအာ့စ်၊ အိုင်းယက်စ်နည်းပြ
ဒီဘိုးတို့ ကလည်း သူတို့အသင်းတွေနဲ့ အထိုင်ကျ အဆင်ပြေနေတဲ့ အချိန်ဖြစ်နေတဲ့ အပြင် အသင်း
လိုက် အသားကျနေ ပြီး အောင်မြင်မှုရနေတဲ့ ဘာစီလိုနာလို အသင်းမျိုးကို အလွယ်တကူ လက်ခံ
နိုင်ဖို့ဆိုတာ သူတို့ရဲ့အတွေ့ အကြံုတွေ အရ သိပ်မလွယ်လှပါဘူး။

ဘာစီလိုနာ ကစားသမားဟောင်းဖြစ်တဲ့ ရော်နယ်ကိုးမန်းကလည်း ဘာစီလိုနာရဲ့နည်းပြ ရာထူးကို
ငြင်းပယ်ထားတဲ့အပြင် နည်းပြ ဘဝက အနားယူထားပြီဆိုတဲ့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ယပ်
ဟေးနက်စ် ရဲ့ ဘာစီလိုနာသတင်းတွေကိုလည်း ကာယကံရှင်ကိုယ်တိုင်က ငြင်းဆိုထား ခဲ့ပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ တော့ ဘာစီလိုနာအသင်းဟာ အသင်း နဲ့ အံအဝင်ဆုံးဖြစ်နိုင်တဲ့
အရင်ကစား သမားဟောင်း လူးဝစ္စအန်းနရစ်ဘက် ကိုပဲ အဓိကအာရုံစိုက်ထားရမလိုဖြစ် နေပါ
တယ်။ အင်းနရစ်ဟာ ဘာစီလိုနာကစား သမားဟောင်းတစ်ဦးဖြစ်ခဲ့တဲ့အပြင် ဘာစီလိုနာဘီအ
သင်းရဲ့ နည်းပြဟောင်း တစ်ဦးလည်းဖြစ်ခဲ့လို့ ဘာစီလိုနာနဲ့ရင်းနှီးပြီးသားသူတစ်ယောက်ပါပဲ။

သူ့ကို ပရိသတ်တွေကလည်း လက်ခံ ကြိုဆိုမှုတွေရှိနေလို့ သူဟာ ဘာစီ လိုနာအတွက် အဖြစ်နိုင်
ဆုံးနည်းပြတစ်ယောက်လို့ အခုအချိန်မှာတော့ ယူဆထားလို့ရတယ်။ ဒါပေမဲ့ ခက်တာက အင်းန
ရစ်ဟာ လက်ရှိအချိန်မှာ ဆယ်လ်တာဗီဂိုအသင်းနည်းပြတာဝန်ကိုယူထားတာ လပိုင်းပဲရှိပါသေး
တယ်။

ဒါဟာ ဘာစီလိုနာအတွက် အင်းနရစ် ကို ခေါ်ယူရာမှာ ကျော်ဖြတ်ရမယ့် အတားအဆီးတစ်ခု ဖြစ်
လာနိုင်ပါ တယ်။ အင်းနရစ်ကို ခေါ်ချင်ရင် ဆယ်လ်တာဗီဂိုအသင်းကို အနည်းဆုံး ပေါင်နှစ်သန်း
ကျော်လောက် လျော် ကြေးပေးရမှာဖြစ်ပြီး ဒီငွေဟာ ဘာစီ လိုနာအတွက်မပြောပလောက်ပေမယ့်
ဆယ်လ်တာဗီဂိုအသင်းဘက်ကလည်း သူတို့ရဲ့နည်းပြကို လွယ်လွယ်နဲ့ လက်လွှတ်ပါ့မလားဆို
တာ စဉ်းစားစရာကောင်းလှပါတယ်။

ဘာစီလိုနာပရိသတ် အများစုက တော့ ဘာစီလိုနာကသာ တကယ် လှုပ်ရှားခဲ့မယ်ဆိုရင် အင်းန
ရစ်ဟာ ဘာစီလိုနာနည်းပြတာဝန်ကိုယူဖို့ လုံးဝငြင်းဆန်မယ့်သူမျိုးမဟုတ်ဘူး လို့ ယုံကြည်နေကြ
တယ်။ တကယ်လည်း အင်းနရစ်နဲ့ ဘာစီလိုနာဟာ အကိုက်ညီ ဆုံးလို့ ပြောနိုင်ပါတယ်။ ဘာစီလို
နာရဲ့ အရင်းနှီးဆုံးဖြစ်တဲ့ အင်းနရစ်ဟာ ဘာစီလိုနာအသင်းရဲ့ ဒဿနတွေကို လည်း အကျွမ်းတ
၀င် ရှိပြီးသားဖြစ်လို့ သူ့အတွက် ထူးခြားတဲ့ ပေးဆပ်မှုမျိုး ဘာစီလိုနာမှာ လုပ်စရာမလိုပါဘူး။

ဘာစီလိုနာဘီအသင်းကို ၂၀၁၁ဪ၁၂ ဘောလုံးရာသီအထိ ကိုင်တွယ်ခဲ့ပြီးမှ ရိုးမားကိုပြောင်း
သွားခဲ့တဲ့ အင်းနရစ် ဟာ အီတလီဘောလုံးလောကမှာတော့ မအောင်မြင်ခဲ့ပါဘူး။ ဘာစီလိုနာကို
သာ သူတကယ်ကိုင်တွယ်ခွင့်ရခဲ့ရင် အသင်းအတွက် အကောင်းဆုံး အထောက်အပံ့ဖြစ်လိမ့်မယ်
လို့လည်း ထင်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘာစီလိုနာအတွက် ဂွာဒီယိုလာ ဖောက်ခဲ့တဲ့လမ်း
ကို ဟန်မပျက် ဆက် လျှောက်နိုင်ဖို့က အင်းနရစ်ကလွဲလို့ တခြားလူ မမြင်မိသေးပါဘူး။



ဖတ်ရှုမှုအများဆုံး