နိုင်ငံ့စွမ်းဆောင်ရည်ဆုနဲ့ နိုင်ငံ့ဂုဏ်ဆောင်မြားပစ် အားကစားမယ် အောင်ငှိမ်း

နိုင်ငံ့စွမ်းဆောင်ရည်ဆုနဲ့ နိုင်ငံ့ဂုဏ်ဆောင်မြားပစ် အားကစားမယ် အောင်ငှိမ်း

ပြီးခဲ့တဲ့ ဆီးဂိမ်းမှာ ရွှေတံဆိပ်တွေ တသီကြီး ဆွှတ်ခူးလိုက်တဲ့ မြားပစ် အားကစားမယ် အောင်ငှိမ်း
သမ္မတ ရုံးက ပေးတဲ့ နိုင်ငံ့စွမ်းဆောင်ရည်ဆု ကို ဆွတ်ခူးခဲ့ပါတယ်။

နိုင်ငံ့စွမ်းဆောင် ရည် ဆုပေးပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က နေပြည်တော်မှာ ကျင်းပ ခဲ့ပြီး
ပထမဦးဆုံး အကြိမ်အဖြစ် ကျင်းပ ခြင်းလည်း ဖြစ်ပါတယ်။ နိုင်ငံ့ စွမ်းဆောင်ရည်ဆုအတွက် နယ်
ပယ်ကဏ္ဍ အသီးသီးက ထူးချွန်သူ ၁၂ ဦးကို ရွေးချယ်ချီးမြှင့်တဲ့အထဲမှာ မြန်မာ မြားပစ်မယ်
အောင်ငှိမ်းကတော့ အားကစားကဏ္ဍအတွက် ချီးမြှင့်ခံရ တာပါ။

ပဏာမ ရွေးချယ်ခံရတဲ့ အားကစားသမား ၁၆၈ ယောက်ထဲက မအောင်ငှိမ်းကို နိုင်ငံ့စွမ်းဆောင်
ရည် ဆုအတွက် ရွေးချယ်လိုက်တယ်လို့ ဆုပေးပွဲ မကျင်းပမီ အားကာက အောင်ငှိမ်းကို အသိပေး
ပြောကြား ပါတယ်။

မြားပစ်အားကစားမယ် မအောင်ငှိမ်းက အရှေ့တောင် အာရှနဲ့ အာရှ အားကစားပြိုင်ပွဲတွေကနေ
ဆုတံဆိပ်ပေါင်း ၅၂ ခုထိ ဆွတ်ခူးပြီး အခြားသော နိုင်ငံ့ ဂုဏ်ဆောင်ဆုတွေကိုလည်း ရရှိခဲ့သူပါ။
အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ အောင်ငှိမ်းဟာ အသက် ၁၇ နှစ် အရွယ်မှာ သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့
ချင်းပြည်နယ် မင်းတပ်မြို့ကနေ ရန်ကုန်ကို ဆင်းလာ ပြီး မြားပစ်အားကစားလောကထဲကို ခြေ
စုံပစ်ဝင်ရောက်ခဲ့တယ်။

၂၀၀၄ ခုနှစ် ဗီယက်နမ်မှာ ကျင်းပတဲ့ တတိယ အကြိမ် အာရှ ွမညေိ ဏမငထ ပြိုင်ပွဲမှာ
ငွေတံဆိပ်နှစ်ခု ဆွတ်ခူးပြီး ပထမဆုံး ဆုတံဆိပ်တွေကို ရရှိလိုက်တယ်။ လတ်တလော ပြိုင်ပွဲကြီး
ငယ်တွေမှာ အောင်ငှိမ်း ဆုတံဆိပ်တွေ အများကြီး ဆွတ်ခူးပြီး အောင်မြင်မှုတွေရနေ ပေမယ့် သူ့ရဲ့
မြားပစ်အားကစားသမား ဘဝက မလွယ်ကူခဲ့ပါဘူး။ "ကျွန်မ ၂၀၀၄ ခုနှစ်မှာ နိုင်ငံတကာပွဲ တွေ
စပြိုင်ပါတယ်။

၂၀၀၈ မှ ရွှေတံဆိပ် ဆုရတယ်။ အဲဒီလေးနှစ်တာကာလက ကျွန်မအတွက် အခက်ခဲဆုံး အချိန်
တွေ ပဲ။ မြားပစ် အားကစားကို စွန့်လွှတ်ပြီး တခြား အလုပ်တစ်ခုခုလုပ်တော့မလို့။ မိဘနဲ့ နည်းပြ
ဆရာတွေက အားပေး လို့သာ ဆက်လုပ်ဖြစ်တာ"ဟု အောင်ငှိမ်းက ပြောတယ်။

အဲဒီတုန်းကအောင်ငှိမ်းတစ်ယောက် ရီကဒ် Recurve အမျိုးအစား လေးတံ ကို အသုံးပြုပြီး
ပြိုင်ပွဲတွေမှာပါ၀င် ဆင်နွှဲနေတာ ဖြစ်တယ်။ Recurve  မြားပစ်အားကစားဟာ အလွန်ခက်ခဲ
တာကြောင့် နှစ်အတော်ကြာလာတော့ သူမ ဒီအားကစားကို စွန့်လွှတ်ဖို့ ပြောလာတယ်။

"အဲဒီအချိန်မှာ Compound ဆိုတဲ့ လေးတံသုံးတဲ့ မြားပစ် အားကစားနည်း တစ်မျိုးပေါ်လာပြီလို့
လူကြီးတွေက အားပေးတယ်။ Compound လေးတံ တွေ မြန်မာပြည်ကို ရောက်တော့မယ်၊
အဲဒီ အခါကျရင် Compound ပြောင်း ကစားကြည့်ပေါ့လို့ သူတို့တွေက ပြော တယ်"
Compound မြားပစ်အားကစားနည်းကို ကမ္ဘာကြီးက စတင် အသုံးပြု လာတဲ့ ၂၀၀၄ နှစ်စပိုင်းမှာ
အောင်ငှိမ်း Compound လေးတံကို စတင် လေ့ကျင့် တယ်။

သူမရဲ့ ခန္ဓာကိုယ် အချိုးအစားကို ကြည့်ပြီး ဒီအားကစားနည်းက သူမနဲ့ သင့်တော်တယ်လို့
ကိုရီးယား နည်းပြက မီးစိမ်းပြလိုက်တယ်။ အဲဒီမှာပဲ Compound အားကစားလောကမှာ
အောင်ငှိမ်း ရွှေတံဆိပ်တွေ ဆက်တိုက် ဆွတ်ခူးတော့တာပဲ။ သူရတဲ့ ဆုတံဆိပ် တွေက
ဆီးဂိမ်းထက်စာရင် အာရှ အလွတ်တန်းပြိုင်ပွဲနဲ့ အာရှ Grand Prix ပြိုင်ပွဲတွေက အများဆုံး
ရတယ် လို့ သူက ပြောတယ်။

အခုအချိန်မှာ အောင်ငှိမ်းဟာ မြန်မာ ပြည်မှာ ကျင်းပမယ့် (၂၇)ကြိမ်မြောက် အရှေ့တောင်
အာရှပြိုင်ပွဲအတွက် နေပြည်တော် Gold Camp မှာ စခန်းဝင်လေ့ကျင့်နေပြီဖြစ်တယ်။ တစ်ဖက်
တစ်လမ်းမှာလည်း စခန်းဝင် နေတဲ့ မြားပစ်အားကစားသမား ရောင်းရင်းတွေကို နည်းပေးလမ်းညွှန်
ပြသလျက်ရှိပါတယ်။



ဖတ်ရှုမှုအများဆုံး