လင်တန်နှင့် လီချောင်ဝေတို့ ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲတွင် စောစောပင် ရင်ဆိုင်တွေ့

လင်တန်နှင့် လီချောင်ဝေတို့ ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲတွင် စောစောပင် ရင်ဆိုင်တွေ့

ဟောင်ကောင် တနင်္လာနေ့က ကမ္ဘာ့ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပွဲစဉ်များကို မဲနှိုက်ရာ
ကြက်တောင် အကျော်အမော်များဖြစ်ကြသည့် လင်တန်နျင့် လီချောင် ဝေတို့သည် ဆန့်ကျင်
ဘက်အသင်းများ တွင် တစ်ဖက်စီ ကျသွား၍ နျစ်ယောက် သား ပွဲကြီးပွဲကောင်း တွေ့ကြရတော့
မည်ဖြစ်သည်။

မလေးရှားမှ ကမ္ဘာ့အဆင့် နံပါတ်တစ် လီသည် သူ၏ပြိုင်ဘက် တရုတ်မှ လင်တုန်နျင့် စောစောပိုင်း
အကျော့ များတွင် တွေ့ရမည်ကို ကြောက်နေ ခဲ့သည်။ သို့ရာတွင် ကွမ်ကျိုးမြို့တွင် ကျင်းပ သည့်
မဲနှိုက်ပွဲတွင် လင်နှင့် လီတို့သည် တစ်ဖက်စီကျသွားခဲ့ရာ ဩဂုတ်လ ၁၁ ရက်တွင် ပြိုင်ရမည့် ဗိုလ်
လုပွဲတွင် ၎င်းတို့ချင်း တွေ့ခွင့်မရတော့မည့် သဘောဖြစ်သွားသည်။

လင်တန်သည် လီအား နောက်ဆုံး ယှဉ်ပြိုင်ခဲ့ရသည့် အိုလံပစ်ဗိုလ်လုပွဲ နှစ်ပွဲတွင်လည်းကောင်း၊
၂၀၁၁ ကမ္ဘာ့ ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် လည်း ကောင်း အနိုင်ရထားသည်။

(အေအက်ဖ်ပီ)



ဖတ်ရှုမှုအများဆုံး