ရာသီအသစ်မှာ ဘိုင်ယန်နဲ့ ဒေါ့မွန်ပဲ ယှဉ်ပြိုင်ရမယ့် အပြောင်းအရွှေ့

ရာသီအသစ်မှာ ဘိုင်ယန်နဲ့ ဒေါ့မွန်ပဲ ယှဉ်ပြိုင်ရမယ့် အပြောင်းအရွှေ့

ဂျာမန်ဘွန်ဒက်စ်လီဂါရဲ့ အပြောင်းအရွှေ့ တွေဟာ ဘိုင်ယန်မြူးနစ်နဲ
ဒေါ့မွန်ကိုပဲ ဗဟိုပြုပြီးလှုပ်ရှားနေတာကို တွေ့ရပါ တယ်။ လာမယ့်ရာသီသစ်မှာလည်း ဒီနှစ်သင်းပဲ
အကြိတ်အနယ်ရင်ဆိုင်ရ လိမ့်မယ်လို့ အခုလောလောဆယ် အနေအထားအရ ထွက်ဆကြည့်လို့
ရနေပါတယ်။

အခြေအနေ၊ အပြောင်းအလဲဆိုတာတွေဟာ ရုတ်ခြည်းဖြစ် ပေါ်တတ်တာမို့ ဒီခန့်မှန်းချက်ဟာ
လည်း လွဲကောင်းလွဲသွားနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိရှိနေတဲ့ အနေအထား အရ ဘွန်ဒက်စ်လီဂါ
ရဲ့ အပြောင်းအရွှေ့ တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဘွန်ဒက်စ်လီဂါမှာ ဘိုင်ယန်မြူးနစ် ဟာအခုအချိန်ထိ ယူရို ၆၂ သန်း သုံးစွဲ ခဲ့ပြီးဖြစ်ပါတယ်။ သူတို့
ဟာ စပိန်ယူ ၂၁ မှာ ကျော်ကြားခဲ့တဲ့ ကွင်းလယ်လူ သုံးဦးထဲက တစ်ဦးဖြစ်တဲ့ အယ်လ်ကန်
တာရာကို ဘာစီလိုနာကနေ ပြောင်းရွှေ့ ကြေး ပေါင် ၂၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ ပါတယ်။ ဒါဟာ အင်
မတန် ကောင်းမွန် တဲ့ အပြောင်းအရွှေ့ တစ်ခုဖြစ်ပြီး ဂွာဒီယိုလာအနေနဲ့ သူ့တပည့်ကို သူ့ဆီခေါ်နိုင်
ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဒါ့ပြင် သူတို့ဟာ သိနှင့်ပြီးဖြစ်တဲ့ ဒေါ့မွန် ကွင်းလယ်လူ မာရီယိုဂေါ့ဇီကို ပြောင်း ရွှေ့ကြေး ယူရို ၃၇
သန်း သုံးပြီးခေါ်ယူ နိုင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ရှိနှင့်ပြီးသား ဘိုင်ယန် လူစာရင်း
ထဲကို ထပ်ပေါင်းထည့်လိုက် တဲ့သူတွေက ဘိုင်ယန်ကို အားကောင်း မောင်းသန်ဖြစ်စေနိုင်မယ်လို့
ယူဆရပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ မိန့်ဇ်နောက်ခံ လူ ယန်ကစ်ချ်ဟော့ဖ်ကိုလည်း ပြောင်း ရွှေ့ကြေးအလွတ်နဲ့
ခေါ်ယူခဲ့နိုင်တာ ဖြစ်လို့ နောက်တန်းနဲ့ အလယ်တန်းကို အားဖြည့်ထားတာ တွေ့ရမှာဖြစ်ပါ တယ်။
ဒါကြောင့် ဂွာဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်ဟာ ရာသီအသစ်မှာ တိုက်စစ်မှူး သက်သက်မထားဘဲ
(၄- ၆- ၀) ကစား ဟန်နဲ့ ကစား လေ မ လား ဆိုတာ တွေးကြည့်နိုင်ပါတယ်။

ဘိုင်ယန်အနေနဲ့ ရာသီအကြို ခြေစမ်း ပွဲတွေမှာ အောင်မြင်မှု တွေ ရရှိနေခြင်းက သူတို့ရဲ့
လုံလောက် တဲ့ အင်အားတစ်ရပ်ကိုဖော်ပြနေခြင်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ အတူလိုက်ပြိုင်ပြီး
အင်အားဖြည့်တင်းနိုင်တာက ဒေါ့မွန် အသင်းဖြစ်ပါတယ်။ ဒေါ့မွန်ဟာ ယူရို သန်း ၅၀ အသုံးပြုခဲ့
တယ်လို့ သိရပါ တယ်။

သူတို့ဟာ ရှက်တာဒိုးနက်စ်က အာမေးနီးယားနောက်ခံလူ မစ်ခေးတီယန်ကို ပြောင်းရွှေ့ကြေး
ယူရို ၂၇ ဒသမ ၅ သန်း၊ စိန့်အက်တီယန်က ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်ကို ပြောင်းရွှေ့ကြေး
ယူရို ၁၃ သန်း၊ ဂိုးသမားတစ်ဦးဖြစ်တဲ့ ရောမီဆီအက်ဆိန်း ကလပ်က ဗါန်မန်းကို ပြောင်းရွှေ့
ကြေးအလွတ်၊ ဂရိနောက်ခံလူတစ်ဦးဖြစ်တဲ့ ပါပက်စတိုပူးလော့စ်ကို ၀ါဒါဘရီမင်ကနေ ပြောင်း
ရွှေ့ကြေး ယူရို ၉ ဒသမ ၅ သန်းနဲ့ ခေါ်ယူထားတာ တွေ့ရပါလိမ့်မယ်။

ဒေါ့မွန်နည်းပြ ဂျာဂင်ကလော့စ် ကတော့ အခုခေါ်ယူထားတဲ့ ကစား သမား အသစ်တွေရဲ့ စွမ်း
ဆောင်ရည် ကို နျစ်ခြိုက်နေပြီး ရာသီအသစ်မှာ ဘိုင်ယန်မြူးနစ်ဆီက ဖလားကို ပြန်လု ယူနိုင်
တယ်လို့ သူကဆိုပါတယ်။

တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ လီဝန်ဒိုး စကီးကိုလည်း ဘိုင်ယန်လက်ထဲ ပါမသွားအောင် စည်းရုံးနိုင်ခဲ့
ပြီးဖြစ်လို့ ဒေ့ါမွန်ရဲ့ အနေအထားက အရမ်းကို ကောင်းနေပါတယ်။ သူတို့ရဲ့ ဃနဥ အမှုဆောင်
အရာရှိချုပ် ပြောစကားအရ ဆိုရင်တော့ ဒေါ့မွန် ကစားသမားသစ်တစ်ယောက် ထပ်ခေါ်ပါဦးမယ်။

သူက ဘွန်ဒက်စ်လီဂါက မဟုတ်ဘူးလို့ ပြောဆိုထားလေတော့ ဘယ်လိဂ်က ဖြစ်လာ မလဲဆိုတာ
က စိတ် ၀င်စားစရာကောင်း တဲ့ သတင်းတစ်ပုဒ် ဆိုက်ရောက်လာဦး မယ်လို့ထင်ပါတယ်။ တခြား
အသင်းတွေ ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုကိုလည်း အကျဉ်းအားဖြင့် ဖော်ပြသွားပါမယ်။

အော့စ်ဘတ်အသင်းဟာ ယူရို သုညဒသမ ၂ သန်းသုံးပြီး အဲဒါ ဟာ အော့ဖ်ဘင်ဘတ်ချ်က တိုက်
စစ်မှူး မာသီးယပ်စ်ပက်ဆက်ချ်ကို ခေါ်ခဲ့ခြင်း ပါပဲ။ တစ်ချိန်က ချန်ပီယံလိဂ်ကိုတောင် စိုးမိုးနိုင်ခဲ့တဲ့
လေဗာကူဆင်အသင်းကတော့ ယူရို ၁၆ ဒသမ ၄ သန်း သုံးစွဲ ထားပါတယ်။

သူတို့ဟာ ဘက်ဆစ် တပ်၊ ဆီဗီလာ၊ ွှင်တာမီလန်၊ ဟမ်းဘတ်၊ ဏဗဥု ၊ ဒတ်ဆယ်လ်ဒေါ့ဖ် အစရှိတဲ့ အသင်းတွေကနေ ခေါ်ယူထားခြင်း ဖြစ်ပါတယ်။ နောက်ထပ် ငွေများများသုံးနိုင်တဲ့ အသင်းကတော့
ရှော်လ်ကေးအသင်းဖြစ်ပါတယ်။ သူတို့ဟာ ယူရို ၁၅ ဒသမ ၁ သန်းအထိ သုံးစွဲပြီး လူသစ် တွေနဲ့
အားဖြည့်ထားတာ တွေ့ရပါ တယ်။

ဘိုချန်က ကွင်းလယ်လူ လီယွန်ဂေါ်ရက်ဇာကို ယူရို ၃ ဒသမ ၃ သန်း၊ ဟမ်းဘတ် တိုက်စစ်မှူး
အဒမ်ဆာလီ ကို ယူရိုရှစ်သန်း၊ ကိုလုံးတိုက်စစ်မှူး ခရစ္စတီယန်ဆဲလ်မင်းကို ယူရို ၂ ဒသမ ၈ သန်း၊
ရြာဇီးလ် နောက်ခံလူတစ်ဦး ဖြစ်တဲ့ ဖီလစ်ပီဆန်တာနာကို ဒေါ့မွန် ကနေ ယူရို တစ်သန်းနဲ့ ခေါ်ယူ
ထားနိုင်တာ ဖြစ်ပါတယ်။

ခြံုငုံသုံးသပ်ချက်

အခုလာမယ့်ရာသီမှာ ဘွန်ဒက်စ် လီဂါဟာ ပိုပြီး အကြိတ်အနယ် ရှိလာပါ လိမ့်မယ်။ အပြောင်း
အရွှေ့ ဈေးကွက် မပိတ်သေးတဲ့အတွက်လည်း နောက်ထပ် ပြောင်းလဲမှုတွေထပ်ပြီး ဖြစ်လာနိုင်ပါ
သေးတယ်။ ချန်ပီယံ ဆုကို ဘိုင်ယန် မြူးနစ်နဲ့ ဒေါ့မွန် တို့သာ အဓိက လုရမှာဖြစ်ပြီး ချန်ပီယံလိဂ်
၀င်ခွင့်အတွက် တော့ လေဗာ ကူဆင်၊ ဗရှာ်လ်ကေးတို့ အဓိက အားပြိုင်ရမယ် လို့ ထင်ပါတယ်။

ဒါပေမဲ့လည်း ဘောလုံးဆိုတာ ဘာမှကြိုပြီး ခန့်မှန်း ဖို့မလွယ်တဲ့အတွက် ကြောင့် ကျန်တဲ့အသင်း
တွေကိုလည်း လျှော့ တွက်လို့ မဖြစ်နိုင်ပါဘူး။ စိတ်ဝင်စား စရာ အကောင်းဆုံးကတော့ စပိန်သား
နည်းပြ ဂွာဒီယိုလာ နည်းပြမယ့် ဘိုင်ယန် မြူးနစ်နဲ့ အသားကျနေပြီဖြစ်တဲ့ ဂျာဂင် ဂလော့စ်ရဲ့
ဒေါ့မွန်တို့ အားပြိုင်မှုအဖွဲ့ ဟာ ဘွန်ဒက်စ်လီဂါကို ကျန်တဲ့လိဂ် တွေထက် ပိုပြီးကြွတက်အောင်
လှုပ်ရှား ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေမိ ပါကြောင်း..။



ဖတ်ရှုမှုအများဆုံး