ဖီဖာက ကင်မရွန်းအား နိုင်ငံတကာ ပွဲများမှ ပိတ်ပင်ထားခြင်းကို ရုပ်သိမ်း

ဖီဖာက ကင်မရွန်းအား နိုင်ငံတကာ ပွဲများမှ ပိတ်ပင်ထားခြင်းကို ရုပ်သိမ်း

ဂျနီဗာ - ကင်မရွန်းဘောလုံးအဖွဲ့ချုပ် သည် ဘောလုံးအဖွဲ့ချုပ်၏ လုပ်ပိုင်ခွင့် များတွင်
အစိုးရကဝင်ရောက်စွက်ဖက် ခြင်းကို ဖြေရှင်းဆောင်ရွက်ခဲ့ပြီဖြစ်၍ ယင်းအား နိုင်ငံတကာပြိုင်ပွဲ
များတွင်ပါ၀င်ယှဉ်ပြိုင်ခြင်းမှ ရပ်ဆိုင်းထားခြင်း ကို ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း ဖီဖာ က
တနင်္လာနေ့တွင် ကြေညာသည်။

ယင်း၏ ကြေညာချက်တွင် ကင်မရွန်း နိုင်ငံ၏ ဘောလုံးအဖွဲ့ချုပ်သည် 'ယခင်က ချမှတ်ထားသော
စည်းကမ်းချက်များ' အတိုင်း လိုက်နာခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ယခုလ စောစောပိုင်းက
ဖီဖာသည် ကင်မရွန်း ဘောလုံးအဖွဲ့ချုပ် ကိစ္စများ တွင် အစိုးရက ပါ၀င်စွတ်ဖက်သည် ဆိုကာ ကင်
မရွန်းအား နိုင်ငံတကာ ပြိုင်ပွဲများမှ ပိတ်ပင်ထားခဲ့သည်။

ဖီဖာ၏ စည်းမျဉ်းများအရ နိုင်ငံများ ၏ ဘောလုံးအဖွဲ့ချုပ်များသည် မိမိတို့ ဘောလုံးအားကစား
ရေးရာ ကိစ္စများ သည် အစိုးရ၏ ထိန်းချုပ်မှုမှ ကင်းရှင်း ရန်လိုအပ်သည်။ ဤသို့ ရုပ်သိမ်းပေးလိုက်
သဖြင့် ကင်မရွန်းသည် စက်တင်ဘာတွင် ကင်မရွန်းမြိုကတော် ယာအွန်ဒေး၌ ကျင်းပမည့် ၂၀၁၄
ကမ္ဘာ့ဖလား ခြေစစ် ပွဲ၌ ပါ၀င်ယှဉ်ပြိုင်ခွင့် ရတော့မည် ဖြစ်သည်။

(အေအက်ဖ်ပီ) 



ဖတ်ရှုမှုအများဆုံး