ဂျီစတက် (ဆွစ်ဇာလန်) - ရော်ဂျာဖက်ဒါရာက သူ၏ရက်ကက် အသစ်ကို စမ်းသည့်အနေဖြင့်
ယခု သီတင်းပတ် တွင် ဆွစ်ဇာလန်၌ ကျင်းပမည့် ဆွစ်အိုးပင်း၌ ၀င်ပြိုင်လျက် ယူအက်စ် အိုးပင်း
ကို ၀င်ပြိုင်မပြိုင်ကိုကား နောက် မှဆုံးဖြတ်မည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ပြောကြားလိုက်
သည်။
ဖက်ဒါးရားသည် ယှသ်ပြိုင်ဘက်မရှိ သေးဘဲ ပြိုင်ဘက်ကို စောင့်နေခွင့်ရ၍ အဖွင့်ပွဲစဉ်အဖြစ် ကြာ
သပတေးနေ့ တွင်မှ ကစားရမည်ဖြစ်ပြီး ဂျာမနီမှ ဒန်နီယဲလ်ဘရန်းနျင့်သော်လည်း ကောင်း၊
တာကိုချီယူဒင်နယ်လီနျင့် သော်လည်းကောင်း တွေ့မည်ဖြစ်သည်။ ဖက်ဒါရာ၏ ရက်ကက်
အသစ်သည် ယခင်ရက်ကက်ထက် ပိုကြီးသော ရက်ကက်ဖြစ်ပြီး ၉၈ စတုရန်းလက်မ ရှိသည်။
လွန်ခဲ့သော သီတင်းပတ်တုန်း က ဟမ်းဘာ့ဂ်မြို့တွင် ထိုရက်ကက်ဖြင့် စမ်းရိုက်ခဲ့ရာ အကြိုဗိုလ်
လုပွဲအထိ တက်ခဲ့ပြီး ဗိုလ်လုပွဲတွင်မှ ကမ္ဘာ့အဆင့် ၁၁၄ ရှိသူ အာဂျင်တီးနားလူမျိုး ဖက်ဒါ ရီကို
ဒဲလ်ဘိုနစ္စနှင့်တွေ့ကာ ရှုံးနိမ့်ခဲ့ သည်။
(အေအက်ဖ်ပီ)














